ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့နယ်အတွင်းရှိ လက်ခတ်တောင်ဘုရားကုန်းနဲ့ လေးကေ့ကော်မြို့သစ်ကို ပြန်လည်ထိန်းချုပ်ပြီးနောက် နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ KK Park ကို ဝင်ရောက်စီးနင်းခဲ့တယ်လို့ အကြမ်းဖက်စစ်အုပ်စုက သူ့ရဲ့ ဝါဒဖြန့်မီဒီယာမှာ သတင်းထုတ်လာပါတယ်။

KK Park ကို ဝင်ရောက်စီးနင်းချိန်မှာ Star Link စလောင်း (၃၀)စုံနဲ့ ဆက်စပ်ပစ္စည်းတွေ သိမ်းမိခဲ့ပြီး ဆောက်လုပ်ပြီးအဆောက်အအုံ (၁)ထပ် တိုက် ၁၀ လုံး၊ (၂)ထပ်တိုက် ၁၀၀လုံး၊ (၄)ထပ်တိုက် ၂၀ လုံးနဲ့  (၅)ထပ်တိုက် ၂လုံး၊(၁)ထပ်တိုက် ဈေးဆိုင်ခန်း ၂၀လုံး၊ (၂)ထပ်တိုက် ဈေးဆိုင်ခန်း ၃၀လုံး၊ (၁)ထပ်တိုက် ဂိုထောင် ၁၅လုံး၊ (၂)ထပ်တိုက် ဂိုထောင် ၂၀လုံး၊ (၄)ထပ်တိုက်ဂိုထောင် ၁၀လုံး၊ ဆောက်လုပ်ဆဲ (၂)ထပ်တိုက် ၂၁လုံး၊ (၃)ထပ်တိုက် ၁၀လုံး၊ (၄)ထပ်တိုက် ၅လုံး၊ (၅)ထပ်တိုက် ၅လုံးနဲ့ (၁)ထပ်တိုက် ဆေးပေးခန်း ၂ခန်းတို့ကိုတွေ့ခဲ့ရတယ်လို့ စစ်အုပ်စု မီဒီယာတွေက ဆိုပါတယ်။

အဲ့ဒီအဆောက်အအုံတွေထဲကနေ အလုပ်သမား အမျိုးသား ၁၆၄၅ ယောက်၊ အမျိုးသမီး ၄၅၅ ယောက်နဲ့ လုံခြုံရေးအဖြစ် အမျိုးသား ၉၈ ယောက် စုစုပေါင်း ၂၁၉၈ ယောက် တို့ကို တွေ့ခဲ့ရတယ်လို့လည်း စစ်အုပ်စုက ပြောပါတယ်။

KK Park ဝန်းအတွင်းက အဆောက်အအုံတွေဆောက်လုပ်မှု၊ မြေပိုင်ဆိုင်မှုတွေနဲ့ပတ်သက်ပြီး တရားဝင်စာရွက်စာတမ်းမတွေ့တာကြောင့် တာဝန်ရှိသူတွေကို ဆင့်ခေါ်ပေမယ့် မလာတဲ့အတွက် အရေးယူမှုလုပ်သွားမယ်လို့ ဆိုပါတယ်။

KK Park ကို ဝင်ရောက်စီးနင်းကြောင်း စစ်အုပ်စု ဖော်ပြထားသည့် ပုံများ

KK Park ဟာ အရှေ့တောင်အာရှမှာ နာမည်ဆိုးနဲ့ကျော်ဇောသတင်းအထွက်ဆုံး ဆိုက်ဘာငွေလိမ်ခြံကြီးတွေထဲက တစ်ခုအဖြစ် ပါဝင်ပြီး မြန်မာစစ်အုပ်စုကွပ်ကဲမှုအောက်မှာရှိတဲ့ ကရင်နယ်ခြားစောင့်တပ်ဖွဲ့(BGF)နဲ့ ဆက်နွယ်နေတာ ဖြစ်ပါတယ်။

