ကျဆုံးရဲဘော် ခူးဟားရယ်ဟာ အကြမ်းဖက်စစ်အုပ်စုကို တိုက်ခိုက်ရင်း အောက်တိုဘာလ ၁၆ ရက်က ရှေ့တန်းစစ်မြေပြင်တစ်နေရာမှာ ကျဆုံးခဲ့တယ်လို့ သိရပါတယ်။

ရဲဘော် ခူးဟားရယ်ဟာ ၂၀၂၄ ခုနှစ်၊ ဧပြီလ (၈) ရက်မှာ KNDF အမှတ်(၁၄) တပ်ရင်းကို စတင်ဝင်ရောက်ခဲ့တာဖြစ်ပြီး ပေးအပ်တဲ့တာဝန်တွေကို ကျေပွန်စွာ ထမ်းဆောင်ခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ရန်သူကို ရွပ်ရွပ်ချွံချွံတိုက်ခိုက်နိုင်တဲ့ ရဲဘော် ခူးဟားရယ်အနေနဲ့ တိုင်းပြည်နဲ့ ဖက်ဒရယ်ဒီမိုကရေစီရရှိရေးအတွက် အသက်ကို ပေးဆပ်သွားတဲ့အပေါ် ကျန်ရစ်သူမိသားစုဝင်တွေနဲ့ ထပ်တူထပ်မျှ ဝမ်းနည်းကြေကွဲရသလို အာဇာနည်သူရဲကောင်းအဖြစ် အစဥ်အမြဲဂုဏ်ယူ မှတ်တမ်းတင်ကြောင်း KNDF တပ်ရင်း ၁၄ က ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

ချောင်းဦးမြို့နယ်အတွင်း အကြမ်းဖက်စစ်အုပ်စုကြောင့် သေဆုံးခဲ့ရသည့်ပြည်သူများနှင့် နှစ်ရှည်စစ်ရှောင်စခန်းကို ထောက်ပံ့ကူညီမှုများ ပြုလုပ်

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်အတွင်းမှာ အကြမ်းဖက်စစ်အုပ်ရဲ့ လက်နက်ကြီးနဲ့ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရတဲ့ပြည်သူတွေနဲ့ ကာလကြာရှည်စစ်ရှောင်နေရတဲ့ နှစ်ရှည်စစ်ရှောင်ပြည်သူတွေကို ဩဂုတ်လအတွင်း ထောက်ပံ့ကူညီမှုတွေ သွားရောက်ပြုလုပ်ခဲ့တယ်လို့ NUG လူ့အခွင့်အရေးဝန်ကြီးဌာနက ဒီနေ့မနက်ပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

မလိဝမ်းကျေးရွာ ရဲစခန်းနှင့် အမှတ် (၅၈၂) ခြေမြန်တပ်ရင်း တိုက်ခိုက်ခံရအပြီး စစ်အုပ်စုက သတင်းဖုံးဖိထား၊ လုံခြုံရေးတင်းကြပ်မှုများ လုပ်ဆောင်လာ

တနင်္သာရီတိုင်း၊ ကော့သောင်းမြို့နယ်မှာ မလိဝမ်းကျေးရွာ ရဲစခန်းနဲ့ အမှတ် (၅၈၂) ခြေမြန်တပ်ရင်းတို့ အလစ်အငိုက် တိုက်ခိုက်ခံရပြီး တိုက်ပွဲအတွင်း ထိခိုက်သေဆုံးခဲ့တဲ့ စစ်သားနဲ့ ရဲတွေရဲ့ သတင်းကို အကြမ်းဖက်စစ်တပ်က ဖုံးဖိထားကြောင်း ကော့သောင်းခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ရဲဘော်ကျားကြီးက မောင်းကိုပြောပါတယ်။
Read More

ချောင်းဦးမြို့ ပေါ်ရှိ မဲရုံကို ကာကွယ်ရေး ပူးပေါင်းတပ်က ၂ ရက်ဆက် တိုက်ခိုက်

စစ်ကိုင်းတိုင်း ၊ ချောင်းဦးမြို့ပေါ်ရှိ မဲရုံကို ကာကွယ်ရေးပူးပေါင်းတပ်က ၂ ရက်ဆက် သွားရောက် တိုက်ခိုက် ခဲ့တယ်လို့ ဗမာလွတ်မြောက်ရေး ဒီမိုကရက်တစ်တပ်ဦး - BLDF ( စစ်ဒေသ - ၃)ဆီက သိရပါတယ်။
Read More

အမ်း-ပဒါန်း လမ်းပိုင်း​ကို PDF တွေ ထိန်းချုပ်ဖို့ ကြိုးစားနေပြီး လမ်းပိုင်းပေါ်က စစ်ကင်းစခန်း ၂ ခု ကို စီးနင်းတိုက်ခိုက်မှု စစ်သား ၁၀ ယောက် သေ

မကွေးတိုင်း၊ ငဖဲမြို့နယ်မှာ စစ်ကောင်စီတပ်သားတွေ လုံခြုံရေးယူထားတဲ့ အမ်း-ပဒါန်းလမ်းပိုင်းက စစ်တပ်ကင်းစခန်းတွေ တပြိုင်နက်တည်းစီးနင်းတိုက်ခိုက်ခံရပြီး အကြမ်းဖက်စစ်သား ၁၀ယောက် သေဆုံးကြောင်း People's Revolution Alliance ထံက သိရပါတယ်။
Read More

ကန့်ဘလူ၊ ရွှေဘို – မြစ်ကြီးနားလမ်းပိုင်းတွင် ခရီးသွားလူငယ် ၁၃ဦး ဖမ်းဆီးခံရပြီး တကရ ၆၀၀၆ ဆီ အတင်းအကြပ် ပို့ဆောင်ခံရ

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် ရွှေဘို- မြစ်ကြီးနားဗျူဟာလမ်းပိုင်းမှာ နိုဝင်ဘာလ ပထမပတ်ထဲ ခရီးသွားလူငယ် ၁၃ယောက် ပေါ်တာဆွဲဖမ်းဆီးခံရပြီး တကရ ၆၀၀၆ တပ်ရင်းဆီ အတင်းအကျပ် ပို့ဆောင်ခံရတယ်လို့ ကန့်ဘလူခရိုင် တပ်ရင်း၄ က သတင်းထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၃ ရက်နေ့က စစ်ကိုင်းတိုင်း၊ ဆာလင်းကြီးမြို့နယ်ကနေ ကချင်ပြည်နယ်၊ မြစ်ကြီးနားကိုသွားတဲ့ ခရီးသည်တင်ကား (၂)စီးပေါ်ကနေ ခရီးသွားလူငယ် ၁၃ယောက်ကို ရွှေဘို- မြစ်ကြီးနားဗျူဟာလမ်းပိုင်း၊ ဇီးကုန်း - မလယ်လမ်းဆုံမှာ အထိုင်ချထားတဲ့ စစ်အုပ်စုက အတင်းအဓမ္မ ပေါ်တာဆွဲဖမ်းဆီးခဲ့တာလို့ သိရတာပါ။
Read More

စစ်ကောင်စီက တက္ကသိုလ်လေ့ကျင့်ရေးတပ်တွေကို စစ်သင်တန်းပေးနေ

ပြည်နယ်နဲ့တိုင်း အသီးသီးက တက္ကသိုလ်လေ့ကျင့်ရေးတပ် (UTC) တွေကို စစ်ကောင်စီက စစ်သင်တန်းပေးနေတယ်လို့ သူ့ရဲ့ဝါဒဖြန့်မီဒီယာတွေမှာ ဖော်ပြလာပါတယ်။