တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ် အောင်သပြေဘုန်းကြီးကျောင်းမှာ တပ်စွဲပြီး ပြည်သူတွေထံက ခြိမ်းခြောက်ငွေတောင်း အဓမ္မပေါ်တာဆွဲ စစ်သားစုဆောင်းနေတဲ့ စစ်ကော်မရှင် တပ်သားတွေကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ယောက် သေဆုံးပြီး ၇ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ထား၀ယ်ခရိုင်တပ်ပေါင်းစုက သတင်းထုတ်ပြန်ထားပါတယ်။

အောက်တိုဘာ ၁၇ ရက် မနက်ပိုင်းက လောင်းလုံးမြို့ အောင်သပြေဘုန်းကြီးကျောင်းမှာ တပ်စွဲထား တဲ့ စစ်ကော်မရှင်တပ်သားတွေကို တော်လှန်ရေးပူးပေါင်းတပ်တွေ ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ခိုက်မှုအတွင်း စစ်သား ၂ ယောက် သေဆုံးကာ ၇ ယောက် ဒဏ်ရာရရှိသွားပြီး ၂ ယောက် ထိခိုက်ဒဏ်ရာပြင်းထန်တယ်လို့ သိရပါတယ်။

အဲဒီစစ်ဆင်ရေးကို ထားဝယ်ခရိုင်တပ်ပေါင်းစုနဲ့ လောင်းလုံးသံမဏိလိပ်ပြာတပ်ဖွဲ့တို့ ပူးပေါင်းလုပ် ဆောင်ခဲ့တာဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။

Video – ထား၀ယ်ခရိုင်တပ်ပေါင်းစု

0 Shares:
You May Also Like
Read More

တိုက်ပွဲပေါင်း ၆၀ ကျော် ပါဝင်တိုက်ခိုက်ခဲ့သည့်လက်နက်ကြီးရဲ‌ဘော် ရှောက်သီး တော်လှန်‌ရေးကာလဖြတ်သန်းမှု (ရုပ်/သံ)

မြို့သိမ်း၊ စခန်းသိမ်းတိုက်ပွဲပေါင်း ၆၀ ကျော်ကို ပါဝင်တိုက်ခိုက်ခဲ့တဲ့ လက်နက်ကြီးရဲဘော် ရှောက်သီးရဲ့ တော်လှန်ရေးကာလဖြတ်သန်းမှုကို 3702-Warrior's Adventure က ထုတ်ပြန်လိုက်ပါတယ်။
Read More

စစ်အာဏာရှင်တွန်းလှန်ရေးမှာ လိုအပ်နေတဲ့ ဒရုန်းတွေ ဝယ်ယူနိုင်ဖို့ “မကွေးဝေဟင် ဒရုန်းစစ်ဆင်” ကမ်ပိန်း (ရုပ်/သံ)

မကွေးခရိုင်ကွပ်ကဲရေးရုံးက အကြမ်းဖက်စစ်အာဏာရှင်ကို တွန်းလှန်ရေးတိုက်ပွဲမှာ လိုအပ်နေတဲ့ ဒရုန်းတွေဝယ်ယူနိုင်ဖို့ ''မကွေးဝေဟင် ဒရုန်းစစ်ဆင်'' ကမ်ပိန်းပြုလုပ်ထားတယ်လို့ သိရပါတယ်။
Read More

မုံရွာ-မန္တလေးလမ်းပိုင်းမှာ တိုက်ပွဲဖြစ်ပွားနေစဉ်အတွင်း ပိတ်မိနေတဲ့ ခရီးသည်တင်ယာဉ်ပေါ်ရှိ ပြည်သူတွေကို ကယ်ထုတ်ခဲ့တဲ့ ရုပ်သံဖိုင် Dragon Brothers Task Force ထုတ်ပြန်

စစ်ကိုင်းတိုင်း မုံရွာ-မန္တလေးလမ်းပိုင်းမှာ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွားနေစဉ်အတွင်း ပိတ်မိနေတဲ့ ခရီးသည်တင်ယာဉ်ပေါ်ရှိ ပြည်သူတွေကို ကယ်ထုတ် ခဲ့တဲ့ ရုပ်သံဖိုင်ကို Dragon Brothers Task Force မှ ထုတ်ပြန်လိုက်ပါတယ်။
Read More

”သင့်မဲဖြင့် တရားဝင် လူသတ်ခွင့် မပေးနဲ့”၊ ထွက်ပေါက်မဟုတ်ဘူးနော် ထောင်ချောက်ကြီး

”သင့်မဲဖြင့် တရားဝင် လူသတ်ခွင့် မပေးနဲ့”၊ ထွက်ပေါက်မဟုတ်ဘူးနော် ထောင်ချောက်ကြီး
Read More

မြင်းခြံမြို့ ခမရ ၁၅ တပ်ရင်း စစ်ဆေးရေးဂိတ်ကို ပြောက်ကျားဝင်ရောက်ပစ်ခတ်မှု စစ်သား ၃ ဦး သေ (ရုပ်/သံ)

မန္တလေးတိုင်း၊ မြင်းခြံမြို့က အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ ခမရ ၁၅ တပ်ရင်း စစ်ဆေးရေးဂိတ်ကို မတ်လ ၁၇ ရက် မနေ့ညပိုင်းမှာ တော်လှန်ရေးတပ်တွေ ပြောက်ကျားဝင်ရောက် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Myingyan Black Tiger အဖွဲ့ထံက သိရပါတယ်။
Read More

မင်းအောင်လှိုင်ကို ဖိတ်ခေါ်တဲ့ ခရီးစဉ်အပေါ် ပြန်လည်သုံးသပ်ဖို့ တရုတ်ကို NUG တောင်းဆို (ရုပ်/သံ)

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို တရုတ်နိုင်ငံက ဖိတ်ခေါ်မှုအပေါ် ပြန်လည်သုံးသပ်ပယ်ဖျက်ပေးသင့်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇောက ပြောကြားလိုက်ပါတယ်။