အကြမ်းဖက်စစ်တပ်က ပြည်နယ် နဲ့ ယူနစ်(တိုင်း)တွေအလိုက် လေကြောင်းတိုက်ခိုက်လေ့ရှိတဲ့ အကြမ်းဖက်စစ်တပ်ရဲ့ လေဆိပ်နဲ့ လေယာဉ်အမျိုးအစားတွေကို Enemy Air Route (EAR) နဲ့ မြေပြင်ဒေသခံ လေကြောင်းကင်းထောက်အဖွဲ့တွေ ပူးပေါင်းပြီး မနေ့က ထုတ်ပြန်ထားပါတယ်။

Enemy Air Route(EAR) အနေနဲ့ လေကြောင်းစောင့်ကြည့်ထောက်လှမ်းရေးအတွက် ၄ နှစ်ကျော်ကြာ လုပ်ဆောင်ခဲ့ရင်း ရရှိထားတဲ့ အချက်အလက်တွေနဲ့ မြေပြင်ရှိ ဒေသခံလေကြောင်း ကင်းထောက်အဖွဲ့တွေနဲ့ ပူးပေါင်းပြီး အတည်ပြု စိစစ်ထားတာဖြစ်တယ်လို့ ဆိုပါတယ်။

စစ်ကိုင်း၊ မကွေး၊ မန္တလေး ယူနစ်တွေအတွက် အကြမ်းဖက်စစ်တပ် အသုံးပြုမှု အများဆုံး လေဆိပ်တွေကတော့ တံတားဦးလေတပ်ဆွယ် ၊ မုံရွာ(နမခ) ၊ မိတ္ထီလာ(ရှမ်းတဲ) ၊ နပတ(အေလာ) ၊ မကွေးလေတပ် တို့ဖြစ်ပြီး စစ်လေယာဉ်တွေအနေနဲ့ ဂျက်ဖိုက်တာ ၊ Y 12 ၊ MI 35 ၊ Paramotar နဲ့ Gyrocopter တို့ကို အသုံးပြုတာ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

ကချင်ပြည်နယ်မှာ အကြမ်းဖက်စစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေအတွင်း အများဆုံး အသုံးပြု တဲ့ လေဆိပ်တွေကတော့ တံတားဦးလေတပ်ဆွယ် ၊ မြစ်ကြီးနား နမ့်ပေါင်လေတပ် နဲ့ မိတ္ထီလာ(ရှမ်းတဲ) တို့ ဖြစ်ပြီး ရံဖန်ရံခါမှာ နပတ(အေလာ) နဲ့ နမ့်စန့်လေတပ်တွေကို အသုံးပြုတာတွေ ရှိတယ်လို့ ဆိုပါတယ်။

အသုံးပြုတာ များတဲ့ စစ်လေယာဉ်တွေကတော့ ဂျက်ဖိုက်တာ နဲ့ Y 12 တို့ဖြစ်ပြီးတော့ ရံဖန်ရံခါ မှာ MI 35 ကို အသုံးပြုတယ်လို့ ဖော်ပြထားပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းက အကြမ်းဖက်စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေအတွင်း အများဆုံး အသုံးပြုတဲ့ လေဆိပ်တွေကတော့ တံတားဦးလေတပ်ဆွယ်၊ မိတ္ထီလာ(ရှမ်းတဲ)၊ နပတ(အေလာ) တို့ဖြစ်ပြီးတော့ ရံဖန်ရံခါမှာ ပြင်ဦးလွင်(အနီးစခန်းလေဆိပ်) နဲ့ နမ့်စန်လေတပ်တို့ကို အသုံးပြုကာ ဂျက်ဖိုက်တာနဲ့ Y 12 လေယာဥ် တို့ကို အသုံးပြုတယ်လို့ EAR က ဖော်ပြထားပါတယ်။

ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ ကရင်နီပြည်နယ်တွေက အကြမ်းဖက်စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေအတွင်း အများဆုံး အသုံးပြုတဲ့ လေဆိပ်တွေက တောင်ငူလေတပ် ၊ နပတ(အေလာ) ၊ နမ့်စန့်လေတပ် နဲ့ မိတ္ထီလာ(ရှမ်းတဲ)တို့ဖြစ်ပြီး ဂျက်ဖိုက်တာ နဲ့ Y 12 တို့ကို အသုံးပြုတာများပေမယ့် ရံဖန်ရံခါ မှာ MI 35 ကို အသုံးပြုတယ်လို့ ဖော်ပြထားပါတယ်။

