ပဲခူးတိုင်း၊ ပြည်မြို့မှာ စစ်ကော်မရှင်လက်အောက်ခံ တပ်ဖွဲ့ဝင်အချင်းချင်း ပေါ်တာဆွဲဖမ်းဆီးတာနဲ့ ပတ်သက်ပြီး အချင်းများကာ ရိုက်နှက်ဖမ်းဆီးမှုတွေအထိ ဖြစ်ပွားခဲ့တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေဆီက သိရပါတယ်။ 

ဖြစ်စဉ်မှာ ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၅ ရက်၊ ည ၉နာရီခွဲဝန်းကျင်အချိန်မှာ ပြည်မြို့၊ ဆင်စုရပ်ကွက်၊ ကမ်းနားလမ်းပေါ်ရှိ အမှတ် (၇၅) စစ်သားစုဆောင်းရေးတပ်အနီးမှာ အမှတ် (၉၅၉) လျှပ်စစ်နဲ့ စက်မှုအင်ဂျင်နီယာ အလုပ်ရုံတပ်ခွဲ (၉၅၉ တပ်) က စစ်သားတစ်ယောက်နဲ့ ပျူစောထီးအဖွဲ့ဝင်တွေက ကားတစ်စီးနဲ့ ရောက်ရှိလာပြီး အနီးနားမှာ ထိုင်နေတဲ့ အရံမီးသတ် (၂) ယောက်နဲ့ သူငယ်ချင်းဖြစ်သူ ၁ ယောက် စုစုပေါင်း (၃) ယောက် တို့ကို ပေါ်တာဆွဲဖို့ ကြိုးပမ်းခဲ့တယ်လို့ သိရပါတယ်။ 

အဲဒီလို ပေါ်တာဆွဲနေချိန် ရုန်းရင်းဆန်ခတ် ဖြစ်ပွားရာ အနီးရှိ အမှတ် (၇၅) စစ်သားစုဆောင်းရေးတပ်က စစ်သားတွေ ရောက်ရှိလာပြီး ပေါ်တာဆွဲနေတဲ့ ၉၅၉ တပ်မှ အရပ်ဝတ်စစ်သားနဲ့ ပျူတွေကို “နယ်ကျော်ပြီး စုဆောင်းမှု” ပြုလုပ်တယ်ဆိုကာ ထပ်မံပြီး ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ 

အဲဒီနောက်မှာတော့ အမှတ် (၇၅) တပ်သားတွေက  (၉၅၉) မှ စစ်သားတွေကို ထိုးကြိတ်ရိုက်နှက်ကာ ဖမ်းဆီးခဲ့တာကြောင့် (၉၅၉) တပ်မှ ဗိုလ်မှူးတစ်ယောက်က (၇၅) တပ်ကို ဖုန်းဆက်ပြီး အကျိုးအကြောင်း ပြောဆိုရာမှာလည်း စုဆောင်းရေးတပ်သားတွေက ပြန်လည်ဆဲဆိုခဲ့ရာ ည ၁၁ နာရီအချိန်မှာမှ (၉၅၉) တပ်က ဗိုလ်မှူးနဲ့အဖွဲ့၊ ပြည်မြို့နယ် အုပ်ချုပ်ရေးမှူး (AD) အဖွဲ့တို့ကနေ စစ်သားစုဆောင်းရေးတပ်ကို သွားရောက်ဖြေရှင်းခဲ့ရတယ်လို့ သိရပါတယ်။ 

“အဓိကကတော့ နယ်ကျော်တယ်ဆိုပြီး အချင်းချင်း စကားများပြီး ပြန်ဖမ်းကြတာပဲ။ နောက်မှ လူကြီးတွေပါ ရောက်လာပြီး ကိုယ်လူကိုယ် ပြန်ခေါ်သွားကြမှ ပြဿနာက ပြီးသွားတာ။ ပြဿနာက ကြီးသွားလို့ထင်တယ်၊ အရပ်သားတွေကိုလည်း ပြန်တော့ လွတ်ပေးလိုက်တယ်လို့ သိရတယ်” လို့ ပြည်မြိုခံတစ်ယောက်က မောင်းသတင်းဌာနကို ပြောပါတယ်။ 

(၉၅၉) တပ်ဟာ စစ်တပ်အတွက် ပေါ်တာဆွဲ ဖမ်းဆီးခံရသူတွေကို စုဆောင်းထားရှိကာ သက်ဆိုင်ရာ သင်တန်းတွေကို ပို့ဆောင်နေတဲ့ နေရာတစ်ခုဖြစ်ပြီး ပြည်မြို့ကနေ အပတ်စဉ် (၁၈) အတွက် အဓမ္မ ပေါ်တာအဆွဲခံရသူတွေကိုလည်း အောက်တိုဘာလ ၁၆ ရက် မနက်ပိုင်းမှာ သက်ဆိုင်ရာ သင်တန်းကျောင်းတွေထံကို ပို့ဆောင်လိုက်ပြီလို့လည်း ဒေသခံတွေဆီက သိရပါတယ်။

