ထိုင်းနဲ့ မလေးရှားမှာ အလုပ်ဖို့အတွက် တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာတဲ့ မြန်မာရွှေ့ပြောင်း ၁၆၂ ယောက်ကို ထိုင်းနိုင်ငံ၊ ကန်ချနဘူရီ၊ သောင်းဖဖုံခရိုင်က တောအုပ်တခုအတွင်းမှာ တနင်္ဂနွေနေ့က ဖမ်းဆီးရမိခဲ့တယ်လို့ ဒေသအာဏာပိုင်တွေက သတင်းထုတ်ပြန်ထားပါတယ်။

မြန်မာနိုင်ငံသားတွေ ထိုင်းနိုင်ငံထဲကို တရားမဝင် ဝင်လာပြီး ထာခနွန်နယ်မြေထဲက တောအုပ်အတွင်း ပုန်းအောင်းနေကြောင်း ကန်ချနဘူရီအုပ်ချုပ်ရေးမှူးဆီ တိုင်ချက်ရောက်လာတာကြောင့် သောင်ဖဖုံအထူးတပ်ဖွဲ့က ဝင်ရောက်ရှာဖွေခဲ့တာလို့ ဘန်ကောက်ပို့စ်မှာ ဖော်ပြထားပါတယ်။

နယ်မြေခံတာဝန်ရှိသူတွေ သွားရောက်စစ်ဆေးရာမှာ အဆိုပါ မြန်မာနိုင်ငံသား ၁၆၂ ယောက်ဟာ အဓိကရုဏ်းမဖြစ်ပွားဘဲ အာဏာပိုင်တွေဆီ အဖမ်းခံခဲ့ကြောင်း၊ ဖမ်းဆီးရမိသူတွေထဲ အမျိုးသား ၉၄ ယောက်၊ အမျိုးသမီး ၅၇ ယောက်နဲ့ အသက် ၁၅ နှစ်ကနေ ၁၈ နှစ်ကြား လူငယ် အမျိုးသား၊ အမျိုးသမီး ၁၁ ယောက် ပါဝင်ကြောင်း သိရပါတယ်။



စကားပြန်ကတဆင့် စစ်ဆေးမေးမြန်းရာမှာတော့ သူတို့ဟာ စံခလဘူရီနယ်စပ်ကနေ တောလမ်းကတဆင့် လှေနဲ့ဝင်ရောက်လာကြောင်း၊ သောင်ဖဖုံခရိုင်မှာ ကုန်းပေါ်တက်ခဲ့ပြီး ယာဉ်မောင်းတယောက်က အသုတ်လိုက်ခွဲကာ မြို့တွင်းပို့ပေးမယ့် ယာဉ်တစီးကို ၅ နာရီခန့် စောင့်ဆိုင်းဖို့ တောထဲ ချထားခြင်းဖြစ်ကြောင်း ထွက်ဆိုကြပါတယ်။

အဆိုပါ မြန်မာလုပ်သားတွေဟာ ပွဲစားခအဖြစ် ဘတ် ၂၀၀၀၀ ကနေ ၂၄၀၀၀ ကြား ပေးခဲ့ရပြီး စမွတ်စခွန်၊ ဘန်ကောက်၊ ချွန်ဘူရီ၊ အယုဒ္ဓယနဲ့ ဆုန်ခလာ စတဲ့ ထိုင်းနိုင်ငံက နေရာအနှံ့မှာ အလုပ်လုပ်ဖို့ ဝင်ရောက်လာခဲ့ကြတာပါ။ သူတို့ထဲက တချို့ကတော့ မလေးရှားနိုင်ငံကို ဆက်သွားမှာဖြစ်ကြောင်း သိရပါတယ်။

မူရင်းသတင်း – 162 illegal migrant workers caught in Kanchanaburi forest

0 Shares:
You May Also Like
Read More

မင်းအောင်လှိုင်ကို BIMSTEC ညိီလာခံ ဖိတ်ကြားထားမှုအပေါ် လူ့အခွင့်အရေးဆိုင်ရာ အာဆီယံလွှတ်တော်အမတ်များအဖွဲ့ APHR ကန့်ကွက်

