စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ အရာတော်မြို့နယ်အတွင်း စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်တပ်ကို တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ခိုက်ခဲ့တဲ့ မှတ်တမ်းရုပ်သံကို Generation Z Power က ဒီနေ့ ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၂၂ ရက်က အရာတော် မင်းရွာဘက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်စစ်ကြောင်းကို Generation Z Power – GZP (Mandalay) ပြည်သူ့ကာကွယ်ရေး မြို့ပြပြောက်ကျားတပ်ဖွဲ့နဲ့ မဟာမိတ်တော်လှန်ရေးအဖွဲ့တွေ ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

Generation Z Power – GZP (Mandalay) ပြည်သူ့ကာကွယ်ရေးမြို့ပြပြောက်ကျားတပ်ဖွဲ့ဟာ သပိတ်ကျင်း၊ မတ္တရာ စစ်မျက်နှာတွေနဲ့ စစ်ကိုင်းမြို့ဝန်းကျင်တွေမှာ မဟာမိတ်ပူးပေါင်းတပ်တွေနဲ့ပူးပေါင်းကာ တိုက်ခိုက်လျက်ရှိတယ်လို့ သိရပါတယ်။

Video – Generation Z Power – GZP (Mandalay)

0 Shares:
You May Also Like
Read More

အနောက်မြောက်တိုင်းစစ်ဌာနချုပ်က လေယာဉ်နဲ့ ချပေးခဲ့တဲ့ လက်နက်ကြီးကျည်၊ ခဲယမ်းနဲ့ စားနပ်ရိက္ခာတွေ ယင်းမာပင်ဗျူဟာ ၄၂ သိမ်းဆည်းရရှိ (ရုပ်/သံ)

စစ်ကိုင်းတိုင်းအတွင်း ယင်းမာပင်ဗျူဟာ ၄၂ ရဲ့ စစ်ဆင်ရေးလှုပ်ရှားနေတဲ့ နေရာကို အကြမ်းဖက်စစ်ကောင်စီတပ်က လေယာဉ်နဲ့ ချပေးခဲတဲ့ လက်နက်ကြီးကျည်၊ ခဲယမ်းနဲ့ စားနပ်ရိက္ခာတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ မြေပြင်တော်လှန်‌ ရေးတပ်ဖွဲ့တွေထံက သိရပါတယ်။
Read More

မန္တလေးမြို့ မစိုးရိမ်ဓမ္မရက္ခိတကျောင်းတိုက် ပြိုကျခဲ့တဲ့ မြင်ကွင်း (ရုပ်/သံ)

မန္တလေးတိုင်း မန္တလေးမြို့ရှိ မစိုးရိမ်ဓမ္မရက္ခိတကျောင်းတိုက် ငလျင်ဒဏ်ကြောင့် ပြိုကျခဲ့ရတယ်လို့ သိရပါတယ်။
Read More

အကြမ်းဖက်စစ်ကောင်စီကို ထောက်ခံအားပေးနေသည့် တရုတ်၏လုပ်ရပ်များ ရပ်တန့်ရန် ခါရာ ဆန္ဒပြတောင်းဆို (ရုပ်/သံ)

စစ်ကောင်စီရဲ့ အကြမ်းဖက်မှုတွေကို ထောက်ခံအားပေးနေတဲ့ တရုတ်နိုင်ငံရဲ့ လုပ်ရပ်တွေကို ရပ်တန့်ဖို့ အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီရှိ တရုတ်သံရုံးရှေ့မှာ သရုပ်ဆောင်ခါရာက ဆန္ဒပြတောင်းဆိုခဲ့ပါတယ်။
Read More

သံဖြူဇရပ်မြို့နယ်အတွင်း စစ်ကော်မရှင်တပ် ကင်းပုန်းကို ဒရုန်းဖြင့် ဗုံးသီးကြဲချတိုက်ခိုက် (ရုပ်/သံ)

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ထင်းရှူးဘူတာနားရှိ စစ်ကော်မရှင်တပ်ကင်းပုန်းကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ Mon State Revolutionary Force က သတင်းထုတ်ပြန်ထားပါတယ်။
Read More

မုံရွာခရိုင်အမှတ် (၃) တပ်ရင်းမှာ အကြမ်းဖက်စစ်တပ်ကို တိုက်ခိုက်ဖို့ ထုတ်လုပ်နေတဲ့ လက်နက်ထုတ်လုပ်ရေးလုပ်ငန်းကို ထုတ်ပြန်ပြသ (ရုပ်/သံ)

အကြမ်းဖက်စစ်တပ်ကို တိုက်ခိုက်ဖို့ လက်နက်ထုတ်လုပ်နေတဲ့ မုံရွာခရိုင်အမှတ် (၃) တပ်ရင်းမှာ ထုတ်လုပ်နေတဲ့ လက်နက်တွေကိုအကြောင်းတွေကို ပြည်သူ့ရဲဘော်လေးက ယခုလိုပဲ ရှင်း ပြခဲ့ပါတယ်။
Read More

ဖလမ်းမြို့ ထိုးစစ်ဆင်လာသည့် အကြမ်းဖက်စစ်တပ်ကို တိုက်ခိုက်ရာ စစ်သား အများအပြား သေ၊ သုံ့ပန်း ၁ ဦး ဖမ်းမိကာ လက်နက်ခဲယမ်းများ ရရှိ (ရုပ်/သံ)

ချင်းပြည်နယ်၊ ဖလမ်းမြို့ကို ထိုးစစ်ဆင်လာတဲ့ အကြမ်းဖက်စစ်တပ်ကို ချင်းတော်လှန်ရေးတပ်တွေက တိုက်ခိုက်ခဲ့ရာ စစ်သားအများအပြား သေဆုံးပြီး စစ်သုံ့ပန်း ၁ ယောက်နဲ့ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ ချင်းစစ်ရေးသတင်းမြစ်ထံက သိရပါတယ်။