အကြမ်းဖက်စစ်အုပ်စုရဲ့ အတုအယောင် ရွေးကောက်ပွဲကို လက်မခံကြောင်း၊ ပြတ်ပြတ်သားသား ဆန့်ကျင်ကန့်ကွက်ကြောင်း တောင်ကိုးရီးယားနိုင်ငံရောက် တော်လှန်ပြည်သူတွေက “နိုင်ငံလုံးဆိုင်ရာ ချီတက်ဆန္ဒပြပွဲ” အနေနဲ့ ဆန္ဒပြခဲ့ကြတယ်လို့ မြန်မာ့ဖက်ဒရယ်ဒီမိုကရေစီအောင်နိုင်ရေးအဖွဲ့ပေါင်းချုပ် (MFDMC) ထံက သိရပါတယ်။

ဆန္ဒပြပွဲကို အောက်တိုဘာလ ၁၉ ရက် ဒီနေ့ နေ့လယ်ပိုင်းက တောင်ကိုးရီးယားနိုင်ငံ၊ ချွန်းနန်းမြို့မှာ ကျင်းပခဲ့တာ ဖြစ်ပြီး တော်လှန်ပြည်သူ ၃၀၀ ကျော် တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

ဆန္ဒပြပွဲကို ကိုရီးယားနိုင်ငံရှိ MFDMC က ဦးဆောင်ပြုလုပ်ခဲ့ပြီး NUG ကိုယ်စားလှယ်ရုံးနဲ့ တော်လှန်ရေး အဖွဲ့ပေါင်း ၃၉ ခု ပါဝင်တဲ့ “စစ်အုပ်စုရွေးကောက်ပွဲ ဆန့်ကျင်ရေး ပူးပေါင်းလှုပ်ရှားမှုကော်မတီ” က ပူးပေါင်း ပါဝင် ဆောင်ရွက်ခဲ့ကြတယ်လို့ သိရပါတယ်။

အခမ်းအနားမှာ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ကိုရီးယား သမ္မတနိုင်ငံဆိုင်ရာ မြန်မာကိုယ်စားလှယ်ရုံး တာဝန်ခံ ဦးဝင်းပေါ်မောင်၊ MFDMC အတွင်းရေးမှူးကော်မတီနဲ့ စည်းရုံးရေးတာဝန်ခံတွေ၊ စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေးကော်မတီနဲ့ တော်လှန်ရေး အဖွဲ့အစည်းတာဝန်ခံတွေက အဖွင့်အမှာစကား၊ ရွေးကောက်ပွဲဆန့်ကျင်ရေးနဲ့ တော်လှန်ရေး အားပေးစကားတွေကို ပြောကြားခဲ့တယ်လို့ သိရပါတယ်။

အဲဒီနောက် MFDMC နဲ့ တော်လှန်ရေး အဖွဲ့အစည်းတွေက တော်လှန်လူငယ်တွေက “ထုတ်ပြန်ကြေညာချက်”ကို မြန်မာ- ကိုရီးယား နှစ်ဘာသာနဲ့ ဖတ်ကြားခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ ထုတ်ပြန်ကြေညာချက်မှာ မြန်မာပြည်သူလူထုတရပ်လုံးက အကြမ်းဖက်စစ်တပ်ရဲ့ အတုအယောင် ရွေးကောက်ပွဲကို နည်းလမ်းပေါင်းစုံနဲ့ လုံးဝဆန့်ကျင်ကန့်ကွက် တိုက်ဖျက်ကြဖို့ အလေးအနက် တိုက်တွန်းကြောင်း၊ ကိုရီးယားအစိုးရနဲ့ ပြည်သူတွေထံကိုလည်း မြန်မာစစ်အုပ်စုရဲ့ အတုအယောင် ရွေးကောက်ပွဲကို ပြတ်သားစွာ ရှုတ်ချပေးဖို့နဲ့ ရွေးကောက်ပွဲကနေ ထွက်ပေါ်လာမယ့် မည်သည့်ရလဒ်၊ မည်သည့်အစိုးရကိုမှ လုံးဝအသိအမှတ်မပြုဘဲ ဆန့်ကျင်ကန့်ကွက်ပေးဖို့ တိုက်တွန်းတောင်းဆိုထားတယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

မိခင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် ကိုထိန်လင်း တရုတ််နိုင်ငံကို အကူအညီတောင်း…

"ဒီနေ့ ကျွန်တော် မေမေလွတ်မြောက်စေဖို့ တရုတ်နိုင်ငံမှ အကူအညီပေးရန် တောင်းဆိုခဲ့ပါတယ်။ မေမေနဲ့ နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်မြောက်မှုဟာ သင့်မြတ်ပေါင်းစည်းမှုနဲ့ တည်ငြိမ်ရေး အတွက် အရေးကြီးဆုံး ပထမခြေလှမ်း ဖြစ်ပါတယ်"လို့ ကိုထိန်လင်းက လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။
Read More

