ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ လေးကေ့ကော်မြို့သစ်ရှိ စွယ်တော်ကုန်းစစ်စခန်းကို စစ်ကော်မရှင်တပ် နဲ့ ကရင်နယ်ခြားစောင့်တပ်(BGF) ပူးပေါင်းတပ်တို့ ပြန်လည်တိုက်ခိုက် သိမ်းပိုက်လိုက်ပြီလို့ စစ်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။

အောက်တိုဘာ ၁၉ ရက် ဒီမနက်မှာ KNLA မဟာမိတ်ပူးပေါင်းတပ်နဲ့ စစ်ကော်မရှင် ၊BGF ပူးပေါင်းတပ်တို့ လေးကေ့ကော်အမှတ် (၄) ရပ်ကွက် ၊ စွယ်တော်ကုန်းနဲ့ မယ်ထော်သလေး ဖလူးလမ်းပိုင်းမှာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

အခုလို ထိတွေ့တိုက်ပွဲဖြစ်ပွါးပြီးတဲ့နောက် ၂၀၂၄ ခုနှစ်လောက်က KNLA မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေ သိမ်းပိုက်ထားတဲ့ စွယ်တော်ကုန်းကနေ ပြန်လည်ဆုတ်ခွါပေးခဲ့ရပေမယ့် စစ်ကော်မရှင်တပ်သားတွေ အဆိုပါစွယ်တော်ကုန်းမှာ အထိုင်ချတပ်စွဲထားခြင်းမျိုးမရှိဘူးလို့ ဆိုပါတယ် ။

“ဒီနေ့သူတို့တိုးတယ်နော်၊ နေရာ ၂ ခုတိုးတယ်၊ ဗျူးပွိုင့်ဘက်ကတော့ သူတို့တိုးလို့ရတယ်။ ဒါပေမယ့် ဖလူးဘက်မှာတော့ တိုးလို့မရဘူး။ အပြန်အလှန်ပဲ Battle ဆိုင်နေတယ်နော်။ စွယ်တော်ကုန်းနားတဝိုက်မှာပဲ သူတို့လည်းမတက်ရဲဘူး၊ ကိုယ်လည်းမနေရဲ ဘောလုံးကွင်းလိုပဲ ကွင်းအပြောင်ကြီးထိုးထားတယ်လေ။ အဲဒီကုန်းက ဘယ်သူမှမနေရဲဘူး။ နဂိုတည်းကလည်း စွယ်တော်ကုန်းမှာမှမနေတာ အခု သူတို့လာလည်း မနေရဲဘူးထင်တယ်” လို့ အဆိုပါစစ်ရေးသတင်းရင်းမြစ်က မောင်းကို ပြောပါတယ်။

လက်ရှိအချိန်ထိလည်း စစ်ရေးအခြေနေကတင်းမာနေဆဲဖြစ်တယ်လို့ဆိုပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာ ၂၂ရက်နေ့ကလည်း စစ်ကော်မရှင်တပ်က လေးကေ့ကော်ကို စစ်ကြောင်းထိုးလာပြီး လက်ခတ်တောင်၊ မြဝတီနဲ့ မေတ္တာလင်းမြိုင်ဘက်ကနေ လေး‌ကေ့ကော်ကို လက်နက်ကြီးပစ်ကူမှုတွေ အဆက်မပြတ်  ရှိနေခဲ့ပါတယ်။

 

0 Shares:
You May Also Like
Read More

လေးကေ့ကော်တိုက်ပွဲမှ စစ်မှုထမ်းတပ်သား ၃ ဦး လက်နက်နှင့်အတူ အလင်းဝင်၊ ရန်ကုန်ဗျူဟာစစ်​ကြောင်းထံ စစ်မှုထမ်း တပ်သား ၂ ဦး လက်နက်များဖြင့် အလင်းဝင်

ကရင်ပြည်နယ်၊ လေးကေ့ကော်တိုက်ပွဲအတွင်း စစ်မှုထမ်း တပ်သားသစ် ၃ ယောက်က လက်နက်တွေနဲ့အတူ ကော်ဘရာ စစ်ကြောင်းထံ အလင်းဝင်ရောက်ခဲ့တယ်လို့ တော်လှန်ရေးသတင်းရင်းမြစ်ဆီက သိရပါတယ်။
Read More

မုံရွာမြို့၊ ညောင်ပင်စောက်ရပ်ကွက်မှာ သန်း​ခေါင်စာရင်းကောက်တဲ့အဖွဲ့ မိုင်းဆွဲခံရပြီး ရဲ ၂ ယောက်သေ၊ အများအပြား ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ ညောင်ပင်စောက်ရပ်ကွက်အတွင်း သန်းခေါင်စာရင်းလိုက်ကောက်တဲ့ အကြမ်းဖက်စစ်တပ်၊ ရဲ၊ ထွေအုပ်ဝန်ထမ်းတွေနဲ့ စစ်ကောင်စီလက်အောက်ခံ ပညာရေးဝန်ထမ်းတချို့ မိုင်းဆွဲတိုက်ခိုက်ခံရပြီး အကြမ်းဖက် ရဲ၂ ယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။
Read More