KK Park အပါအဝင် ကျားဖြန့်လုပ်ငန်းတွေကနေ စောချစ်သူ ခေါင်းဆောင်တဲ့ BGF တပ်ဖွဲ့ဟာ ဒေါ်လာကို ဘီလီယံနဲ့ချီပြီး အကျိုးအမြတ်တွေ ရရှိနေသလို ရရှိလာတဲ့အကျိုးအမြတ်ငွေတွေထဲက အချို့ကလည်း အကြမ်းဖက်စစ်အုပ်စုထံ တရားမဝင်ငွေကြေး စီးဆင်းနေတာတွေ ရှိနေပါတယ်။

ရွှေကုက္ကိုလ်နဲ့ KK Park လို နာမည်ဆိုးနဲ့ ကျော်ကြားပြီး ကမ္ဘာတစ်ဝှမ်းရှိ လူထုထံက ဒေါ်လာဘီလီယံပေါင်းများစွာ လိမ်လည်နေတယ်လို့ စွပ်စွဲခံထားရတဲ့ ရာဇဝတ်ဂိုဏ်းတွေရှိရာ အွန်လိုင်းငွေကြေးလိမ်လည်မှု (ကျားဖြန့်) အချက်အချာနေရာတွေမှာ အီလွန်မတ်စ် (Elon Musk) ရဲ့ Starlink ဂြိုလ်တုအင်တာနက်ကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနေတဲ့အပေါ် အမေရိကန်ကွန်ဂရက်ရဲ့ နှစ်ပါတီစလုံးပါဝင်တဲ့ ပူးတွဲကော်မတီတစ်ခုကလည်း တရားဝင် စုံစမ်းစစ်ဆေးမှု စတင်ပြုလုပ်နေပြီ ဖြစ်ပါတယ်။

KK Park ကို ဝင်ရောက်စီးနင်းကြောင်း စစ်အုပ်စု ဖော်ပြထားသည့် ပုံများ
KK Park ကို ဝင်ရောက်စီးနင်းကြောင်း စစ်အုပ်စု ဖော်ပြထားသည့် ပုံများ
0 Shares:
You May Also Like
Read More

မန္တလေးလူထုသပိတ်ခေါင်းဆောင် ကိုထက်မြတ်အောင် ဖမ်းဆီးခံရပြီး အသက်အန္တရာယ်စိုးရိမ်ရသည့် အခြေအနေဖြင့် အဆက်အသွယ်ပြတ်နေ

မန္တလေးလူထုသပိတ်ခေါင်းဆောင် ကိုထက်မြတ်အောင်ဟာ အကြမ်းဖက်စစ်တပ်ရဲ့ ဖမ်းဆီးခြင်းကို ခံခဲ့ရပြီးနောက် ဒီနေ့အချိန်ထိ အဆက်အသွယ် ပြတ်တောက်နေကာ အသက်အန္တရာယ်အတွက် လွန်စွာစိုးရိမ်နေရကြောင်း ရတနာပုံတက္ကသိုလ်ကျောင်းသားသမဂ္ဂ (ရ.တ.က.သ) က ထုတ်ပြန်ပါတယ်။
Read More

ဆောမြို့ပေါ် ၁၃ နှစ်အရွယ် မိန်းကလေးအား မုဒိမ်းကျင့် သတ်ကာ အလောင်းဖျောက်ခဲ့သူကို နယ်မြေခံတပ်ဖွဲ့ ဖမ်းဆီးထိန်းသိမ်းထား၊ သေဒဏ်ပေးရန် ပြည်သူများ ဆန္ဒပြနေ

မကွေးတိုင်း၊ ဆောမြို့ပေါ်မှာ အသက် ၁၃နှစ်အရွယ် မိန်းကလေးကို မုဒိမ်းကျင့်သတ်ဖြတ်ကာ အလောင်းဖျောက်ခဲ့တဲ့ တရားခံကို နယ်မြေခံ တော်လှန်ရေးတပ်ဖွဲ့တွေက ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ ယောအလင်းတန်းအဖွဲ့ထံက သိရပါတယ်။
Read More