စစ်ကောင်စီကို ထောက်ပံ့နေတဲ့ တရုတ်ကုမ္ပဏီ AVIC နဲ့ ပူးပေါင်းလုပ်ဆောင်မှုတွေကို Airbus ဘက်က ရပ်တန့်ဖို့ ဥရောပလေးနိုင်ငံ အစိုးရတွေကို တိုက်တွန်းတောင်းဆို

နယ်သာလန်၊ ပြင်သစ်၊ ဂျာမနီ၊ စပိန် အစိုးရတွေအနေနဲ့  တရုတ်အစိုးရပိုင် Aviation Industry Corporation of China (AVIC) ကုမ္ပဏီကနေ မြန်မာစစ်အုပ်စုကို စစ်လေယာဉ်တွေနဲ့ ဆက်စပ်ပစ္စည်းတွေ လွှဲပြောင်းရောင်းချနေမှုကို ရပ်တန့်စေဖို့  ပြည်တွင်းပြည်ပ တော်လှန်ရေးအင်အားစုတွေနဲ့ အရပ်ဘက် အဖွဲ့အစည်းတွေက တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။
Read More

မဲဆောက်မြို့ မူးယစ်ဆေးရောင်းဝယ်မှုအတွင်း မြန်မာအချင်းချင်း ဓားနဲ့ထိုး

ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့မှာ မူးယစ်ဆေးရောင်းဝယ်ရာက စတင်ဖြစ်ပွားတဲ့ ခိုက်ရန်ဖြစ်ပွားမှုတခုကြောင့် မြန်မာအမျိုးသားတယောက် ဓားထိုးခံလိုက်ရပြီး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း ထိုင်းသတင်း Thaiger မှာ ဖော်ပြပါတယ်။
Read More

မဲခေါင်မြစ်ကြောနိုင်ငံများ ရေလွှမ်းမိုးမှုမှာ လက်သည်မဟုတ်ဘူးလို့ တရုတ်ငြင်းဆို

ရေလွှမ်းမိုးမှုလျော့ပါးရေး စစ်ကောင်စီနဲ့ ဆွေးနွေးခဲ့ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ယမန်နေ့ကပြောဆိုလိုက်ပါတယ်။ ထိုင်းနိုင်ငံခြားရေးဝန်ကြီးရဲ့ပြောကြားမှုနဲ့အတူ တဆက်စပ်ထဲမှာပဲ မဲခေါင်မြစ်ကြောက နိုင်ငံတွေ ရေလွှမ်းမိုးမှုမှာ လက်သည်မဟုတ်ဘူးလို့ တရုတ်ဘက်က ငြင်းဆိုထားကြောင်း စက်တင်ဘာလ ၁၇ ရက် ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြခဲ့ပါတယ်။
Read More

မြန်မာ့အရေးကူညီမည့် ကန်‌ဒေါ်လာ ၁၂၁ သန်းပါဝင်တဲ့ အသုံးစရိတ်မူကြမ်းကို အမေရိကန် အောက်လွှတ်တော် အတည်ပြု

အမေရိကန်နိုင်ငံမှ အောက်လွှတ်တော်အမတ်တွေက မြန်မာ့အရေးကူညီမယ့် ကန်ဒေါ်လာ ၁၂၁ သန်းပါဝင်တဲ့ အသုံးစရိတ်မူကြမ်းကို ဇန်နဝါရီ ၁၄ ရက်နေ့မှာ အတည်ပြုလိုက်တယ်လို့ သိရပါတယ်။
Read More

ဘန်ကောက်မှာ အသက် ၇၀ အရွယ်အမျိုးသားကို မြန်မာတဦးက ပစ်သတ်မှုဖြစ်ပွား၊ သေနတ်လုရင်း ပစ်ခတ်မိခြင်းဟု ဆို

ထိုင်းနိုင်ငံ၊ ဘန်ကောက်မှာ အသက် ၂၃ နှစ်အရွယ် မြန်မာအမျိုးသားတဦးဟာ ၎င်းရဲ့ ကိုယ်ဝန်ဆောင်ဇနီးသည်ရဲ့ လုပ်ငန်းခွင်ဆီ ဝင်ရောက်တာကို ပိတ်ပင်ခံရတာကြောင့် အသက် ၇၀ အရွယ် ထိုင်းအမျိုးသားတဦးကို သေနတ်နဲ့ ပစ်သတ်ခဲ့တယ်လို့ ထိုင်းသတင်းမှာ ‌ဖော်ပြပါတယ်။