ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်မှာ အောက်တိုဘာလ တတိယပတ်ထဲ တရားမဝင် ဝင်ရောက်တဲ့ မြန်မာနိုင်ငံသား ၁၁၂ ယောက်အထိ ဖမ်းဆီးခံခဲ့ရကြောင်း ထိုင်းမြန်မာနယ်စပ် သတင်းရင်းမြစ်တွေဆီက သိရပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၅ရက်၊ မနက်အစောပိုင်းက ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ ဖိုးဖမြို့နယ်၊ အမှတ် (၂) ဝါလေကျေးရွာ၊ ဝါလေတိုင်-မောကိုလမ်းပိုင်းမှာ မြန်မာနိုင်ငံသားတွေတင်ဆောင်လာတဲ့ ပစ်ကပ်ကား ၂ စီးကို ထိုင်းအာဏာပိုင်တွေက တားဆီးစစ်ဆေးဖမ်းဆီးခဲ့ပါတယ်။

ကားပေါ်ပါလာသူတွေဟာ ထိုင်း-မြန်မာနယ်စပ်၊ မြန်မာဘက်ခြမ်း သောင်ရင်းမြစ်ကနေ ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်ဖို့ တရားမဝင် ကူးလာကြသူတွေဖြစ်ပြီး ပွဲစားတွေနဲ့ မြန်မာနိုင်ငံသား ၂၃ ယောက် ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။

ဒါ့အပြင် အောက်တိုဘာလ ၁၇ ရက် နေ့လယ်ပိုင်းကလည်း မြန်မာနိုင်ငံ၊ မြဝတီမြို့နယ်၊ ရွှေကုက္ကိုလ်မြို့သစ်ကနေ သောင်ရင်းမြစ်ကိုဖြတ်ကူးလာတဲ့ မြန်မာနိုင်ငံသား ၃၄ ယောက်ကို ကင်းလှည့်နေတဲ့ ထိုင်းအာဏာပိုင်တွေက တွေ့ရှိပြီး ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။

ဖမ်းဆီးခံရသူတွေဟာ မြန်မာနိုင်ငံသား အမျိုးသား ၂၆ ယောက်နဲ့ အမျိုးသမီး ၈ယောက်ဖြစ်ပြီး ထိုင်းနိုင်ငံ၊ မဲဆောက်မြို့၊ မယ်ပကျေးရွာအုပ်စု၊ ဝမ်ကဲ့ယောက်ကျေးရွာအတွင်း ဝင်ရောက်လာချိန် တရားဝင် စာရွက်စာတမ်းမရှိမှုနဲ့ ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။

အလားတူ အောက်တိုဘာလ ၁၈ ရက်နေ့ကလည်း တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၅၅ယောက်ကို လမ်းပြ ၂ယောက်၊ ကား၃စီးနဲ့အတူ ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းအာဏာပိုင်တွေက ထုတ်ပြန်ထားပါတယ်။

ဖမ်းဆီးခံရသူတွေဟာ အမျိုးသား ၃၁ ယောက်နဲ့ အမျိုးသမီး၂၄ ယောက် ဖြစ်ပြီး တရားဝင် စာရွက်စာတမ်းတွေ မပါရှိတာကြောင့် လက်ရှိ မယ်ပရဲစခန်းမှာ စစ်ဆေးခံနေရတယ်လို့ သိရပါတယ်။

လက်ရှိမှာ မြန်မာနိုင်ငံအတွင်း အကြမ်းဖက်စစ်တပ်အာဏာသိမ်းမှုကြောင့် နေ့စဥ်နဲ့အမျှဆိုသလို ထိုင်းနိုင်ငံအတွင်း ဝင်ရောက်နေကြတဲ့ မြန်မာနိုင်ငံသားတွေရှိနေကြပြီး အဲ့ဒီထဲကမှ တရားမဝင် ဝင်ရောက်နေတဲ့ မြန်မာနိုင်ငံသားတွေရဲ့ ဖမ်းဆီးခံရမှုသတင်းတွေလည်း ဆက်တိုက်ဆိုသလို ရှိနေတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၆ရက်နေ့ကလည်း ထိုင်းနိုင်ငံ၊ စာမွတ်ဆာခွတ်ခရိုင်၊ မဟာချိုင်မှာ ပန်းရောင်ကဒ်လုပ်ဖို့ စောင့်ဆိုင်းနေတဲ့ မြန်မာနိုင်ငံသား ၁၃၁ယောက်ဟာ မြန်မာပွဲစားအချင်းချင်း အဝေမတည့် သတင်းပေးတိုင်ကြားခံရမှုကြောင့် ထိုင်းအာဏာပိုင်တွေရဲ့ ဝင်ရောက်ဖမ်းဆီးတာကို ခံခဲ့ရပါသေးတယ်။

