အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာန၊ သုတေသနနဲ့ ဖွံ့ဖြိုးမှုဌာနက ဦးစီးပြီး Research Conference 2025 ကို “ခက်ခဲရှုပ်ထွေးသော အရေးပေါ်အခြေအနေများကြားမှ ကျန်းမာရေးကဏ္ဍ – မြန်မာ့အကျပ်အတည်း စိန်ခေါ်မှုများထဲမှ သုတေသနနှင့် တုံ့ပြန်မှု” ဆောင်ပုဒ်နဲ့ စက်တင်ဘာလ (၂၇) ရက်ကနေ (၂၉) ရက်အထိ အွန်လိုင်းကတစ်ဆင့် ပြုလုပ်ခဲ့တယ်လို့ NUG ကျန်းမာရေးဝန်ကြီးဌာနက မနေ့က ညပိုင်းမှာ ထုတ်ပြန်ပါတယ်။

သုတေသနညီလာခံမှာ ဖတ်ကြားတင်သွင်းတဲ့ စာတမ်းနဲ့ ပြသတဲ့ ပိုစတာတွေကိုတော့ ဇူလိုင်လ (၂၃) ရက်ကနေ ဩဂုတ်လ (၂၃) ရက်အတွင်း ခေါ်ယူခဲ့တာဖြစ်ပြီး သုတေသနညီလာခံမှာ စာတမ်းဖတ်ကြားမှု (Oral presentation) အဖြစ် (၂၇) စောင်နဲ့ ပိုစတာပြသမှု (Poster display) အစောင် (၂၀) ပါဝင်ခဲ့တယ်လို့ သိရပါတယ်။

စက်တင်ဘာလ (၂၇) ရက်က ညီလာခံဖွင့်ပွဲအခမ်းအနားကို NUG ဝန်ကြီး ပါမောက္ခ ဒေါက်တာဇော်ဝေစိုးနဲ့ ဒုဝန်ကြီး ပါမောက္ခ ဒေါက်တာခင်မောင်လွင်တို့က အဖွင့်အမှာစကားတွေ ပြောကြားဖွင့်လှစ်ပေးခဲ့ပြီး စက်တင်ဘာလ (၂၉) ရက် ပိတ်ပွဲအခမ်းအနားမှာ ဒုဝန်ကြီး ဒေါက်တာရွှေပုံက အမှာစကား ပြောကြားခဲ့တယ်လို့ သိရပါတယ်။

စက်တင်ဘာလ (၂၇) ရက် ညီလာခံဖွင့်ပွဲအခမ်းအနားမှာ ဒေါက်တာဇော်ဝေစိုးက “ဒီလိုကာလမှာ သုတေသနတွေဟာ လိုအပ်သလားလို့ မေးရင် အထူး လိုအပ်ပါတယ်လို့ပဲ ပြောရပါမယ်။ ဒီလိုအခြေအနေမှာ သုတေသနဟာ ပညာရပ်ဆိုင်ရာ လိုအပ်ချက်မျှသာ မဟုတ်ဘဲ တကယ့်လက်ရှိ ဖြစ်ပွားနေတဲ့ အကြောင်းအရာတွေကို အထောက်အထား ခိုင်ခိုင်လုံလုံနဲ့ သိရှိနိုင်ပြီး Evidence-based decision making အတွက် အကျိုးရှိမှာ ဖြစ်ပါတယ်။ သုတေသန အထောက်အထားတွေ၊ Program/ Project အသီးသီးက သင်ခန်းစာယူစရာတွေကို ပြည်သူ့ကျန်းမာရေးလုပ်ငန်းတွေ ရေးဆွဲအကောင်အထည်ဖော်တဲ့နေရာမှာ ပြန်လည်အသုံးချနိုင်မှသာ ဝန်ဆောင်မှုလုပ်ငန်းတွေကို ပိုမိုပြီး ထိထိရောက်ရောက် ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။ ကျန်းမာရေး သုတေသနလုပ်ငန်းတွေ လုပ်ဆောင်မှတ်တမ်းတင်နေခြင်းဟာလည်း မတရားမှု၊ ရက်စက်ကြမ်းကြုတ်မှုတွေကို ဒူးမထောက်တဲ့၊ ကြံ့ကြံ့ခံနိုင်မှုရဲ့ ပြယုဂ်တစ်ခု ဖြစ်တယ်ဆိုတာ ကျွန်တော်တို့အားလုံး သိမှတ်ကြရမှာ ဖြစ်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

သုတေသနညီလာခံကို ဖြစ်မြောက်ရေးကော်မတီအဖွဲ့ဝင် (၁၁) ယောက်၊ သုတေသနညီလာခံ သဘာပတိ (၁၃) ယောက်၊ Moderator (၄) ယောက်၊ အခမ်းအနားမှူး (၄) ယောက်၊ Zoom Meeting Admin (၅) ယောက်နဲ့ လုပ်ငန်းတွေ ဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။

