“အားလုံးပူးပေါင်းပြီးတော့ တော်လှန်ရေးကို တိုက်ထုတ်မှ ရမယ် ၊ တစ်ဖွဲ့တည်း တိုက်လို့မရဘူး တစ်စုတည်း တိုက်လို့မရဘူး။  တစ်ရင်းတည်း တိုက်လို့မရဘူး ။ တစ်မြို့နယ်တည်း တိုက်လို့မရဘူး။  တစ်ဖွဲ့တည်းတောင် တိုက်လို့ရတယ်၊ တစ်ဖွဲ့တည်း သေသွားပါလိမ့်မယ်။ အဲဒီတော့ ငါတို့သည် တော်လှန်ရေး အမြန်ဆုံး ပြီးမြောက်အောင်မြင်ဖို့ဆိုရင် ဒီ့ထက်မက တပ်ပေါင်းစု ရပါမယ်။ တပ်တွေ အများကြီးပေါင်းစုပြီးတော့ စစ်အာဏာရှင်ကို တိုက်ထုတ်မှရမယ်” ဟု Union Liberation Front အဖွဲ့မှ တာဝန်ရှိသူက ကျဆုံးသွားတဲ့ စစ်ကြောင်းမှူးကိုနိုင်မင်းရဲ့  လလည်မှာ ပြောကြားခဲ့တာပါ။

စစ်အာဏာရှင်ကို တိုက်ထုတ်ရန်ကြိုးစားရာမှာ  ရဲဘော်အများအပြား ပေးဆပ်ခဲ့ရပြီး ဖြစ်တဲ့အတွက်  ရဲဘော်များအနေနဲ့ ခံယူချက်ပျောက်၍ မရကြောင်း၊ ခံယူချက်ဖြင့်သာ တော်လှန်ရေးကို ရှေ့ဆက်သွားရမှာဖြစ်တယ်လို့ ဆိုပါတယ်။

တပ်ပေါင်းစုဖွဲ့နိုင်ရန်အတွက် ယခင်လို မာနခံနေရင် အတ္တကြီးနေရင် မရကြောင်း၊ တပ်ပေါင်းစုဆိုသည်မှာ လွယ်လွယ်နှင့် ပေါင်းစပ်၍ မရသော်လည်း စစ်အာဏာရှင်စနစ်အမြစ်ဖြတ်ဖို့ တပ်ပေါင်းစုမှသာ ဖြစ်နိုင်မည်ဖြစ်ကြောင်း Union Liberation Front တာဝန်ရှိသူက ဆိုပါတယ်။

Video-Union Liberation Front – ULF V 02

0 Shares:
You May Also Like
Read More

မြိုင်မြို့နယ် ညောင်ကုန်းကျေးရွာကို အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ ပေါင် ၅၀၀ ဗုံး ကြဲချတိုက်ခိုက်၊ ပြည်သူ ၂ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရ (ရုပ်/သံ)

မကွေးတိုင်း မြိုင်မြို့နယ်အနောက်ပိုင်း ညောင်ကုန်းကျေးရွာကို အကြမ်းဖက်စစ်တပ်က ပေါင် ၅၀၀ ဗုံး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့ရာ ပြည်သူ ၂ ဦး သေဆုံးပြီး ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ အညာမြေတပ်ပေါင်းစုမှ သတင်းထုတ်ပြန်ထားပါတယ်။
Read More

စစ်ကိုင်းတပ်မ ၃၃ ကနေ မုံရွာနမခဘက် ထွက်လာတဲ့ အကြမ်းဖက်စစ်တပ်ယာဉ်တန်းကို တိုက်ခိုက်မှု စစ်သား ၁ ယောက်သေ (ရုပ်/သံ)

စစ်ကိုင်းတိုင်းအတွင်းက အကြမ်းဖက်စစ်တပ် တပ်မ ၃၃ ကနေ မုံရွာမြို့ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) ကို အောက်တိုဘာ ၁၀ ရက်က ထွက်လာတဲ့ အကြမ်းဖက်စစ်တပ်သံပြာကာ ယာဉ် ၄ စီးကို တိုက်ခိုက်ခဲ့တယ်လို့ Brave Heart Army - BHA အဖွဲ့ထံက သိရပါတယ်။
Read More

သရက်ချောင်းမြို့နယ် လဘရွာအတွင်း နေအိမ်များ မီးရှို့နေသည့် အကြမ်းဖက်စစ်သားများကို တိုက်ခိုက် (ရုပ်/သံ)

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်၊ လဘရွာမှာ နေအိမ်တွေကို မီးရှို့နေတဲ့ အကြမ်းဖက်စစ်သားတွေကို တိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ထားဝယ်က မနေ့က သတင်းထုတ်ပြန်ပါတယ်။
Read More

ကန်ပိုက်တီးနယ်စပ်ဂိတ်နဲ့ ဌာနဆိုင်ရာတွေမှာ KIA အလံကိုလွှင့်ထူ (ရုပ်/သံ)

ကန်ပိုက်တီမြို့နဲ့ တရုတ်-မြန်မာ နယ်စပ် ချစ်ကြည်ရေး ဥမင်လှိုဏ်ခေါင်း အပါအဝင် ဌာနဆိုင်ရာတွေမှာ KIA က ကချင်အမျိုးသားအလံတော် ကိုလွှင့်တင်လိုက်ပြီး မြို့ကို အလုံးစုံ သိမ်းပိုက်ထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း ကချင်စစ်ရေး သတင်းအရင်းအမြစ်တွေမှာ ဖော်ပြလာပါတယ်။
Read More

မြို့သာရဲစခန်းမှ စစ်ကြောင်းထိုးလာသည့် အကြမ်းဖက်စစ်တပ်နှင့် တိုက်ပွဲဖြစ်ပြီး စစ်အုပ်စု အများအပြား ထိခိုက်သေဆုံးခဲ့သလို တော်လှန်ရေးရဲဘော် ၅ ဦး ကျဆုံးခဲ့ (ရုပ်/သံ)

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်အတွင်း အင်အား ၃၀ ခန့်နဲ့ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ် ကော်မရှင်တပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွားပြီး အကြမ်းဖက်စစ်သားအများအပြား ထိခိုက်မှုရှိခဲ့သလို တော်လှန်ရေးရဲဘော် ၅ ယောက် ကျဆုံးခဲ့ရတယ်လို့ နဂါးနီ ပြောက်ကျားတပ်ဖွဲ့ - မြင်းခြံ က ထုတ်ပြန်ထားပါတယ်။
Read More

မန္တလေးမြို့မှာ ဆိုင်ကယ်စီးနင်းလာသည့် အမျိုးသမီးကို ဓားကိုင်လူတစ်စု ဝိုင်းဝန်းလုယက် (ရုပ်/သံ)

မန္တလေးမြို့မှာ အမျိုးသမီး ၁ ယောက် စီးနင်းလာတဲ့ ဆိုင်ကယ်ကို ဓားရှည်ကိုင်ဆောင်ထားတဲ့ အမျိုးသားလူတစ်စုက ဝိုင်းဝန်းလုယက်ခဲ့တဲ့ ရုပ်သံဖိုင်တစ်ခု လူမှုကွန်ရက်မှာ ပျံ့နှံ့လာပါတယ်။