စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်မှာ အကြမ်းဖက်စစ်တပ်က ကျောက်ကုန်းကျေးရွာကို ဝင်ရောက်စီးနင်းပြီး အမျိုးသမီး၂ ယောက်ကို ဓားစာခံအဖြစ် ဖမ်းဆီးခဲ့သလို မြို့အနောက်ခြမ်းရှိ ရွာသာကြီးကျေးရွာကိုလည်း လေကြောင်းတိုက်ခိုက်မှုတွေဆက်လက်လုပ်ဆောင်နေကြောင်း ဒေသတွင်းသတင်းရင်းမြစ်တွေက ဖော်ပြပါတယ်။

အောက်တိုဘာလ ၁၉ရက် ဒီနေ့မနက်ပိုင်းမှာ စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်အရှေ့ဘက်ခြမ်း သလဲဘာပျူစောထီးကျေးရွာကနေ ထွက်ခွာလာတဲ့ အင်အား ၅၀ပါ အကြမ်းဖက်စစ်ကြောင်းဟာ မူးမြစ်ကိုကူးကာ ဝက်လက်မြို့နယ်၊ ကျောက်ကုန်းကျေးရွာအတွင်း သေနတ်ပစ်ဖောက်စီးနင်းခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ကျောက်ကုန်းရွာခံ အမျိုးသမီး ၂ယောက်ကိုလည်း ဓားစာခံအဖြစ်ဖမ်းဆီးထားကြောင်းနဲ့ စစ်ရှောင်နေရတဲ့ ကျောက်ကုန်းရွာနေ အရပ်သားပိုင်ပစ္စည်းတွေကိုလည်း သလဲဘာပျူစောထီးကျေးရွာကို ခိုးယူသယ်ထုတ်နေကြောင်း နွေဦးအောင်ပွဲ (တော်လှန်ရေးအင်အားစု) က ပြောပါတယ်။

စစ်အုပ်စုဟာ ကျောက်ကုန်းကျေးရွာကို ၃ကြိမ်မြောက် စစ်ကြောင်းဝင်ရောက်ခဲ့တာဖြစ်ပြီး နောက်ဆုံးအကြိမ် ဝင်ရောက်ချိန်တုန်းကလည်း ရွာခံအရပ်သား ၄ယောက်ကို ရက်ရက်စက်စက် သတ်ဖြတ်သွားခဲ့ပါတယ်။

တဆက်တည်းမှာပဲ အောက်တိုဘာလ ၁၉ရက်၊ ဒီနေ့ညနေပိုင်းမှာ ဝက်လက်မြို့နယ်အနောက်ခြမ်း၊ ရွာသာကြီးကျေးရွာကို မုံရွာနမခတက် ဂျိုင်ရိုကော်ပတာ ၃ စီးနဲ့ လေကြောင်းတိုက်ခိုက်မှုလုပ်ဆောင်ခဲ့ကြောင်း သိရပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၇ရက်နေ့ကစပြီး ရှိမ္မကားစစ်တပ်ကနေ ထွက်လာတဲ့ အင်အား၁၀၀ပါ အကြမ်းဖက်စစ်ကြောင်းဟာ ဝက်လက်မြို့နယ်အရှေ့ဘက်ခြမ်းကျေးရွာတွေကိုလည်း တစ်လနီးပါးကြာ စစ်ကြောင်းထိုးဝင်ရောက်ရင်း အင်ဒေါင်းရွာက အရပ်သား ၅၀နီးပါးကိုလည်း လူသားဒိုင်းအဖြစ် ဖမ်းဆီးခဲ့ပါတယ်။

အဆိုပါ စစ်ကြောင်းကြောင့် အင်ဒေါင်း၊ ငါးတိုက်တောင်၊ မအိုက်တောင်၊ မင်းကုန်းလေးနဲ့ ပုံအင်းတိုက်စတဲ့ကျေးရွာ ၅ရွာလောက်က အရပ်သားထောင်နဲ့ချီလည်း ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

ဒါ့အပြင် မြို့အနောက်ခြမ်း ရွာသာကြီးကျေးရွာဘက်မှာလည်း တော်လှန်ရေးတပ်တွေနဲ့ အကြမ်းဖက်စစ်အုပ်စုကြား ထိတွေ့မှုတွေရှိနေပြီး စစ်အုပ်စုက လေကြောင်းတိုက်ခိုက်မှုတွေ နေ့စဥ်ဆိုသလို လုပ်ဆောင်နေပါတယ်။

ဒါ့အပြင် ဝက်လက်မြို့နယ်အနောက်ခြမ်းက ရွာသာကြီး ကျေးရွာကိုလည်း စစ်အုပ်စုက လေကြောင်းအဆက်မပြတ် တိုက်ခိုက်နေတယ်လို့ သိရပါတယ်။

အောက်တိုဘာလ ၁၄ရက် နေ့လယ်ပိုင်းကလည်း ဝက်လက်မြို့နယ်၊ သမန်သာကျေးရွာ စာသင်ကျောင်းကို အကြမ်းဖက်စစ်တပ်က ပါရာမိုတာ (၂ )စီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် အရပ်သား၂ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