ညီလာခံမှာ Registration ပြုလုပ်သူ စုစုပေါင်း (၄၆၃) ယောက် ရှိခဲ့ပြီး ညီလာခံ ပထမနေ့မှာ တက်ရောက်သူ (၁၈၇) ယောက်၊ ဒုတိယနေ့မှာ တက်ရောက်သူ (၁၇၅) ယောက်၊ တတိယနေ့မှာ တက်ရောက်သူ အယောက် (၁၅၀) ရှိခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ညောင်လေးပင် ခရိုင်ထဲကို အကြမ်းဖက် စစ်တပ် လက်နက်ကြီး၊ ဒရုန်းများဖြင့် ပစ်ခတ်၍ ပြည်သူ ၃ ဦး သေဆုံးကာ ၃ ဦးဒဏ်ရာရ

ပဲခူးတိုင်း၊ ခလယ်လွီထူ (ညောင်လေးပင်)ခရိုင်ထဲကို အကြမ်းဖက်စစ်တပ်က လက်နက်ကြီးအပြင် ဒရုန်းနဲ့ပါပစ်ခတ် တိုက်ခိုက်ခဲ့တဲ့အတွက် ပြည်သူ ၃ ဦး သေဆုံးကာ ၃ ဦး ဒဏ်ရာရ ခဲ့တယ်လို့ ဇန်နဝါရီ ၂၃ ရက်နေ့ ညပိုင်းမှာ  ကေအဲန်ယူ-ဗဟိုက ထုတ်ပြန် ထားပါတယ်။
Read More

တိုက်ပွဲတွင် အထိနာသွားသည့် စစ်အုပ်စု ပြည်သူနေအိမ် ၇၃ လုံးကို မီးရှို့ဖျက်ဆီးခဲ့

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်၊ တောင်ပျောက်ကျေးရွာအုပ်စုအတွင်း စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်တပ်ကို KNLA ပူးပေါင်းတပ်တွေက တိုက်ခိုက်ရာ စစ်တပ်ဘက်က အထိနာခဲ့ကြောင်း KNU တပ်မဟာ (၄) မြိတ်-ထားဝယ်ခရိုင် အတွင်းရေးမှူးက မောင်းကို ပြောပါတယ်။
Read More

ပုလောနယ်က ပျူစောထီးစခန်းတစ်ခုကို တော်လှန်ရေးပူးပေါင်းတပ်များ ဝင်ရောက်စီးနင်းတိုက်ခိုက်၊ ပျူ ၃ ဦးသေဆုံးပြီး လက်နက်ခဲယမ်းမျိုးစုံ သိမ်းဆည်းရရှိ

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ကျောက္ကာကျေးရွာရှိ ပျုစောထီးစခန်းတစ်ခုကို KNDO ပူးပေါင်းတပ်ဖွဲ့က ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့တယ်လို့ မြိတ်ခရိုင် အမှတ် (၁) တပ်ရင်း သတင်းနဲ့ ပြန်ကြားရေးဌာနဆီက သိရပါတယ်။
Read More

နောင်ချိုမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် TNLA တို့ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေ…

အာဏာသိမ်းစစ်တပ်က ကျင်းပမယ့် ရွေးကောက်ပွဲကို မဟာဗျူဟာ ၅ ရပ်နဲ့ တိုက်ဖျက်ဆောင်ရွက်သွားမယ်လို့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) က ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ အသိပေးထုတ်ပြန်ပါတယ်။
Read More

တနင်္သာရီတိုင်းမှာ ၂၀၂၄ ခုနှစ်အတွင်း PDF ၊ ပကဖ နဲ့ တော်လှန်ရေးတပ်တွေ စစ်ကောင်စီတပ်စခန်း ၁၁ ခု သိမ်းပိုက်နိုင်ခဲ့

တနင်္သာရီတိုင်းမှာ ၂၀၂၄ ခုနှစ်အတွင်း မောထစခန်း၊ ပဲဒတ်စခန်းနဲ့ သိန္တောရွာစခန်းတို့အပါအဝင် အကြမ်းဖက်စစ်ကောင်စီတပ်စခန်း ၁၁ ခုကို ပြည်သူ့ကာကွယ်ရေးတပ်မတော် - PDF ၊ ပကဖ နဲ့ တော်လှန်ရေးတပ်တွေ သိမ်းပိုက်နိုင်ခဲ့တယ်လို့ ပကဖ အသံက သတင်းဖော်ပြထားပါတယ်။
Read More

ခရစ္စမတ်နှင့် နှစ်သစ်ကူးတွင် လူစုလူဝေးမလုပ်ရန် အရေးကြီးကာလအဖြစ် ကရင်နီပြည်တပ်မတော် ကြေညာ

အကြမ်းဖက်စစ်တပ် အန္တရာယ်ပြုလာနိုင်တဲ့အတွက် ခရစ္စမတ်နဲ့ နှစ်သစ်ကူးကာလတွေမှာ ကရင်နီပြည်အတွင်း လူစုလူဝေးမလုပ်ဖို့ ဒီနေ့ ဒီဇင်ဘာ ၁၉ရက် ကစပြီး အရေးကြီးကာလအဖြစ် သတ်မှတ်တယ်လို့ ကရင်နီပြည်တပ်မတော် (KA) က ထုတ်ပြန်ပါတယ်။