တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ တမုတ်ချုံကျေးရွာရှိ အကြမ်းဖက်စစ်တပ်ကို ဝင်ရောက်တိုက်ခိုက်ရာ စစ်တပ်ဘက်က ၄ ယောက်ခန့် သေဆုံးနိုင်တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင်အမှတ် ၂ တပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ (၁၆) ရက် မနက်ပိုင်းက တမုတ်ချုံကျေးရွာအနီး တပ်စွဲထားတဲ့ အကြမ်းဖက်စစ်ကော်မရှင်တပ်ကို တော်လှန်ရေးတပ်တွေ ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

အပြန်အလှန်ပစ်ခတ်မှု ၄၅ မိနစ်ခန့်ကြာမြင့်ခဲ့ပြီးနောက် တိုက်ပွဲအပြီး စစ်တပ်ဘက်က ၄ ယောက်ခန့် သေဆုံးနိုင်တယ်လို့ မြိတ်ခရိုင်အမှတ် ၂ တပ်ရင်းက ဆိုပါတယ်။

အဆိုပါတိုက်ခိုက်မှုကို မြိတ်ခရိုင်အမှတ် ၂ တပ်ရင်း တပ်ခွဲ ၂ ၊ ကော့သောင်းခရိုင် တပ်ရင်း ၁၊ Dragon Squad ဒရုန်းတပ်ဖွဲ့နဲ့ တနင်္သာရီမြို့နယ် ပကဖ တပ်ဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပြီး အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ပလောင်အမျိုးသားတပ်ဦး (PNF) ဝန်ထမ်းဟောင်းများ ဂုဏ်ပြုပွဲ

ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး PSLF/TNLA က တအာင်းပြည်တစ်နေရာမှာ ပလောင်အမျိုးသားတပ်ဦး (PNF) ဝန်ထမ်းဟောင်းတွေရဲ့ ဂုဏ်ပြုပွဲ အခမ်းအနားကို မတ်လ ၁၁ ရက်မှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ TNLA က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

NUG ကာကွယ်ရေးဝန်ကြီးဌာနက ကလလတ စစ်ဦးစီးချုပ်ထံ သေနတ်အလက် ၅၀ ပေးအပ်

အမျိုးသားညီညွတ်ရေးအစိုးရ NUG၊ ကာကွယ်ရေးဝန်ကြီးဌာနဟာ ကရင်နီလူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ) စစ်ဦးစီးချုပ်ထံ သေနတ်အလက် ၅၀ ကို ဒီနေ့ ဇန်နဝါရီ ၂၁ ရက်မှာ ပေးအပ်ခဲ့တယ်လို့ Karenni People’s Voice က သတင်းဖော်ပြထားပါတယ်။
Read More

အမှတ် ၁ စစ်ဒေသမှာ နှစ်ရက်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် (၅) ယောက် လက်နက်တွေနဲ့အတူ အလင်းဝင်လာ…

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် (၁) စစ်ဒေသ ကွပ်ကဲမှုအောက်ရှိ တပ်ရင်းတွေဆီကို နှစ်ရက်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် (၅) ယောက်က လက်နက်တွေနဲ့ အလင်းဝင်လာတယ်လို့ အမှတ် ၁ စစ်ဒေသက ထုတ်ပြန်ထားပါတယ်။
Read More

မန္တလေး Sky Villa ကွန်ဒိုပြိုကျမှုအတွင်း သုခဒိုင်းမွန်း စိန်တိုက်ပိုင်ရှင် မိသားစုလိုက်သေဆုံး၊ ပျဉ်းမနားတွင်လည်း ဝင်းရွှေစင်ရွှေဆိုင် ပြိုကျမှု ၉ ဦး သေဆုံး

မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ လမ်း ၆၀၊ ၂၂လမ်းနဲ့ ၂၃ လမ်းကြားရှိ  ၁၁ ထပ်အမြင့်ရှိသည့် Sky Villa ကွန်ဒိုပြိုကျမှုအတွင်း သေဆုံးသူတွေထဲမှာ သုခဒိုင်းမွန်းစိန်တိုက်ပိုင်ရှင် ဒေါ်မိုးသီတာရွှေနဲ့ မိသားစုဝင်တွေ ပါဝင်တယ်လို့ သုခဒိုင်းမွန်းစိန်တိုက်က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ဘုရားသုံးဆူမှာ အသက် ၈နှစ်အရွယ် ကလေးအပါအဝင် မိသားစုလိုက် ၃လောင်းပြိုင် အသတ်ခံရ

ကရင်ပြည်နယ်၊ ကြာအင်းမြို့နယ်၊ ထိုင်း-မြန်မာနယ်စပ်မြို့ဖြစ်တဲ့ ဘုရားသုံးဆူမြို့မှာ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၉ ရက်နေ့က မိသားစုလိုက် ၃လောင်းပြိုင် လူသတ်မှု ဖြစ်ပွားခဲ့တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

အရှေ့ဒဂုံ ၁၂၄ ရပ်ကွက်ရုံးကို လက်ပစ်ဗုံး ပစ်သွင်းတိုက်ခိုက်၊ အတုအယောင် ရွေးကောက်ပွဲကို ဆက်လက်အရှိန်မြှင့် ချေမှုန်းမည်ဟု ဆို

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်က အကြမ်းဖက်စစ်တပ်ရဲ့ အတုယောင်ရွေးကောက်ပွဲအတွက် ပါဝင်လှုပ်ရှားပေးနေတဲ့ ၁၂၄ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို လက်ပစ်ဗုံးတွေ ပစ်သွင်းတိုက်ခိုက်မှုမှာ အုပ်ချုပ်ရေးမှူးနဲ့ ပျူစောထီးတွေ ထိခိုက်ခဲ့ကြောင်း Operation Flame သတင်းနှင့်ပြန်ကြားရေး တာဝန်ခံက မောင်းကို ပြောပါတယ်။