အာဏာသိမ်း စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကို BIMSTEC ညီလာခံ ဖိတ်ကြားထားမှုအပေါ် လူ့အခွင့်အရေးဆိုင်ရာ အာဆီယံလွှတ်တော်အမတ်များအဖွဲ့ APHR က ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချလိုက်ပါတယ်။
Read More

တိုကျို ဆန္ဒပြပွဲ ကိုထိန်လင်း ပူးပေါင်းပါဝင်

လတ်တလော နိုင်ငံအတော်များများမှာ ပြုလုပ်နေတဲ့ All in One Piece Movement ကို ဂျပန်နိုင်ငံ တိုကျိုမြို့မှာလည်း ဒီနေ့ ဒီဇင်ဘာ ၁၄ ရက်မှာ ပြုလုပ်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားဖြစ်သူ ကိုထိန်လင်းလည်း ပူးပေါင်းပါဝင်ခဲ့ပါတယ်။
Read More

ပိတ်ဆို့မှုတွေ ရှောင်ရှားပြီး နိုင်ငံတချို့ စစ်ကောင်စီကို လေယာဉ်ဆီ တင်သွင်းပေးနေ

နိုင်ငံတကာ ကုမ္ပဏီတွေအနေနဲ့ စစ်ကောင်စီရဲ့ လေယာဉ်ဆီတင်သွင်း ဖြန့်ဖြူးရေးအပိုင်းမှာ အဓိက ပါဝင်နေတဲ့ မြန်မာ့ရေနံဓါတုလုပ်ငန်း (MPE)နဲ့ ဆက်ဆံရေး အားလုံးကို ချက်ချင်းရပ်ဆိုင်းပေးဖို့  Blood Money  အဖွဲ့က တောင်းဆိုလိုက်ပါတယ်။  
Read More

အိန္ဒိယက ရာနှင့်ချီသည့် ရိုဟင်ဂျာဒုက္ခသည်များကို နှင်ထုတ်ကြောင်း HRW ထုတ်ပြန်

အိန္ဒိယအာဏာပိုင်တွေဟာ ရိုဟင်ဂျာဒုက္ခသည် ရာနဲ့ချီကို ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာနိုင်ငံဆီ အတင်းအကျပ် နှင်ထုတ်နေပြီး ဥပဒေရေးရာ အကာအကွယ်တွေ မပေးဘူးလို့ လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ (Human Rights Watch) က ဩဂုတ်လ ၂၈ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။
Read More

မြန်မာပြည်ငြိမ်းချမ်းရေးအတွက် အာဆီယံ အဓိကကျတယ်လို့ ထိုင်းပြော

စစ်အာဏာသိမ်းမှုကြောင့် သုံးနှစ်ကျော်ကြာဖြစ်ပွားနေတဲ့ ပဋိပက္ခကို အဆုံးသတ်ရေး အာဆီယံက အဓိကကျကြောင်း ထိုင်းဝန်ကြီးချုပ် ပတွန်တန်ရှင်နာဝပ်တရာက တနင်္လာနေ့မှာပြောဆိုခဲ့တယ်လို့ Reuters က ဖော်ပြထားပါတယ်။
Read More

ဗြိတိန်က မြန်မာ့ငလျင်ဘေးကို စတာလင်ပေါင် ၁၅ သန်းအထိ ကူညီထား၊ ထောက်ပံ့မှုများ စစ်ကောင်စီထံမှ စီးဆင်းမည်မဟုတ်ဟု ဆို

ဗြိတိန်က မြန်မာ့ငလျင်ဘေးအတွက် ကူညီလှူဒါန်းထားမှုဟာ စုစုပေါင်း စတာလင်ပေါင် ၁၅ သန်း အထိ ရှိသွားပြီလို့ ထုတ်ပြန်ကြေညာပါတယ်။