တအာင်းတပ်မတော် (TNLA) သိမ်းပိုက်ထိန်းချုပ်ရာ မြို့ရွာတွေက အရပ်သားပြည်သူတွေကို ပစ်မှတ်ထားပြီး နေ့စဉ် ဗုံးကြဲတိုက်ခိုက်မှုတွေအတွက် အလှည့်ရှိလာမယ်လို့ TNLA အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ် တားဘုန်းကျော်က လူမှုကွန်ရက်ကတဆင့် ရေးသားပြောဆိုလိုက်ပါတယ်။

ဗိုလ်ချုပ် တားဘုန်းကျော်က “မနက် နေ့ခင်း ညနေ ညသန်းခေါင် ဆက်တိုက် လေယာဉ် ဗုံးကြဲနေတာ၊ ကြဲတဲ့သူ၊ ကြဲဖို့ ဆော်ဩသူ၊ ကြဲခံရတာကို ဝမ်းမြောက် လက်ခုပ်တီးသူ အားလုံးကို ထုံး သေချာ တို့ မှတ်ထားမယ်၊ အလှည့်ဆိုတာ ရှိစမြဲပါ” လို့ လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။

အကြမ်းဖက်စစ်တပ်အနေနဲ့ TNLA ထိန်းချုပ်ထားတဲ့ နမ့်ဆန်၊ မန်တုံ၊ မိုင်းငေါ့နဲ့ မိုးကုတ်မြို့နယ်တွေမှာ မနေ့ညပိုင်းကနေ ဒီနေ့ နေ့လယ်ပိုင်းအထိ လေကြောင်းကနေ ဆက်တိုက် ဗုံးကြဲတိုက်ခိုက်နေတာတွေကြောင့် ကလေးငယ်တွေအပါအဝင် အရပ်သားတွေ သေဆုံးကာ အများအပြား ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

အောက်တိုဘာ (၁)ရက်ကနေ (၁၈)ရက်အထိ အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ မန်တုံမြို့မှာ (၁)ကြိမ်၊ ကျောက်မဲမြို့မှာ (၃)ကြိမ်၊ သီပေါမြို့မှာ (၅)ကြိမ်၊ မိုင်းငေါ့မြို့မှာ (၁)ကြိမ်၊ မိုင်းလုံမြို့မှာ (၄)ကြိမ်၊ နမ့်ဆန်မြို့မှာ (၅)ကြိမ်၊ နမ္မတူမြို့မှာ (၅) ကြိမ်၊ မိုးမိတ်မြို့မှာ (၃) ကြိမ်နဲ့ မိုးကုတ်မြို့မှာ (၁) ကြိမ် စုစုပေါင်း (၂၈)ကြိမ် ဗုံးကြဲချတိုက်ခိုက်ခဲ့တယ်လို့ TNLA က ဆိုပါတယ်။

စစ်အုပ်စုရဲ့ အဆိုပါဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် သံဃာတော်(၂)ပါး၊ ကလေး (၈) ယောက်၊ အမျိုးသား (၁၂)ယောက်နဲ့ အမျိုးသမီး (၁၉)ယောက် သေဆုံးခဲ့ပြီး ကလေး (၁၁) ယောက်၊ အမျိုးသား (၁၆) ယောက်နဲ့ အမျိုးသမီး (၁၇) ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ကာ နေအိမ် (၁၃၈) လုံး၊ စာသင်ကျောင်း (၃)ကျောင်း၊ ဘုန်းကြီးကျောင်း (၃)ကျောင်း၊ ကျောင်းဆောင် (၇)ဆောင်နဲ့အဆောက်အဦး (၄)ခုတို့ ထိမှန်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
တရုတ်အစိုးရရဲ့ ကြားဝင်မှုနဲ့ အောက်တိုဘာလအတွင်း TNLA နဲ့ အကြမ်းဖက် စစ်တပ်တို့ တရုတ်နိုင်ငံမှာ တွေ့ဆုံဆွေးနွေးဖို့ ရှိနေပါသေးတယ်။

0 Shares:
You May Also Like
Read More

Justice Soldier PDF တပ်ဖွဲ့မှ သင်တန်းသားသစ်များ စိစစ်ခေါ်ယူနေ

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ Justice Soldier PDF တပ်ဖွဲ့က သင်တန်းသားသစ်တွေကို စိစစ်ခေါ်ယူနေတယ်လို့ အဆိုပါတပ်ဖွဲ့က ဒီနေ့မှာ ထုတ်ပြန်ကြေညာထားပါတယ်။
Read More

“ရှမ်းမန်း စစ်ဆင်ရေး” နှင့် “၁၀၂၇ စစ်ဆင်ရေး – အပိုင်း (၂)” တွင် ပါဝင်တိုက်ပွဲဝင်ခဲ့သည့် BLDF တပ်ဖွဲ့ကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)မှ ဂုဏ်ပြုမှတ်တမ်းလွှာ ပေးပို့…

"ရှမ်းမန်း စစ်ဆင်ရေး" နှင့် "၁၀၂၇ စစ်ဆင်ရေး - အပိုင်း (၂)" မှာ ဗမာလွတ်မြောက်ရေး ဒီမိုကရက်တစ်တပ်ဦး (BLDF) ကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က ဂုဏ်ပြုမှတ်တမ်းလွှာ ပေးပို့ခဲ့တယ်လို့ BLDF က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ငလျင်ကြောင့် အဆောက်အဦး ၈ သောင်းကျော် ပျက်စီးခဲ့ဟု စစ်ကောင်စီ ထုတ်ပြန်

နိုင်ငံတစ်၀န်း အင်အားပြင်းငလျင်ကြောင့် အဆောက်အဦး စုစုပေါင်း ၈ သောင်းကျော်အထိ ပျက်စီးခဲ့ရတယ်လို့ စစ်ကောင်စီရဲ့ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဗဟိုဌာန (DMC) က ထုတ်ပြန်ပါတယ်။
Read More

အဓမ္မ ပေါ်တာဆွဲခံရပြီး စစ်မှုထမ်းဆောင်ခဲ့ရတဲ့ တပ်သားတစ်ဦး လက်နက်နှင့် အလင်းဝင်ရောက်လာ

“သူက အတင်းအဓမ္မ ‌ပေါ်တာဆွဲ ဖမ်းဆီးခံရတာပါ၊ အခုလို အလင်းဝင်တာကလည်း အရပ်သားပြည် သူတွေကို သူ့မျက်စိရှေ့မှာ ရက်ရက်စက်စက် ပစ်တာတွေမြင်ရပြီး စစ်တပ်ရဲ့လုပ်ရပ်ကိုမကြိုက်လို့ အလင်းဝင်ခဲ့တာ”လို့ လက်ပံတန်းမြို့နယ် (ပအဖ) မှ စစ်ရေးတာဝန်ခံ ရဲဘော်စနေက မောင်းကိုပြောပါ တယ်။
Read More

သပိတ်ကျင်းမြို့နယ်တွင် စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၁၀ ဦး ထိခိုက်ဒဏ်ရာရ

မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၁၀ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ပြင်ဦးလွင်ခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က မနေ့က ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

ပြည်သူများကို စေတုတ္တရာ ပကဖ ကျန်းမာရေးစောင့်ရှောက်မှုပေး

မကွေးတိုင်း၊ စေတုတ္တရာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့အနေနဲ့ စစ်ရှောင်ပြည်သူတွေနဲ့ စိုးမိုးထိန်းချုပ်နယ်မြေအတွင်းရှိ ပြည်သူတွေကို ကျန်းမာရေးစောင့်ရှောက်မှု ပေးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။