စစ်အုပ်စု စစ်ဆေးရေးဂိတ်ကို Sniper အဖွဲ့ သွားရောက်ပစ်ခတ်၊ စစ်ကောင်စီတပ်သား ၁ ဦး သေပြီး ၁ ဦး ဒဏ်ရာရ

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ သဲကုန်းမြို့အဝင် တယ်သီးပင်ရွာရှိ အကြမ်းဖက်စစ်အုပ်စုရဲ့ စစ်ဆေးရေးဂိတ်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က စနိုက်ပါနဲ့ သွားရောက်ပစ်ခတ်ခဲ့တဲ့အတွက် ထိခိုက်သေဆုံးမှု ရှိခဲ့တယ်လို့ ၃၆၀၁ တပ်ရင်း စစ်ထောက်လှမ်းရေးနှင့် သတင်းပြန်ကြားရေးတာဝန်ခံဆီက သိရပါတယ်။
Read More

စစ်အာဏာရှင်စနစ် အပြီးတိုင် ချုပ်ငြိမ်းရေး တာဝန်ယူ၊ တာဝန်ခံနိုင်သည့် မည်သည့်အဖွဲ့အစည်းနှင့်မဆို ယုံကြည်မှုတည်ဆောက်ရန် အသင့်ရှိကြောင်း NUG နိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်

နွေဦးတော်လှန်ရေးရဲ့ အန္တိမရည်မှန်းချက်ပန်းတိုင်ဖြစ်တဲ့ စစ်အာဏာရှင်စနစ် အပြီးတိုင် ချုပ်ငြိမ်းရေး အပြည့်အဝ သဘောတူတာဝန်ယူ၊ တာဝန်ခံနိုင်တဲ့ ဘယ်လို အဖွဲ့အစည်းကိုမဆို ယုံကြည်မှုတည်ဆောက်ဖို့ အသင့်ရှိကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာနက မနေ့ကရက်စွဲနဲ့ ထုတ်ပြန်ပါတယ်။
Read More

စစ်ကိုင်း၊ အုန်းတောနယ်မြေအတွင်း ကင်းပတ်ထွက်လာသည့် စစ်သားတွေ တိုက်ခိုက်ခံရပြီး ၁ ဦး သေ

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ အုန်းတောနယ်မြေမှာ ကင်းပတ်ထွက်လာတဲ့ စစ်ကောင်စီတပ်သားတွေကို တိုက်ခိုက်ရာ စစ်သား ၁ ယောက် သေဆုံးခဲ့ပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ Generation Z Power က ထုတ်ပြန်ထားပါတယ်။ 
Read More

စစ်မှုထမ်း အပတ်စဉ် (၁) နှင့် (၂) က စစ်သားများကို ရာထူးတိုးပေးပြီး စစ်တပ်ထဲမှ မထွက်ရန် စည်းရုံးမှု စတင်…

မကြာမီ စစ်မှုထမ်းကာလ ၂ နှစ်ပြည့်တော့မယ့် အပတ်စဉ် (၁) င စစ်မှုထမ်းတပ်သားတွေကို ရာထူးတိုးပေးပြီး တပ်ထဲကနေ မထွက်ခွာဖို့ စည်းရုံးရေးအတွက် အကြမ်းဖက်စစ်တပ်က စတင်လုပ်ဆောင်နေပြီလို့ တပ်တွင်းသတင်းရင်းမြစ်တွေထံမှ သိရပါတယ်။ စစ်မှုထမ်း အပတ်စဉ် (၁) တွေဟာ လာမယ့် ဧပြီလမှာ ၂နှစ်ပြည့်မှာ ဖြစ်ပြီး အဲဒီတပ်သားတွေကို တစ်ဆင့်မြင့်တဲ့ ရာထူးဖြစ်တဲ့ ဒုတပ်ကြပ်အဆင့်ကို တိုးပေးနေတာ ဖြစ်တယ်လို့ သိရပါတယ်။ “တိုက်ပွဲထူးချွန်တွေကို ရာထူးပေးလာတာတော့ တွေ့ရတယ်။ အပတ်စဉ် (၁) ကနေ စပြီးတော့ အပတ်စဉ် (၁၄) လောက်ထိ ရှိတယ်ပေါ့နော်” လို့ ဗိုလ်ကြီးဇင်ယော်က မောင်းသတင်းဌာနကို ပြောပါတယ်။