ရှမ်းပြည်နယ်၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့နယ်အတွင်း စစ်ကော်မရှင်က လေကြောင်းကနေ ပေါင် ၂၅၀ ဗုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ Ta’ang Women’s Organization က ထုတ်ပြန်ထားပါတယ်။

အောက်တိုဘာ ၁၉ ရက် ဒီနေ့လယ်ပိုင်းက မိုင်းငေါ့မြို့နယ် လွယ်ပိန်းကျေးရွာ ဘုန်းကြီးကျောင်းအနီးကို စစ်ကော်မရှင်က လေကြောင်းကနေ ပေါင် ၂၅၀ ဗုံး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့ရာ ဇရပ်နဲ့ ဘုန်းကြီးကျောင်းဆောင် ထိခိုက်ပျက်စီးခဲ့ရတယ်လို့ သိရပါတယ်။

ဒါ့အပြင် အောက်တိုဘာ ၁၈ ရက် မနေ့ညပိုင်းကလည်း ကျောက်မဲ-မိုင်းငေ့ါလမ်းပေါ် ၁၁ မိုင်ကျေးရွာအတွင်း စစ်ကော်မရှင်က ပေါင် ၅၀၀ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဘုန်းကြီး ၁ ပါး ထိခိုက်ဒဏ်ရာရရှိခဲ့သလို မိုင်းလုံမြို့နယ်၊ နမ့်ခုံးအုပ်စု၊ လွယ်စုကျေးရွာနဲ့ ပန်သပြေကျေးရွာကြားရှိ တောထဲတစ်နေရာကို ဗုံးကြဲခဲ့တဲ့အတွက် အမျိုးသမီး ၁ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့သေးတယ်လို့ သိရပါတယ်။

Video – Ta’ang Women’s Organization

0 Shares:
You May Also Like
Read More

ကျားဖြူပါတီဝင်များ၏ ဝိုင်းကြီးပတ်ပတ် ဒူဝေဝေအကကြောင့် စိတ်ကျန်းမာရေးမကောင်းသူ မူးလဲ (ရုပ်/သံ)

ရန်ကုန်မြို့ ကျားဖြူပါတီဆိုင်းဘုတ်တင်ပွဲတစ်ခုမှာ ပါတီဝင်တွေရဲ့ ဝိုင်းကြီးပတ်ပတ် ဒူဝေဝေအကကြောင့် စိတ်ကျန်းမာရေးမကောင်းသူ မူးလဲသွားခဲ့တယ်လို့ သိရပါတယ်။
Read More

စလင်းက စစ်တပ်ကင်းပုန်းကို တိုက်ခိုက် စစ်ကောင်စီတပ်သားများ သေဆုံးမှုများပြား (ရုပ်/သံ)

မကွေးတိုင်း၊ စလင်းမြို့နယ်အတွင်းက စစ်တပ်ကင်းပုန်းကို တိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုတွေ ရှိခဲ့ကြောင်း ဒေါင်းစစ်အောင် LPDF က ရုပ်သံနဲ့တကွ ထုတ်ပြန်ပါတယ်။
Read More

ပခုက္ကူမြို့နယ်အတွင်းရှိ ပျူစခန်းများကို ရောကတ်များဖြင့် ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်အတွင်းရှိ ရှင်မကန်၊ ညောင်ဂျစ်ပင်၊ အနောက်မကျီးကန်နဲ့ အောင်သာပျူစခန်းတွေကို ၃ရက်ဆက် ရော့ကတ် ၁၂ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ COBRA ONE Pakokku ထံက သိရပါတယ်။
Read More

ပခုက္ကူမြို့နယ်အတွင်း အတင်းအဓမ္မတပ်သားစုဆောင်း၊ စစ်ကြောင်းထိုးနေတဲ့ စစ်တပ်ကို တာဝေးပစ်ရော့ကတ်တွေနဲ့ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

မကွေးတိုင်း ပခုက္ကူမြို့နယ်က တပ်မ ၁၀၁ နဲ့ လက်အောက်ခံတပ် ၂၅၁၊ ၂၅၂ တပ်တွေကို ဒီဇင်ဘာ ၁၇ ရက် ဒီနေ့မနက်ပိုင်းမှာ တာဝေးပစ်ရော့ကတ် ၈ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ COBRA ONE Pakokku အဖွဲ့ရဲ့ သတင်းပေးပို့ချက်အရ သိရပါတယ်။
Read More

တောင်တွင်းကြီး မြို့နယ်အတွင်း ဆက်ကြေး ကောက်ပြန်လာသည့် စစ်ကော်မရှင် တပ်သားများ တိုက်ခိုက်ခံရပြီး ၄ ဦး သေဆုံးကာ သေနတ် ၅ လက် သိမ်းဆည်းရရှိ (ရုပ်/သံ)

မကွေးတိုင်း တောင်တွင်းကြီးမြို့နယ် ပျဉ်းချောင်းကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကော်မရှင်တပ်သား တွေ ဆက်ကြေးကောက်ပြီး အပြန်လမ်းမှာ တိုက်ခိုက်ခဲ့ရာ ၄ ယောက် သေဆုံးပြီး သေနတ် ၅ လက်သိမ်း ဆည်းရရှိခဲ့တယ်လို့  ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့-ပုဏ္ဏဝတီက ဒီနေ့သတင်း ထုတ်ပြန်ထားပါတယ်။
Read More

၁၀၂၇ ဒုတိယလှိုင်းကတည်းက တိုက်ပွဲဝင်ခဲ့သည့် ကျောက်မဲခရိုင် အထူးတိုက်ခိုက်ရေးအဖွဲ့ ရဲဘော်များ၏ အိမ်ပြန်ခရီး (ရုပ်/သံ)

၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းကတည်းက ရှေ့တန်းစစ်မျက်နှာမှာ တိုက်ပွဲဝင်ခဲ့ကြတဲ့ ရဲဘော်တွေကို ကြိုဆိုခဲ့တဲ့ မှတ်တမ်းရုပ်သံကို ကျောက်မဲခရိုင် အထူးတိုက်ခိုက်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။