0 Shares:
You May Also Like
Read More

စစ်မှုထမ်းလုပ်သက် နှစ် ၄၀ ကျော်ရှိ အရာခံဗိုလ် စစ်အာဏာရှင်လက်အောက် မနေချင်တော့တာကြောင့် အလင်းဝင်

ကရင်နီပြည်နယ်၊ ဖရူဆိုမြို့အခြေစိုက် စစ်ကောင်စီရဲ့ ခမရ (၅၃၁) တပ်က အရာခံဗိုလ်တစ်ယောက် ဇန်နဝါရီလ (၂၇) ရက်မှာ လက်နက်နဲ့အတူ ထွက်ပြေးကာ အလင်းဝင်လာတယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် - KNDF က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

Monywa Youth Attack Force က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပုံသဏ္ဍာန် ဆီမီးအပါ ဆီမီး၂ ထောင် ကပ်လှူပူဇော်ခဲ့ (ဓာတ်ပုံသတင်း)

စစ်ကိုင်းတိုင်းအခြေစိုက် မုံရွာခရိုင် အမှတ် ၁၇ တပ်ရင်း၊ တပ်ခွဲ ၃ (Monywa Youth Attack Force) က အောက်တိုဘာ ၁၇ ရက် မနေ့က ကျရောက်တဲ့ တော်လှန်သီတင်းကျွတ်လပြည့်နေ့မှာ ပြည်သူတွေနဲ့အတူ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပုံသဏ္ဍာန် ဆီမီးအပါ ဆီမီး၂ထောင် ကပ်လှူပူဇော်ခဲ့ပြီး မီးပုံးပျံတွေ လွှတ်တင်ခဲ့ပါတယ်လို့ သိရပါတယ်။
Read More

ပေါက်ခါင်းမှ စစ်ကောင်စီတပ်သား ၂ ဦး ၃၆၀၁ တပ်ရင်းထံ လက်နက်ခဲယမ်းများနှင့်တကွ အလင်းဝင်

ပဲခူးတိုင်း၊ ပေါက်ခေါက်းမြို့နယ်က စစ်ကောင်စီတပ်သား ၂ယောက်ဟာ လက်နက်တွေနဲ့အတူ အလင်းဝင်ရောက်လာတယ်လို့ ၃၆၀၁ တပ်ရင်းက သတင်းထုတ်ပြန်ထားပါတယ်။ 
Read More

ပျူခေါင်းဆောင် လင်းဦး၏ စခန်းကို ရေးဘီလူး ဝင်တိုက်၊ လင်းဦး ဒုတိယအကြိမ် ဆေးရုံရောက်ကာ လက်အောက်ခံ ပျူ ၄ဦး သေ

“အခုက ပျူစောထီးခေါင်းဆောင် လင်းဦးကို ဒုတိယအကြိမ် ဝင်ရောက်တိုက်ခိုက်တာပါ။ သူ့ရဲ့ ရုံးပေါ့။ အဲ့မှာ သူ့ရဲ့ တပ်သား ၄ဦးကျတယ်။ စိုးရိမ်ဒဏ်ရာရတာလည်း ရှိတယ်။ လင်းဦးကိုယ်တိုင်လည်း သေနတ်ထိသွားလို့ ရေးဆေးရုံကို ပို့ထားတယ်” လို့ ရေးဘီလူးခေါင်းဆောင်က မောင်းကို ပြောပါတယ်။
Read More

ကျွန်းလှအနောက်ခြမ်းတွင် စစ်အုပ်စုနှင့် တော်လှန်ရေးတပ်များ တိုက်ပွဲဖြစ်ပွားနေပြီး စစ်တပ် လေကြောင်း အဆက်မပြတ် အသုံးပြုနေ

စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်မှာ အကြမ်းဖက်စစ်အုပ်စုနဲ့ တော်လှန်ရေးတပ်တွေ ထိတွေ့တိုက်ပွဲဖြစ်ပွားနေပြီး စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေ လုပ်ဆောင်နေကြောင်း စစ်တပ်လော်ဘီတွေနဲ့ မြေပြင်သတင်းရင်းမြစ်တွေဆီက သိရပါတယ်။
Read More

ရွေးကောက်ပွဲကျင်းပပြီး အာဏာလွှဲအပ်မယ်၊ စစ်မြေပြင်မှာ အသက်နဲ့လဲ တာဝန်ထမ်းကြပါဟု ဗိုလ်လောင်းတွေကို မင်းအောင်လှိုင်ပြော

နိုင်ငံအတွက် စစ်မြေပြင်မှာ အသက်နဲ့လဲပြီး တာဝန်ထမ်းဆောင်ပေးဖို့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။