တိုက်ခိုက်မှုအတွင်း မပေါက်ကွဲသေးတဲ့ ဗုံးသီး(၁)လုံးကိုလည်း ရွှေဘိုခရိုင်တပ်ရင်း(၁)နဲ့ ဝက်လက်မြို့နယ်ပကဖ တို့ပူးပေါင်းရှင်းလင်းပေးခဲ့သေးတယ်လို့ နွေဦးအောင်ပွဲ တော်လှန်ရေးအင်အားစု တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

ဒါ့အပြင် အောက်တိုဘာ ၁၅ရက်နေ့နဲ့ ၁၆ရက်နေ့တွေမှာလည်း စစ်အုပ်စုက ရွာသာကြီးကျေးရွာကို ဂျိုင်ရိုကော်ပတာတွေ၊ ဂျက်ဖိုက်တာတွေနဲ့လေကြောင်းတိုက်ခိုက်ခဲ့ပါသေးတယ်။

0 Shares:
You May Also Like
Read More

ချောင်းဦးမြို့နယ် ကံဇီး ပျူစောထီးကျေးရွာကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်သိမ်းပိုက်ရရှိ၊ တိုက်ပွဲအတွင်း အကြမ်းဖက်စစ်သား ၁၅ ယောက်သေကာ စစ်သုံ့ပန်း ၃၀ ကျော်နဲ့ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိ

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ကံဇီးပျူစောထီးကျေးရွာကို တော်လှန်ရေးတပ်တွေက စက်တင်ဘာ ၁၉ ရက် မနက်ပိုင်းမှာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ မုံရွာခရိုင် အမှတ်(၅)တပ်ရင်း - Aung San Force -ASF က ထုတ်ပြန်ထားပါတယ်။
Read More

သမိုင်းဝင် ခြံအမှတ် (၅၄) ကို ထပ်မံစျေးလျှော့ပြီး လေလံပစ်ရန် တရားရုံး အမိန့်ချ

ရန်ကုန်မြို့၊ တက္ကသိုလ်ရိပ်သာလမ်းရှိ သမိုင်းဝင် ခြံအမှတ် (၅၄) ကို ထပ်မံ ဈေးလျှော့ကာ လေလံပစ်ဖို့ ကမာရွတ် တရားရုံးက ဆုံးဖြတ်လိုက်ပါတယ်။
Read More

ကလေး၀-မော်လိုက် လမ်းပိုင်းမှာ တိုက်ပွဲပြင်းထန်လာနိုင်လို့ ပြည်သူတွေ အသုံးမပြုဖို့ သတိပေး

ကလေး၀-မော်လိုက် လမ်းပိုင်းမှာ တိုက်ပွဲပြင်းထန်လာနိုင်တာကြောင့် အဆိုပါလမ်းပိုင်းကို အသုံးပြုသွားလာခြင်း မပြုလုပ်ကြဖို့ ကလေးခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။
Read More

NUG အစိုးရက ရေဘေးသင့် ပြည်သူတွေအတွက် အရေးပေါ် အကူအညီတွေ ဆက်လက် ထောက်ပံ့ပေးနေ…

အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်း စာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေး ဝန်ကြီးဌာနအနေနဲ့ ရာဂီတိုင်ဖွန်းမုန်တိုင်း အရှိန်ကြောင့် မြန်မာနိုင်ငံတစ်ဝှမ်း လတ်တလော ရင်ဆိုင်ကြုံတွေ့နေရတဲ့ ရေကြီးရေလျှံဒေသတွေကို ကူညီကယ်ဆယ်ရေးနဲ့ ဒေသခံပြည်သူတွေကို ရေဘေးလွတ်ရာ ရွေ့ပြောင်းရေးနဲ အရေးပေါ်စားနပ်ရိက္ခာပံ့ပိုးတဲ့ လုပ်ငန်းတွေကို မြို့နယ်တာဝန်ခံတွေကတဆင့် ချိတ်ဆက်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
Read More

စဉ့်ကူးတွင် စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် ကြံ့ခိုင်ရေးရုံး ထိမှန်ပျက်စီး 

စစ်ကိုင်းတိုင်း၊ စဉ့်ကူးမြို့နယ်မှာ စစ်ကောင်စီရဲ့ လေကြောင်း တိုက်ခိုက်မှုကြောင့် ကြံ့ခိုင်ရေးပါတီ ရုံးအဆောက်အဦး ထိမှန်ပျက်စီးခဲ့တယ်လို့ ပြင်ဦးလွင်ခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့က  သတင်းထုတ်ပြန်ထားပါတယ်။ 
Read More

တီးတိန်မြို့မှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ယောက် လက်နက် ၁ လက်နဲ့ အလင်းဝင်လာ… (ဓာတ်ပုံသတင်း)

ချင်းပြည်နယ်၊ တီးတိန်မြို့မှာ စစ်ကောင်စီရဲ့ လက်အောက် တာဝန်ထမ်းဆောင်နေတဲ့ စစ်သား ၂ ယောက်နဲ့ ရဲ ၂ ယောက် အလင်းဝင်လာတယ်လို့ CDF - CDM - Siyin က ဒီနေ့ ထုတ်ပြန်ထားပါတယ်။