စတီရီယိုခေတ်ဦးမှာ ကျော်ကြားထင်ရှားခဲ့တဲ့ တေးသံရှင် ဗစ်တာခင်ညို ကွယ်လွန်

နွေ၊ မြခွာညို၊ ဒီဇင်ဘာနံနက်ခင်း၊ စတဲ့ တေးသီချင်းတွေနဲ့အတူ စတီရီယိုခေတ်ဦးမှာ ထင်ရှားကျော်ကြားခဲ့တဲ့ တေးသံရှင် ဗစ်တာခင်ညို ဟာ စက်တင်ဘာ ၂၅ ရက် ဒီနေ့မှာ ကွယ်လွန်သွားတယ်လို့ မိသားစုဝင်တွေနဲ့ ညီဖြစ်သူ တေးသံရှင် တူးတူးတို့က အသိပေးထားပါတယ်။
Read More

အင်းတော်မြို့သိမ်းတိုက်ပွဲ အောင်ပွဲရ ရဲဘော်များကို ပြည်သူများ သောင်သောင်းဖျဖျ ကြိုဆို… (ဓာတ်ပုံသတင်း)

စစ်ကိုင်းတိုင်းအထက်ပိုင်း အင်းတော်မြို့သိမ်းတိုက်ပွဲနဲ့အတူ အောင်ပွဲရ ပြင်ဦးလွင်ခရိုင်၊ အမှတ် - ၅၀၉ - ၅၁၀ -၅၁၂၊ ပြင်ဦးလွင်ခရိုင်တပ်ရင်း ၁ - ၂ တို့မှ ပြည်သူ့တော်လှန်ရေးတပ်ဖွဲ့ဝင်တွေကို ပြည်သူများက သောင်းသောင်းဖျဖျ ဂုဏ်ပြုကြိုဆိုခဲ့တယ်လို့ အဆိုပါတပ်ရင်းက ဒီကနေ့ ထုတ်ပြန်ပါတယ်။
Read More

ပုသိမ်မှာ စစ်ကောင်စီလက်အောက်ခံ ရဲအချင်းချင်း ဓားနဲ့ထိုးလို့သေတဲ့ ဒုရဲမှူးကို ခိုးချောင်ခိုးဝှက် မီးသဂြိုလ်

ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ အမှတ် ၅ ရပ်ကွက်က SB ရုံးမှာ စက်တင်ဘာလ ၁၈ ရက်နေ့က ဓားထိုးခံရလို့သေဆုံးခဲ့တဲ့ အထူးစစ်ဆေးရေးအဖွဲ့ ဒုရဲမှူး အောင်ကိုမင်း ကို စက်တင်ဘာလ ၂၀ရက် ဒီနေ့မနက်ပိုင်းမှာ လူအသိမခံဘဲ ခိုးချောင်ခိုးဝှက် သဂြိုလ်ခဲ့ကြောင်း ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတွေထံက သိရပါတယ်။
Read More

ဧရာဝတီတိုင်းနဲ့ ထိစပ်နေတဲ့ ဂွမြို့တစ်ခုလုံးကို AA စတင်သိမ်းပိုက်ထိန်းချုပ်

ရခိုင်ပြည်နယ် ဂွမြို့က စစ်ကောင်စီတပ်ရဲ့ နောက်ဆုံးလက်ကျန် တပ်စခန်း နှစ်ခုကို သိမ်းပိုက်လိုက်ကာ ဂွမြို့တစ်ခုလုံးကို သိမ်းပိုက်ထိန်းချုပ်ထားနိုင်ပြီလို့ AA ရဲ့ စစ်ရေးသတင်းရင်းမြစ်တွေထံက သိရပါတယ်။