0 Shares:
You May Also Like
Read More

မင်းအောင်လှိုင်၏ ရုရှားခရီးစဉ် စတင်၊ မတ်လ ၄ ရက်နေ့တွင် ပူတင်နှင့် တွေ့ဆုံမည်

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ ဒုတိယအကြိမ်မြောက် ရုရှားနိုင်ငံခရီးစဉ်အဖြစ် ဒီနေ့ မတ်လ ၃ ရက်မှာ နေပြည်တော်လေဆိပ်ကနေထွက်ခွါသွားပြီ ဖြစ်ပါတယ်။
Read More

ထိုင်းနိုင်ငံအနေနဲ့ မြန်မာလူထုအပေါ် စာနာစိတ်ထား ကူညီပေးဖို့နဲ့ ယာယီနေထိုင်ခွင့်ပေးရေး NUCC တိုက်တွန်းတောင်းဆို

လူ့အခွင့်အရေးချိုးဖောက်နေတဲ့ အကြမ်းဖက်စစ်အုပ်စုဆီက ထွက်ပြေးတိမ်းရှောင်လာတဲ့ မြန်မာပြည်သူလူထုအပေါ် ထိုင်းနိုင်ငံအနေနဲ့ စာနာစိတ်ထားကာ ကူညီကယ်ဆယ်ပေးဖို့နဲ့ အထောက်အထားမဲ့ မြန်မာပြည်သူတွေကို ထိုင်းနိုင်ငံအတွင်း ယာယီ နေထိုင်ခွင့်ပေးတဲ့ အစီအစဉ်တွေကို ရေးဆွဲ အတည်ပြုပေးဖို့ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ NUCC က စက်တင်ဘာလ ၂၃ ရက် မနေ့က ထုတ်ပြန်ထားပါတယ်။
Read More

မဲဆောက်တွင် မြန်မာအမျိုးသမီး၏ လည်ပင်းကို ဓားဖြင့်လှီးသူအား ဖမ်းဆီးရမိ

ထိုင်း-မြန်မာနယ်စပ်ဖြစ်တဲ့ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့မှာ မြန်မာအမျိုးသမီးတစ်ယောက်ရဲ့ လည်ပင်းကို ဓားနဲ့လှီးပြီး ထွက်ပြေးသွားတဲ့ အမျိုးသားကို ဖမ်းဆီးရမိခဲ့ပြီလို့ သိရပါတယ်။
Read More

ထိုင်းရောက်မြန်မာများ ကြိုတင်မဲပေးရန် စစ်အုပ်စုသံရုံး ထုတ်ပြန်

ထိုင်းနိုင်ငံရောက် မြန်မာတွေအနေနဲ့ စစ်အုပ်စုရဲ့ အတုအယောင်ရွေးကောက်ပွဲအတွက် ဒီဇင်ဘာလ ၆ ရက်နဲ့ ၇ ရက်တွေမှာ ကြိုတင်မဲပေးနိုင်တယ်လို့ ဘန်ကောက်မှာရှိတဲ့ စစ်အုပ်စုရဲ့ မြန်မာသံရုံးက ထုတ်ပြန်ပါတယ်။ 
Read More

PTTEP အနေဖြင့် စစ်ကောင်စီနှင့် ပတ်သက်သည့် ရင်းနှီးမြှုပ်နှံမှုများကို ချက်ချင်းရပ်တန့်ဖို့ JFM တောင်းဆို

ထိုင်းနိုင်ငံ ရေနံကုမ္ပဏီ PTTEP အနေနဲ့ စစ်ရာဇဝတ်မှုတွေ ဆက်တိုက်ကျူးလွန်နေတဲ့ အာဏာသိမ်းစစ်ကောင်စီနဲ့ ပတ်သက်နေမှုကို ချက်ချင်းရပ်တန့်ပေးဖို့ Justice For Myanmar (JFM) က တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။
Read More

တီမောလက်စတေးမှာ NUG အစိုးရ ဆက်ဆံရေးရုံး တရားဝင် ဖွင့်လှစ်၊” မြန်မာ့အရေးသည် ရွေးကောက်ပွဲကျင်းပရုံဖြင့် မဖြေရှင်းနိုင်”

တီမောလက်စတေးနိုင်ငံမှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ဆက်ဆံရေးရုံးကို တရားဝင် ဖွင့်လှစ်လိုက်ပြီဖြစ်တယ်လို့ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ဇန်နဝါရီ ၂၉ ရက်က ပြုလုပ်ခဲ့တဲ့ နိုင်ငံခြားရေးဝန်ကြီးဌာန သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။