ရန်ကုန် ပကဖ တိုက်ခိုက်ရေးအင်အားတွေဆိုတာ အထူးတိုင်းစစ်ဌာနနဲ့ ရန်ကုန်တိုင်းစစ်ဌာနတွေရဲ့ ကွပ်ကဲမှုအောက်မှာ တာဝန်ထမ်းဆောင်နေတဲ့ တိုက်ခိုက်ရေးရဲဘော်တွေ ဖြစ်ပါတယ်။

ရန်ကုန်ပကဖတပ်ဖွဲ့စုံ ရဲဘော်တွေဟာ အထူးတိုင်းစစ်ဌာနနဲ့ ရန်ကုန်တိုင်းစစ်ဌာနတို့မှာ ပါဝင်ပူးပေါင်း စစ်ဆင်ရေးဆင်နွှဲနိုင်ဖို့ အားသွန်းခွန်စိုက် လေ့ကျင့်မှုတွေ ပြုလုပ်နေပြီဖြစ်တယ်လို့ သိရပါတယ်။

စစ်ဆင်ရေးအတွင်း ရဲဘော်တွေကို ယူနီဖောင်း၊ ကျည်ကာ တပ်ဆင်ပေးနိုင်ဖို့ သိန်းထောင့်ငါးရာ ကမ်ပိန်းပြုလုပ်ထားတယ်လို့ သိရပါတယ်။

ရန်ကုန်ကို ဦးတည်တဲ့ တိုက်ပွဲတိုင်းမှာ ရဲဘော်တွေ ရွပ်ရွပ်ချွံချွံ ပါဝင်တိုက်ပွဲဝင်နိုင်ဖို့ အခုကမ်ပိန်းမှာ ယူနီဖောင်းတစ်စုံ သုံးသိန်းကျပ်၊ ကျည်ကာဦးထုပ် ကိုးသိန်းကျပ်၊ ကျည်ကာပြား ၂ ချပ် ဆယ်သိန်းကျပ်၊ Vest ၁ ခု ခြောက်သိန်းကျပ်နဲ့ ပါဝင်အားဖြည့်ပေးကြဖို့ မေတ္တာရပ်ခံထားပါတယ်။

Video – ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့-ရန်ကုန်ပကဖ

0 Shares:
You May Also Like
Read More

ကနီမြို့နယ် ဆူးလေကုန်းကျေးရွာကို အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှု အရပ်သား ၁ ယောက် သေဆုံး (ရုပ်/သံ)

စစ်ကိုင်းတိုင်း ကနီမြို့နယ် ဆူးလေကုန်းကျေးရွာကို အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ ဗုံးကြဲချတိုက်ခိုက်မှုကြောင့် အရပ်သား ၁ ယောက်သေဆုံးခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်ထံက သိရပါတယ်။
Read More

တောင်သာမြို့အနောက်ဘက် စစ်တပ်ဂိတ်ကို ဝင်ရောက်တိုက်ခိုက်၊ စစ်သား ၂ ဦး သေပြီး ၂ ဦး ဒဏ်ရာရ (ရုပ်/သံ)

မန္တလေးတိုင်း ‌‌တောင်သာမြို့ အနောက်ဂိတ် ‌(ခေါ်) သံလမ်းဂိတ်ကို တော်လှန်ရေးတပ်ရေး ပူးပေါင်းတပ်တွေ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ယောက် သေဆုံးပြီး ၂ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ Scorpions People Defense Force က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ရန်ကုန်-မန္တလေး အမြန်လမ်းပေါ် တိုက်ပွဲဖြစ်ပွား (ရုပ်/သံ)

ရန်ကုန်-မန္တလေး အမြန်လမ်းပေါ် မိုင်တိုင် အမှတ် ၃၁၉ မိုင် ၆ ဖာလုံမှာ ဒီနေ့ မတ်လ ၁၉ ရက် မနက်ပိုင်းက အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ခရီးသွားပြည်သူတွေထံက သိရပါတယ်။
Read More

စစ်ကောင်စီ၏ လေကြောင်းဗုံးကြဲဒဏ်ခံနိုင်သည့် မြေအောက်ဆေးရုံဆေးခန်းများ ဆောက်ရန် လိုလာပြီဟု ဒေါက်တာဇော်ဝေစိုး ပြောကြား (ရုပ်/သံ)

စစ်ကောင်စီရဲ့ လေကြောင်းဗုံးကြဲဒဏ်ခံနိုင်တဲ့ ရှေ့တန်း၊ နောက်တန်း မြေပြင်မှာရှိတဲ့ ဆေးရုံဆေး ခန်းတွေကို မြေအောက်ဆေးရုံဆေးခန်းတွေ တည်ဆောက်ဖို့ NUG ကျန်းမာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုးက ဒီနေ့မှာ တိုက်တွန်းပြောကြားခဲ့ပါတယ်။
Read More

အရာတော်မြို့နယ်အတွင်း အင်အား ၆၀ ခန့်နဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်တပ်သားတွေ တိုက်ခိုက်ခံရပြီး ပြန်ဆုတ်ခွာထွက်ပြေး (ရုပ်/သံ)

စစ်ကိုင်းတိုင်း အရာတော်မြို့နယ်အတွင်း စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်တပ်သားတွေကို တိုက်ခိုက်ခံရာ အထိနာပြီး ပြန်လည်ဆုတ်ခွာထွက်ပြေးသွားတယ်လို့ မနေ့ညပိုင်းက Ngwe Dwin Revolution Forceမှ သတင်းထုတ်ပြန်ထားပါတယ်။
Read More

အုတ်တွင်း မြို့စိုးတံတား စစ်ဆေးရေးဂိတ်ကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက် (ရုပ်/သံ)

ပဲခူးတိုင်း၊ အုတ်တွင်းမြို့နယ်၊ မြို့စိုးတံတားစစ်ဆေးရေးဂိတ်ကို အောက်တိုဘာ ၇ ရက်က ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ အုတ်တွင်းမြို့နယ် ပကဖ Drone အဖွဲ့ထံက သိရပါတယ်။