ကချင်လွတ်လပ်ရေးအဖွဲ့ (KIO/ KIA) ဌာနချုပ်တည်ရှိရာ လိုင်ဇာမြို့ကို အကြမ်းဖက်စစ်အုပ်စုက အသေခံဒရုန်းနဲ့ တိုက်ခိုက်ခဲ့ရာ တရုတ် အကြင်လင်မယား နှစ်ယောက် ဒဏ်ရာရခဲ့တယ်လို့ KIO/ KIA သတင်းပြန်ကြားရေးဌာနတစ်ခုဖြစ်တဲ့ Laiza TV က အောက်တိုဘာ ၁၈ ရက် မနေ့က ညပိုင်းမှာ သတင်းဖော်ပြပါတယ်။

အောက်တိုဘာ ၁၆ ရက် ည ၁၁နာရီကျော်က လိုင်ဇာမြိုကို အကြမ်းဖက်စစ်တပ်က အသေခံ ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

စစ်အုပ်စုရဲ့ တိုက်ခိုက်မှုကြောင့် လိုင်ဇာမြို့စည်ပင်သာယာစျေးတန်းက ဟင်းသီးဟင်းရွက်ရောင်းတဲ့ တရုတ် အကြင်လင်မယား ၂ ယောက် နှစ်ယောက် ဒဏ်ရာရရှိခဲ့ကာ စျေးဆိုင်ခန်းတွေလည်း ပျက်စီးခဲ့တယ်လို့ KIA က ဆိုပါတယ်။

အကြမ်းဖက်စစ်အုပ်စုက အခု နှစ်အတွင်းမှာ လိုင်ဇာမြို့ကို အသေခံဒရုန်း အသုံးပြု တိုက်ခိုက်တာဟာ အခုတစ်ကြိမ်နဲ့ဆိုရင် ၆ ကြိမ်ရှိပြီလို့လည်း သိရပါတယ်။

အကြမ်းဖက်စစ်တပ်ဟာ KIAနဲ့ တိုက်ပွဲတွေမှာ အထိနာရင် လိုင်ဇာဌာနချုပ်ကို လေကြောင်းနဲ့ တိုက်ခိုက်တာ၊ လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေကို ခေတ်အဆက်ဆက် အရင်ကတည်းက လုပ်ဆောင်လာခဲ့တာဖြစ်ပြီး ၂၀၂၄ နှစ်လယ်ကစလို့ လိုင်ဇာအနီးက စစ်တပ်စခန်းတွေ သိမ်းပိုက်ခံရပြီးနောက် လက်နက်ကြီးထက် ဒရုန်းကို ပိုမို အသုံးပြု တိုက်ခိုက်လာတာဖြစ်ပါတယ်။

စစ်အုပ်စုအနေနဲ့ စာသင်ကျောင်းတွေကို ပစ်မှတ်ထား ဗုံးကြဲတိုက်ခိုက်တာတွေကြောင့် ကျောင်းသား၊ကျောင်းသူတွေ အသက်သေဆုံးမှု များပြားလာသလို ကချင်ပြည်နယ်အပြင် ရှမ်းနဲ့ ချင်းပြည်နယ်တွေမှာလည်း စစ်အုပ်စုက စာသင်ကျောင်းတွေကို ဗုံးကြဲတိုက်ခိုက်နေတာတွေကြောင့် ကျောင်းသားတွေ ထိခိုက်သေဆုံးတာတွေ ရှိနေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်း အကြမ်းဖက်စစ်တပ်နဲ့ KIA ဦးဆောင်တဲ့ ပူးပေါင်းတပ်တွေဟာ ဗန်းမော်၊ ဝိုင်းမော်၊ ဖားကန့် ၊ မချမ်းဘော စတဲ့ မြို့နယ်တွေမှာ တိုက်ပွဲတွေဖြစ်ပွားခဲ့ရာ စစ်အုပ်စုက တိုက်ပွဲမဖြစ်ပွားတဲ့ နေရာတွေကိုပါ လေကြောင်းကနေ တိုက်ခိုက်တာ၊ လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်တာတွေကြောင့် အရပ်သားပြည်သူ သေဆုံးထိခိုက်မှုတွေ ရှိခဲ့တယ်လို့လည်း ဒေသခံတွေဆီက သိရပါတယ်။

