မွန်ပြည်နယ်ရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အထူးတိုင်း လက်အောက်ခံ ဗျူဟာ (၂၇) နဲ့ KNU သထုံခရိုင် တပ်မဟာ (၁) နယ်မြေအတွင်း အခြေခံလှုပ်ရှားနေတဲ့ ပကဖတိုက်ခိုက်ရေးအဖွဲ့ အင်အားစုတွေကို စုစည်းပြီး ဗျူဟာ (၂၇) ပူးပေါင်းစစ်ကြောင်း (၁)နဲ့ (၂) အဖြစ် ဖွဲ့စည်းကာ အထူးစစ်ကြောင်းပုံစံနဲ့ တာဝန်တွေ စတင်ထမ်းဆောင်နေတယ်လို့ ပကဖ အသံက သတင်းဖော်ပြထားပါတယ်။

ကျိုက်ထိုမြို့နယ် ပကဖ တိုက်ခိုက်ရေးတပ်ဖွဲ့နဲ့ ပူးပေါင်း ဖွဲ့စည်းထားတဲ့ ဗျူဟာ (၂၇) ပူးပေါင်းစစ်ကြောင်း (၁)ဟာ KNU တပ်မဟာ (၁)၊ တပ်ရင်း (၃) နယ်မြေမှာ အခြေပြုလှုပ်ရှားသွားမှာဖြစ်ပြီး စက်တင်ဘာလ ၁ ရက်မှာ ဖွဲ့စည်းကာ တာဝန်ထမ်းဆောင်နေပြီဖြစ်တယ်လို့ သိရပါတယ်။

သထုံခရိုင် ပကဖ တိုက်ခိုက်ရေးတပ်ဖွဲ့က ဦးဆောင်တဲ့ ဗျူဟာ (၂၇) ပူးပေါင်းစစ်ကြောင်း (၂) ကတော့ KNU တပ်ရင်း (​၂)၊ တပ်ခွဲ (၃) နယ်မြေမှာ အခြေပြုလှုပ်ရှားသွားမှာဖြစ်ပြီး အောက်တိုဘာလ ၁၄ ရက်မှာ စတင်စစ်ကြောင်းထွက်ကာ တာဝန်ထမ်းဆောင်နေပြီဖြစ်တယ်လို့ သိရပါတယ်။

PDF ဗျူဟာ (၂၇) ပူးပေါင်းစစ်ကြောင်း (၁+၂) တို့ဟာ စစ်ကြောင်းအသွင်နဲ့ လှည့်ကင်းတွေ၊ တိုက်ကင်းတွေနဲ့ စစ်ဆင်ရေးလုပ်ငန်းတွေကို PDF တပ်ဖွဲ့တွေ၊ ဒေသတွင်း မိတ်ဖက် EAOs တွေနဲ့ ပူးပေါင်းလုပ်ဆောင်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

PDF ဗျူဟာ (၂၇) ပူးပေါင်းစစ်ကြောင်း (၁+၂) အနေနဲ့ စည်းကမ်းကောင်းမွန်ခြင်း၊ အမိန့်နာခံမှုရှိခြင်းစတဲ့ စံသတ်မှတ်ထားသောကျင့်ဝတ်တွေကို တိကျစွာလိုက်နာကာ မိတ်ဖက်တွေ၊ ပြည်သူတွေနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးတွေ တည်ဆောက်ကာ အတူတကွ အစွမ်းကုန်ကြိုးစားဆောင်ရွက်သွားမယ်လို့ ပကဖ အသံက သတင်းထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

တံတားဦးမြို့နယ် ပကဖ ရဲ့ အပတ်စဥ် (၂) အခြေခံ စစ်သင်တန်းဆင်းပွဲ

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန ၊ အမှတ် (၁)စစ်ဒေသ ကွပ်ကဲမှုအောက်ရှိ ၊ မန္တလေးတိုင်း ၊ တံတားဦးမြို့နယ် ပြည်သူ့ကာကွယ်‌ရေးအဖွဲ့ ရဲ့ အပတ်စဥ် (၂) အခြေခံ စစ်သင်တန်းဆင်းပွဲ ပြုလုပ်ခဲ့တယ်လို့ တံတားဦး ပကဖ က ထုတ်ပြန်ပါတယ်။
Read More