ချင်းပြည်နယ်က အကြမ်းဖက်စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေအတွင်း အများဆုံးအသုံးပြု တဲ့ လေဆိပ်တွေက တံတားဦးလေတပ်ဆွယ် ၊ မိတ္ထီလာ(ရှမ်းတဲ) ၊ မကွေးလေတပ် တို့ဖြစ်ပြီး ရံဖန်ရံခါ မှာ နပတ(အေလာ) ၊ ကလေးလေဆိပ် နဲ့ မုံရွာ(နမခ) တို့ ဖြစ်ပြီး ဂျက်ဖိုက်တာ နဲ့ Y 12 တို့ကို အများဆုံး အသုံးပြုကာ ရံဖန်ရံခါ မှာ MI 35 ကို အသုံးပြုတယ်လို့ သိရပါတယ်။

ရခိုင်ပြည်နယ်က အကြမ်းဖက်စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေအတွင်း အများဆုံးအသုံးပြုတဲ့ လေဆိပ်တွေက တံတားဦးလေတပ်ဆွယ် ၊ မိတ္ထီလာ(ရှမ်းတဲ) ၊ မကွေးလေတပ် ၊ နပတ(အေလာ) တို့ဖြစ်ပြီး ရံဖန်ရံခါမှာ ပုသိမ်လေတပ် နဲ့ မှော်ဘီလေတပ်တို့ဖြစ်ပြီး ဂျက်ဖိုက်တာ နဲ့ Y 12 တို့ အများဆုံးအသုံးပြုကာ ရံဖန်ရံခါ မှာ MI 35 ကို အသုံးပြုတယ်လို့ ဖော်ပြထားပါတယ်။

ပဲခူး၊ မွန်နဲ့ ကရင်ပြည်နယ်မှာတော့ အကြမ်းဖက်စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေအတွင်း အများဆုံးအသုံးပြုတဲ့ လေဆိပ်တွေက တောင်ငူလေတပ် ၊ မှော်ဘီလေတပ် နဲ့ နပတ(အေလာ) တို့ဖြစ်ပြီး ရံဖန်ရံခါမှာ မိတ္ထီလာ(ရှမ်းတဲ) နဲ့ မော်လမြိုင်(ရတခ/လေဆိပ်)တွေကို အသုံးပြုသလို ဂျက်ဖိုက်တာ ၊ Y 12 ၊ MI 35 နဲ့ Paramotar တို့ကို အသုံးပြုတယ်လို့ ဖော်ပြထားပါတယ်။

တနင်္သာရီတိုင်းမှာလည်း အကြမ်းဖက်စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေအတွင်း အများဆုံးအသုံးပြုတဲ့ လေဆိပ်တွေက မြိတ်လေတပ် နဲ့ ထားဝယ်လေဆိပ်တို့ဖြစ်ပြီး အသုံးပြုအများတဲ့ စစ်လေယာဉ်တွေက ဂျက်ဖိုက်တာနဲ့ Y 12 တို့ဖြစ်ပေမယ့် ရံဖန်ရံခါ မှာ MI 2 ကို အသုံးပြုတယ်လို့ သိဏပါတယ်။

အခုဖော်ပြထားတဲ့ အချက်အလက်တွေက နေ့စဉ်လေကြောင်းရန်နဲ့ရင်ဆိုင်နေရသူတွေ လေကြောင်း စောင့်ကြည့်ရေးအဖွဲ့ကလူတွေအတွက်တော့ အစိမ်းသက်သက်မဟုတ်ပေမယ့် သာမန်အရပ်သား ပြည်သူတွေ လေကြောင်းတိုက်ခိုက်မှုနဲ့ အတွေ့အကြုံမရှိသူတွေ လေတပ်လေယာဉ်အချက်အလက်တွေနဲ့ မရင်းနှီးသူတွေအတွက် အဓိကရည်ရွယ်ပြီး တင်ပြပေးတာ ဖြစ်တယ်လို့ EAR က ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

၁၈ မိုင် စစ်ကောင်စီစခန်းကုန်းကို သိမ်းပိုက်ခဲ့တဲ့ PDF တွေကို ပြည်သူတွေက ကြိုဆို (ဓာတ်ပုံသတင်း)

