မွန်ပြည်နယ်၊ ​ကျိုက်ထိုမြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သားပြည်သူ ၁ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်အရုံး ၊ ဒူးသထူခရိုင်က ထုတ်ပြန်ပါတယ်။

အောက်တိုဘာ ၁၈ ရက် မနေ့က မနက်ပိုင်းမှာ အကြမ်းဖက်စစ်တပ်က ကျိုက်ထိုမြို့နယ်ရှိ ကျောက်ဖျာကျေးနယ်အတွင်း လေယာဉ်နဲ့ ဗုံးသီး (၁၀) လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

အကြမ်းဖက်စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ကျောက်ဖျာကျေးနယ်က ဒေသခံအရပ်သား (၁) ယောက် ထိခိုက်ဒဏ်ရာရ(မစိုးရိမ်ရ)ခဲ့ပြီး လူနေအိမ် (၇) လုံးထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

အာဏာသိမ်းစစ်တပ်မှ လေယာဉ်ဖြင့်ဗုံးကြဲမှုကြောင့် ထိခိုက်ပျက်စီးမှုများ (ဓာတ်ပုံ KNU-Doo Tha Htu District)

0 Shares:
You May Also Like
Read More

ခြေဆေးရွာကို စစ်တပ် လေယာဉ်ဗုံးကြဲလို့ အမျိုးသမီး ၁ ယောက်သေဆုံးပြီး ကိုယ်ဝန်ဆောင်သည်အပါအဝင် ၂ယောက်စိုးရိမ်ရ

မန္တလေးတိုင်း၊ မြင်းခြံမြို့နဲ့နွားထိုးကြီး အစပ်က ခြေဆေးကျေးရွာကို စစ်ကောင်စီက လေယာဥ်၂စီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် ရွာခံအမျိုးသမီး ၁ယောက်သေဆုံးကာ ကိုယ်ဝန်ဆောင်သည်အပါအဝင် အမျိုးသမီး​၂ယောက် စိုးရိမ်နေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

ခင်ဦးမြို့နယ်မှာ တန်ဆောင်တိုင်အထိမ်းအမှတ် NUG အုပ်ချုပ်ရေးပိုင်း တာဝန်ရှိသူတွေက ပကဖ ရဲဘော်တွေကို အခြေခံ နိုင်ငံရေးသဘောတရားတွေ၊ ဆုံးမသြဝါဒစကားတွေ ပြောကြားခဲ့

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်မှာ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ မြို့နယ်အုပ်ချုပ်ရေးပိုင်း တာဝန်ရှိသူတွေက ပြည်သူ့ကာကွယ်ရေးအဖွဲ့ရှိ ရဲဘော်တွေကို တွေ့ဆုံပြီး အခြေခံ နိုင်ငံရေးသဘောတရားတွေ၊ ဆုံးမသြဝါဒစကားတွေ ပြောကြားခဲ့တယ်လို့ ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးက ထုတ်ပြန်ပါတယ်။
Read More

ပုလဲမြို့နယ် ပ.က.ဖ တိုက်နယ် (၁) အပတ်စဥ် ၂ အခြေခံစစ်ပညာ သင်တန်းဆင်းပွဲ (ဓာတ်ပုံသတင်း)

စစ်ကိုင်းတိုင်းအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ပုလဲမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ပ.က.ဖ က တိုက်နယ် ၁ ရဲ့ အခြေခံ စစ်ပညာ သင်တန်း အပတ်စဥ် ၂ သင်တန်းဆင်းပွဲကို ဒီဇင်ဘာ ၄ ရက် မနက်ပိုင်းမှာ ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ထားပါတယ်။
Read More

ရွှေဘိုတွင် ပြည်သူ့ကာကွယ်ရေးတပ်များ ပိတ်ဆို့ တိုက်ခိုက်နေသည့် ရွာ ၂ ရွာမှ ပျူစောထီးများ စခန်းစွန့်ခွါထွက်ပြေး

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေရဲ့ ပိတ်ဆို့တိုက်ခိုက်မှုကြောင့် အငတ်ဘေးကြုံံနေရတဲ့ ညောင်ကိုင်း နဲ့ တည်သီးတောရွာတွေအတွင်းက ပျူစောထီးတွေ စခန်းစွန့်ခွာ ထွက်ပြေးသွားပြီဖြစ်တယ်လို့ ဗိုလ်ကျားရိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့တာဝန်ရှိသူ ကိုဗလကြီးက မောင်းကို ပြောပါတယ်။
Read More

မုံရွာတွင် ပြည်သူကို ငွေကြေးတောင်းခံနေသည့် စစ်ကောင်စီတပ်သားများနှင့် ပျူစောထီးများ တိုက်ခိုက်ခံရ၊ ၃ ဦး သေဆုံး

မုံရွာမှာ ပြည်သူတွေကို အနိုင်ကျင့်ပြီး ငွေကြေးတောင်းခံနေတဲ့ စစ်ကောင်စီလက်အောက်ခံ ပျူစောထီးနဲ့ စစ်ကောင်စီတပ်သားတွေ ပစ်ခတ်တိုက်ခိုက်ခံရပြီး ၃ဦးသေဆုံးခဲ့ကြောင်း မုံရွာခရိုင်အမှတ် (၂၂) နတ်ဆိုးတပ်ရင်းက ထုတ်ပြန်ပါတယ်။
Read More

အမေရိကန်မှာ NUG ဝန်ကြီး ဒေါက်တာဆာဆာက သံအမတ်ကြီးဦးကျော်မိုးထွန်းအပါအဝင် နယူးယောက်ရှိ မြန်မာပြည်သူတွေနဲ့ တွေ့ဆုံခဲ့…

အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီး ဒေါက်တာဆာဆာက ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်ရုံးမှာ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းနဲ့ တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။