မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီရဲ့ စက်တပ်လေထီးနဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့်  ၄ ယောက် သေဆုံးပြီး ကလေးငယ်နဲ့ အမျိုးသမီး ၁ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်က မောင်းကိုပြောပါတယ်။

အောက်တိုဘာလ ၁၉ ရက် မနေ့မနက်ပိုင်းမှာ နွားထိုးကြီးမြို့နယ် အရှေ့မြောက်ဘက် ပဲချက်ကျေးရွာကို အကြမ်းဖက်စစ်ကော်မရှင်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စက်တပ်လေထီး ၃ စီးနဲ့ ဗုံးတွေကြဲချ တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကျေးရွာနေ အသက် ၅၀ ကျော်အရွယ် အမျိုးသားအမျိုးသမီးတွေအပါအဝင် ၄ ယောက် သေဆုံးခဲ့ပြီး အသက်မပြည့်သေးတဲ့ ကလေးငယ်နဲ့ အခြား ၁ ယောက်လည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်က ပြောပါတယ်။

“အဲ့ရွာက တိုက်ပွဲလည်းမရှိသလို PDF တွေ အထိုင်ချထားတာနဲ့လည်း မနီးပါဘူး။ စစ်ရေးပစ်မှတ်မဟုတ်ဘဲနဲ့ကို ချသွားတာပါ” လို့ ဒေသခံသတင်းရင်းမြစ်က မောင်းကို ပြောပါတယ်။ 

ပြီးခဲ့တဲ့ စက်တင်ဘာလကစလို့ နွားထိုးကြီးမြို့နယ်ထဲကို မလှိုင်မြို့နဲ့ မြင်းခြံမြို့ကနေ စစ်မျက်နှာ ၂ ခုနဲ့ အကြမ်းဖက်စစ်ကြောင်းတွေ ဝင်ရောက်နေပြီး ဒေသကာကွယ်ရေးတပ်တွေနဲ့ ထိတွေ့တိုက်ပွဲတွေရှိနေကာ အရပ်သားတွေလည်း ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရပါတယ်။

0 Shares:
You May Also Like
Read More

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ရဲ့ အပတ်စဉ် (၁၅) အခြေခံစစ်ပညာ သင်တန်းဆင်းပွဲ

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) (MDY-PDF) ရဲ့ အခြေခံစစ်ပညာသင်တန်း အပတ်စဉ်(၁၅) သင်တန်း မှတ်တမ်းပုံရိပ်တွေကို အဆိုပါတပ်ဖွဲ့က ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

အကြမ်းဖက်စစ်ကောင်စီအဖွဲ့ဝင် ဒေါက်တာမှုထန်၏ ပိုင်ဆိုင်မှုများကို CDF ထန်တလန် ချိတ်ပိတ်သိမ်းဆည်း

အကြမ်းဖက်စစ်ကောင်စီအဖွဲ့ဝင်ဖြစ်သူ ဒေါက်တာမှုထန်ရဲ့ CDF ထန်တလန် ထိန်းချုပ်နယ်မြေအတွင်း ပိုင်ဆိုင်ထားတဲ့ အိမ်၊ ခြံ၊ မြေပိုင်ဆိုင်မှုအားလုံးကို တော်လှန်ရေးကာလအတွင်း ပြည်သူလူထုကိုယ်စား အပြီးတိုင် သိမ်းဆည်းလိုက်မယ်လို့ CDF ထန်တလန်က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

အကြမ်းဖက်စစ်တပ်၏ တိုက်ခိုက်မှုအန္တရာယ်ကြားမှ ကော်သူးလေ အစိုးရစစ် စာမေးပွဲ ပြီးမြောက်အောင်မြင်ကြောင်း KNU ဗဟို ထုတ်ပြန်

ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ကရင်ပညာရေး နှင့် ကျန်းမာရေးဌာနက ပြုလုပ်ခဲ့တဲ့ (၁၂)တန်း ကော်သူးလေအစိုးရစစ် စာမေးပွဲ ပြီးမြောက် အောင်မြင်ခဲ့တယ်လို့ KNU ဗဟိုက ဒီနေ့ထုတ်ပြန်ပါတယ်။
Read More

ငလျင်မလှုပ်ခင် မိနစ်ပိုင်းအလို စက်တပ်လေထီး ဗုံးကြဲလို့ ထမင်းစားနားနေသည့် အမျိုးသမီး အလုပ်သမား ၃ ဦး သေဆုံး၊ ၇ ဦး  ဒဏ်ရာရ

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ကမ္မတိုက်နယ်မှာ အကြမ်းဖက်စစ်ကောင်စီက တိုင်းရင်းဆေးဝါးစက်ရုံကို အကြောင်းမဲ့ စက်တပ်လေထီး Paramotor နဲ့ ဗုံးကြဲတိုက်ခိုက်ရာ ထမင်းစားနားနေတဲ့ အမျိုးသမီးအလုပ်သမား ၃ ယောက် သေဆုံးကာ ၇ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
Read More

စစ်ကိုင်းငလျင်ကြီး ၅ လပြည့်ရန် ၃ ရက်အလိုတွင် မန္တလေး Sky Villa ကွန်ဒိုမှ ရုပ်အလောင်း ၇ လောင်း ထပ်မံတွေ့ရှိ

မန္တလေးတိုင်း၊ အောင်မြေသာစံမြို့နယ်မှာ စစ်ကိုင်းငလျင်ကြီး လှုပ်ခတ်ခဲ့မှုကြောင့် ပြိုကျပျက်စီးသွားတဲ့ Sky Villa ကွန်ဒိုကနေ ရုပ်အလောင်း ၇ လောင်း ထပ်မံတူးဖော်ရရှိခဲ့တယ်လို့ အကြမ်းဖက်စစ်ကော်မရှင်ရဲ့ မီးသတ်ဦးစီးဌာနက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ဧပြီလအတွင်း စစ်ကောင်စီတပ်ရဲ့ တိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၁၅ ဦး သေဆုံး… အတည်ပြုဖို့ လိုနေတဲ့ ၄၇ ဦးကို စာရင်းပြုစုဖို့ လုပ်ဆောင်နေဟု AAPP ဆို..

မြန်မာနိုင်ငံတစ်ဝန်း အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် ဧပြီလအတွင်း အရပ်သားပြည်သူ အမျိုးသမီး (၆) ယောက်နဲ့ အမျိုးသား (၉) ယောက် စုစုပေါင်း (၁၅) ယောက် သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က မနေ့က ထုတ်ပြန်ပါတယ်။