ကယန်းအမျိုးသားတပ်မတော် အခြေခံစစ်သင်တန်းဆင်းပွဲနှင့် လက်နက်တပ်ဆင်ခြင်း အခမ်းအနား

ကယန်းအမျိုးသားတပ်မတော် (KNA) ရဲ့ အမှတ်စဥ် (၁/၂၀၂၅) အခြေခံစစ်သင်တန်းဆင်းပွဲနဲ့ လက်နက်တပ်ဆင်ခြင်း အခမ်းအနားကို ကယန်းဒေသ တစ်နေရာမှာ ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

အကြမ်းဖက်စစ်တပ် ကျောက်မဲကို ပေါင် ၅၀၀ ဗုံး ကြဲချတိုက်ခိုက်၊ ဘုန်းကြီးကျောင်းအပါအဝင် နေအိမ်အလုံး ၂၀ ပျက်စီး

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့၊ ပန်သပြေကျေးရွာကို စစ်တပ်က ပေါင် ၅၀၀ ဗုံး ကြဲချတိုက်ခိုက်ခဲ့တာကြောင့် ကျေးရွာအတွင်း ဘုန်းကြီးကျောင်းအပါအဝင် လူနေအိမ် အလုံး ၂၀ နီပါး ပျက်စီးခဲ့တယ်လို့ တအာင်းအမျိုးသမီးအဖွဲ့အစည်း (TWO) ထံက သိရပါတယ်။
Read More

မွန်ပြည်နယ်တွင် ရွေးကောက်ပွဲဥပဒေကြောင့် ဖမ်းဆီးခံရသူ အပါအဝင် နိုဝင်ဘာလအတွင်း အယောက် ၅၀ ထက်မနည်း ဖမ်းဆီးခံရ

မွန်ပြည်နယ်မှာ ပြီးခဲ့တဲ့ နိုဝင်ဘာလက ရွေးကောက်ပွဲဥပဒေကြောင့် ဖမ်းဆီးခံရသူ ၁ယောက် အပါအဝင် အယောက် ၅၀ ထက်မနည်း ဖမ်းဆီးခဲ့ရတယ်လို့ လဂွန်းအိမ်စာစဉ်ရဲ့ မွန်ဒေသတွင်း လူ့အခွင့်အရေးချိူးဖောက်မှု အစီရင်ခံစာအရ သိရပါတယ်။ နိုဝင်ဘာလအတွင်း ရေးမြို့နယ်နဲ့ သထုံမြို့နယ်တို့မှာ တိုက်ခိုက်မှု (၇) ကြိမ်ဖြစ်ပွားခဲ့ပြီး ရေးမြို့နယ်မှာ အများဆုံးဖြစ်ပွားခဲ့ရာ စစ်တပ်နဲ့ တော်လှန်ရေးတပ်တို့ နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုတွေ၊ ခြုံခိုတိုက်ခိုက်မှုတွေကြောင့် စစ်အုပ်စုဘက်က သေဆုံးသူ (၁၄) ယောက်နဲ့ ထိခိုက်ဒဏ်ရာရသူ (၅) ယောက် ရှိခဲ့တယ်လို့ သိရပါတယ်။
Read More

ဧရာဝတီတိုင်း မြို့နယ် သုံးခုတွင် စစ်အုပ်စု၏ လေကြောင်းနှင့် လက်နက်ကြီးကြောင့် တစ်နှစ်အတွင်း အရပ်သား ၆၉ ဦး သေဆုံး

အကြမ်းဖက်စစ်တပ်ရဲ့လေကြောင်းနဲ့ လက်နက်ကြီးတိုက်ခိုက်မှု တွေကြောင့်ဧရာဝတီတိုင်းထဲကမြို့နယ်သုံးခုမှာ ၂၀၂၅ ခုနှစ်အတွင်း အရပ်သား ၆၉ ယောက် သေဆုံးပြီး နေအိမ်ပေါင်း ၁၆၀ ကျော်ထိခိုက်ပျက်စီးခဲ့တယ်လို့ ဧရာဝတီတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပ.က.ဖ) ကထုတ်ပြန်ပါတယ်။