တနင်္သာရီတိုင်း၊ လောင်းလုံးမြို့ပေါ်မှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်ကော်မရှင်တပ်ကို ဝင်ရောက်တိုက်ခိုက်ရာ စစ်ကော်မရှင်တပ်က ၂ ယောက် သေဆုံးပြီး ၇ ယောက် ဒဏ်ရာရှိခဲ့တယ်လို့ လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။

အောက်တိုဘာ ၁၇ ရက် မနက်အစောပိုင်းက လောင်းလုံးမြို့ပေါ်ရှိ အောင်သပြေ ဘုန်းကြီးကျောင်းဝင်းအတွင်း တပ်စွဲထားတဲ့ အကြမ်းဖက်စစ်ကော်မရှင်တပ်ကို ဝင်ရောက်တိုက်ခိုက်ရာ နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ပြီး တိုက်ပွဲ (၁) နာရီခွဲခန့် ကြာမြင့်ခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်က ၂ ယောက် သေဆုံးပြီး ၇ ယောက် ဒဏ်ရာရရှိကာ ဒဏ်ရာရသူတွေထဲက ၂ ယောက်က ဒဏ်ရာပြင်းထန်တယ်လို့ သိရပါတယ်။

အဆိုပါစစ်ကော်မရှင်တပ်ဖွဲ့ဟာ လမ်းသွားလာပြည်သူတွေရဲ့ လုံခြုံရေးအပေါ် နေ့စဉ်ရက်ဆက် ခြိမ်းခြောက် အနိုင်ကျင့်နေပြီး လူငယ်တွေကို အဓမ္မပေါ်တာဆွဲခြင်း၊ အတင်းအဓမ္မစစ်မှုထမ်းစုဆောင်းခြင်း၊ ခရီးသွားပြည်သူတွေကို မတရားဖမ်းဆီးခြိမ်းခြောက်ကာ ငွေကြေးအဆမတန်တောင်းခံခြင်း စတဲ့ အကြမ်းဖက်လုပ်ရပ်တွေ နေ့စဉ်ကျူးလွန်နေတယ်လို့လည်း လောင်းလုံး ပကဖ က ဆိုပါတယ်။

အဆိုပါတိုက်ခိုက်မှုကို ထားဝယ်ခရိုင်တပ်ပေါင်းစုနဲ့ လောင်းလုံးသံမဏိလိပ်ပြာတပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး တိုက်ပွဲအပြီး တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဖက်က အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

စစ်ကောင်စီ ကျူးလွန်နေသည့် စစ်ရာဇဝတ်မှုများ အမြန်ဆုံး ရပ်တန့်အောင် ဆောင်ရွက်ပေးရန် ကုလ၊ တရုတ်အပါအဝင် နိုင်ငံတကာအစိုးရများကို TNLA မေတ္တာရပ်ခံ

မြန်မာနိုင်ငံတစ်ဝန်း လေကြောင်းအသုံးပြုပြီး ပြည်သူတွေရှိရာကို ဗုံးကြဲတိုက်ခိုက်နေတဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ စစ်ရာဇဝတ်မှုတွေ အမြန်ဆုံး ရပ်တန့်အောင်ဆောင်ရွက်ပေးဖို့ ကုလသမဂ္ဂနဲ့ တရုတ်အပါအဝင် နိုင်ငံတကာအစိုးရတွေကို မေတ္တာရပ်ခံကြောင်း TNLA က ပြောဆိုထားပါတယ်။
Read More

Sexy Dance ဖြင့် ဖျော်ဖြေခဲ့မှုကြောင့် သရုပ်ဆောင် သင်ဇာဝင့်ကျော် အမှုဖွင့်ခံထားရ

ရန်ကုန်မြို့က ဖျော်ဖြေပွဲတစ်ခုမှာ လိင်အသားပေး Sexy Dance အကနဲ့ ဖျော်ဖြေခဲ့တယ်ဆိုပြီး သရုပ်ဆောင် သင်ဇာဝင့်ကျော်ကို ကမာရွတ်မြို့နယ်ရဲစခန်းမှာ တရားစွဲဆိုထားတယ်လို့​ သိရပါတယ်။
Read More

မိုးကုတ်မြို့ပေါ်ကို စစ်ကောင်စီ ဗုံးအလုံး ၂၀ ခန့် လေကြောင်းတိုက်ခိုက်

မိုးကုတ်မြို့ပေါ်ကို စစ်ကောင်စီက ဗုံးအလုံး ၂၀ ခန့် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တယ်လို့ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) က အသိပေးထုတ်ပြန်ပါတယ်။
Read More

လောင်းလုံးမြို့ စစ်အစိုးရရုံးများတွင် တပ်စွဲထားသည့် စစ်အုပ်စုကို တော်လှန်ရေးတပ်များ ဝင်ရောက်တိုက်ခိုက်

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့က စစ်ကော်မရှင်လက်အောက်ခံ ရုံးတွေမှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်တပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့ ဒေါနစစ်ကြောင်း-၃ (KBDF) က ထုတ်ပြန်ထားပါတယ်။
Read More

စည်းလုံးညီညွတ်မှုရှိစွာ ပူးပေါင်းဆောင်ရွက်နိုင်ပါက ကရင့်တော်လှန်ရေးအောင်မြင်မယ်လို KNU ဥက္ကဋ္ဌ ပြော

ကရင့်တော်လှန်ရေး အောင်မြင်ဖို့ အဓိကသော့ချက်ဟာ စည်းလုံးညီညွတ်မှုရှိရှိနဲ့ ပူးပေါင်းဆောင်ရွက်ရေး ဖြစ်တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ပြောပါတယ်။
Read More

မြိုင်မှာ NUG ရဲ့ အောင်ဆန်းပညာရပ်စုံ တက္ကသိုလ်နေရာ သတင်းပေါက်ပြီး ဗုံးကြဲခံရ၊ CDM ကျောင်းသူ ၁ဦး သေဆုံး

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဖွင့်လှစ်မယ့် အောင်ဆန်းပညာရပ်စုံတက္ကသိုလ်နေရာကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့လို့ CDM ကျောင်းသူ ၁ယောက် သေဆုံးပြီး ၄ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မြိုင်စစ်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။