0 Shares:
You May Also Like
Read More

KNDF တပ်ရင်း ၂ ရဲ့ နယ်မြေလုံခြုံရေးနဲ့ စစ်ရေးပြင်ဆင်နေတဲ့ မှတ်တမ်းပုံရိပ်များ (ဓာတ်ပုံသတင်း)

ကရင်နီပြည်အခြေစိုက် ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) ၊ တပ်ရင်းအမှတ် (၂) က ရဲဘော်တွေဟာ နယ်မြေလုံခြုံရေးနဲ့ စစ်ရေးပြင်ဆင်နေတဲ့ မှတ်တမ်းပုံရိပ်တွေကို အဆိုပါတပ်ရင်းက ဒီနေ့မှာ ထုတ်ပြန်ထားပါတယ်။
Read More

NUG အပေါ်ထားတဲ့ ပြည်သူလူထုရဲ့ ယုံကြည်မျှော်လင့်ချက်တွေကို ရိုက်ချိုးမပစ်ဖို့ NUG ယာယီသမ္မတ ပြောကြား

ပြည်သူတွေရဲ့ တော်လှန်ရေးအောင်မြင်စိတ်ကို ဘယ်သူကမှ ရိုက်ချိုးဖျက်ဆီးလို့ မရကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားလိုက်ပါတယ်။
Read More

စစ်ကောင်စီတပ်သားတစ်ဦး လက်နက်နှင့်တကွ မိုးဗြဲ PDF ထံ ခိုလှုံ

အဓမ္မစစ်မှုထမ်းဖို့ စုဆောင်းခြင်းခံရတဲ့ စစ်ကောင်စီ တပ်သားတစ်ဦး ဟာ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်ထံ လက်နက်နဲ့အတူ အလင်းဝင်ရောက်ခဲ့တယ်လို့ မိုးဗြဲပြည်သူ့ ကာကွယ်ရေးတပ် အမှတ် (၁၀၀၁) တပ်ရင်းက ထုတ်ပြန်ပါတယ်။
Read More

စစ်ကိုင်း၊ အုန်းတောနယ်မြေအတွင်း ကင်းပတ်ထွက်လာသည့် စစ်သားတွေ တိုက်ခိုက်ခံရပြီး ၁ ဦး သေ

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ အုန်းတောနယ်မြေမှာ ကင်းပတ်ထွက်လာတဲ့ စစ်ကောင်စီတပ်သားတွေကို တိုက်ခိုက်ရာ စစ်သား ၁ ယောက် သေဆုံးခဲ့ပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ Generation Z Power က ထုတ်ပြန်ထားပါတယ်။ 
Read More

စက်တင်ဘာလအတွင်း စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှု ၃၀၀ ကျော်အတွင်း အရပ်သားပြည်သူ ၂၀၀ ကျော်သေဆုံးခဲ့ရ

၂၀၂၄ ခုနှစ် စက်တင်ဘာလ အတွင်း စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၂၀၀ ကျော် သေဆုံးခဲ့ရတယ်လို့ (Blood Money Campaign) အဖွဲ့က အောက်တိုဘာလ ၅ ရက်နေ့ မနေ့က သတင်းထုတ်ပြန်ပါတယ်။
Read More

CDM ကျောင်းဆရာမ ဒေါ်အေးသီအောင်နှင့် ခင်ပွန်းဖြစ်သူအား သတ်ခဲ့သည့် တရားခံများကို ဖမ်းမိကြောင်း KNU ထုတ်ပြန်

တနင်္သာရီတိုင်း၊ ပုလောမြို့မှာ နေထိုင်တဲ့ CDM ပညာရေးဝန်ထမ်း ဒေါ်အေးသီအောင်နဲ့ ခင်ပွန်းဖြစ်သူတို့ အသတ်ခံရမှုအတွက် တရားခံတွေကို ဖမ်းမိခဲ့ကြောင်း KNU မြိတ်-ထားဝယ်ခရိုင်က ဒီနေ့ည ထုတ်ပြန်ပါတယ်။