စလင်းမြို့က ၁၈ မိုင် စစ်ကောင်စီစခန်းကုန်း သိမ်းပိုက်နိုင်ခဲ့တဲ့ PDF တွေကို ပြည်သူတွေက သောင်းသောင်းဖြဖြ ကြိုဆိုခဲ့တယ်လို့ ပခုက္ကူခရိုင် အ မှတ်(၁၅)တပ်ရင်းက ဒီနေ့ ဧပြီလ ၁၄ရက်နေ့ ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

နောင်ချိုကို စစ်ကောင်စီ ထပ်မံဗုံးကြဲတိုက်ခိုက်လို့ အရပ်သားပြည်သူနှစ်ယောက် သေဆုံးခဲ့ရ

TNLA ထိန်းချုပ်ထားတဲ့ နောင်ချိုမြို့ကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်လို့ အရပ်သားပြည်သူ ၂ ယောက်သေဆုံးခဲ့ရကြောင်း တအာင်းတပ်မတော် TNLA က ထုတ်ပြန်ပါတယ်။
Read More

မြင်းခြံ ပျူစောထီးခေါင်းဆောင် သီတာယုမွန်၏ အမျိုးသားဖြစ်သူ စိန်လွင််ကို မူးယစ်ဆေးဝါးများနှင့် အတူ တောင်သာတွင် PDF များက ဖမ်းဆီးရမိ

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်မှာ   မူးယစ်ဆေးဝါးတွေ ယူဆောင်ပြီး ပျော်ပွဲစားထွက်လာတဲ့ မြင်းခြံ ပျူစောထီးခေါင်းဆောင် သီတာယုမွန်ရဲ့ အမျိုးသားဖြစ်သူ  စိန်လွင််ကို လက်ရဖမ်းဆီး ထားပြီလို့ မြင်းခြံခရိုင် တပ်ရင်း(၃) တာဝန်ရှိသူ တယောက်က မောင်းကို ပြောပါတယ်။
Read More

၁၀၂၇ စစ်ဆင်ရေးအတွင်း ပါဝင်တိုက်ပွဲဝင်ခဲ့သည့် MDY-PDF တပ်ဖွဲ့ထဲ စစ်ကောင်စီက သူလျှိုများ စေလွှတ်ကာ အသွင်ယူထောက်လှမ်းခဲ့

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော် - မန္တလေး (MDY-PDF) တပ်ဖွဲ့အတွင်း အကြမ်းဖက်စစ်ကောင်စီက အတွင်းလူ(သူလျှို၊ ဒလန်) တွေ စေလွှတ်ပြီး အသွင်ယူထောက်လှမ်းခဲ့တယ်လို့ MDY-PDF က ဒီနေ့ ညနေပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

မန္တလေးမြို့မှာ ပြုလုပ်ခဲ့တဲ့ နှစ်သစ်ကူး တော်လှန်လူထု လှုပ်ရှားမှုတစ်ရပ်…

မြန်မာပြည်သူတွေ မြန်မာနှစ်သစ်မှသည် အားလုံး သာကြပါစေ၊ မာကြပါစေကြောင်း၊ သဘာဝဘေး၊ လူလုပ်ဘေးအပေါင်းမှလည်း ကင်းဝေးကြပါစေကြောင်း မန္တလေးမြို့ တော်လှန်လူငယ်တွေက ဆုတောင်းရင်း နှစ်သစ်ကူး တော်လှန်လူထု လှုပ်ရှားမှုတစ်ရပ်ကို မြန်မာနှစ်ဆန်းတစ်ရက်နေ့မှာ ဖော်ဆောင်ခဲ့တယ်လို့ မန္တလေး သပိတ်အင်အားစုက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ရေဖြူမြို့နယ်က ကျေးရွာများကို စစ်ကြောင်းထိုးလာသည့် စစ်ကော်မရှင်တပ်သားများနှင့် တော်လှန်ရေးတပ်များ တိုက်ပွဲဖြစ်ပွား၊ စစ်သား ၁၇ ဦး သေဆုံးဟုဆို

တနင်္သာရီတိုင်း ရေဖြူမြို့နယ် ကော့လှိုင်ကျေးရွာအနီးကို စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်တပ်သားတွေနဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ပွဲဖြစ်ပွားရာ စစ်သား ၁၇ ယောက် သေဆုံးခဲ့တယ်လို့ မွန်ပြည်တော်လှန်ရေးတပ် (MSRF) က သတင်းထုတ်ပြန်ထားပါတယ်။