မကွေးတိုင်း စလင်း-ဆင်ဖြူကျွန်းကားလမ်းပေါ်မှာ ဖမ်းဆီးမိတဲ့ စစ်တပ်ထုတ်ကုန် Myanmar Beer တွေကို ရှင်းလင်းခဲ့တယ်လို့ စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က မနေ့က သတင်းထုတ်ပြန်ထားပါတယ်။

စလင်းမြို့နယ် တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း ရဲဘော်တွေက စစ်ဆေးမှုများ ပြုလုပ်ခဲ့ရာ စလင်း-ဆင်ဖြူကျွန်းကားလမ်းပေါ်မှာ စစ်တပ်ထုတ်ကုန် Myanmar Beer ဖာ ၄၀ ခန့်ကို တွေ့ရှိခဲ့တဲ့အတွက် အခုလို ဖမ်းဆီးရှင်းလင်းခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

စလင်းမြို့နယ်တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း စစ်ကောင်စီထုတ်ကုန်များကို သုံးစွဲခြင်း မပြုလုပ်ကြဖို့အတွက်လည်း ပြည်သူ့ကာကွယ်ရေးအဖွဲ့-စလင်းက ထုတ်ပြန်သတိပေးထားပြီဖြစ်တယ်လို့ သိရပါတယ်။

Video – ပြည်သူ့ကာကွယ်ရေးအဖွဲ့-စလင်း

0 Shares:
You May Also Like
Read More

မြိုင်-ရေစကြိုလမ်းပိုင်းမှာ အကြမ်းဖက်စစ်သားတွေ တပ်စွဲထားတဲ့ အဆောက်အအုံကို လက်နက်ကြီးနဲ့ ပစ်ခတ်မှု ၂ ယောက် ဒဏ်ရာရ (ရုပ်/သံ)

မကွေးတိုင်း မြိုင်-ရေစကြိုလမ်းပိုင်းမှာ အကြမ်းဖက်စစ်သားတွေ တပ်စွဲထားတဲ့ ၃ ထပ်အ ဆောက်အအုံကို စက်တင်ဘာ ၁၀ ရက်က Anyar Heroes လက်နက်ကြီးအဖွဲ့က ထုတ်လုပ်ထားတဲ့ လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ မြိုင်ပကဖထံက သိရပါတယ်။ ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးဟာ ၃ ထပ်အဆောက်အအုံကို ထိမှန်ပေါက်ကွဲပြီး အကြမ်းဖက်စစ်သား ၂ ယောက် အပြင်းအထန်ရရှိသွားတယ်လို့ မြိုင်ပကဖမှ ထုတ်ပြန်ထားပါတယ်။
Read More

မုံရွာ-မန္တလေးကားလမ်းတွင် မိုင်းရှာထွက်လာသည့် အကြမ်းဖက်စစ်သားများ မိုင်းခွဲတိုက်ခိုက်ခံရပြီး ၁ ဦး ဒဏ်ရာရ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ မုံရွာ-မန္တလေးကားလမ်းမှာ အကြမ်းဖက်စစ်သားတွေ မိုင်းဖောက်ခွဲ တိုက်ခိုက်ခံရပြီး ၁ ယောက် ဒဏ်ရာရခဲ့တယ်လို့ Monywa Dynamite - Special Task Force က သတင်းထုတ်ပြန်ထားပါတယ်။
Read More

မင်းဘူးမြို့နယ်အတွင်း စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်အုပ်စုကို တိုက်ခိုက်မှု စစ်သား ၄ ဦး သေ (ရုပ်/သံ)

မကွေးတိုင်း၊ မင်းဘူးမြို့နယ်အတွင်း ကျေးရွာတွေကို စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်အုပ်စုကို တိုက်ခိုက်ခဲ့ရာ စစ်သား ၄ ယောက် သေဆုံးခဲ့တယ်လို့ မင်းဘူးခရိုင် အမှတ်- ၆ တပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ဝမ်ပေါင်ကုမ္ပဏီက ထွက်လာတဲ့ အကြမ်းဖက်စစ်တပ်ကို တိုက်ခိုက်မှု ၇ ယောက်သေ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ် ဝမ်ပေါင်ကုမ္ပဏီက ထွက်လာတဲ့ အင်အား ၈၀ ခန့်ရှိ အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို ဒီဇင်ဘာ ၁၃ ရက်က တော်လှန်ရေးတပ်တွေ တိုက်ခိုက်ခဲ့ရာ ၇ ယောက် သေဆုံးခဲ့တယ်လို့ Monywa Inventor အဖွဲ့ထံက သိရပါတယ်။
Read More

မုံရွာမြို့နယ်အတွင်း စစ်ကြောင်းထိုးလာသည့် အကြမ်းဖက်စစ်သားများ တိုက်ခိုက်ခံရပြီး အများအပြား သေဆုံး (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်အတွင်း စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်သားတွေကို တိုက်ခိုက်ခဲ့ရာ အများအပြားသေဆုံးခဲ့တယ်လို့ Yae Nagar အဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
Read More

သရက်-မင်းလှလမ်းပိုင်းတွင် စစ်ယာဥ်တန်း ခြုံခိုတိုက်ခိုက်ခံရပြီး ၆ ဦး သေ၊ ၁၃ ဦး ဒဏ်ရာရ (ရုပ်/သံ)

မကွေးတိုင်း၊ သရက်-မင်းလှလမ်းပိုင်းမှာ ကျေးရွာတွေကို စစ်ကြောင်းထိုးပြီး ပြန်လာတဲ့ စစ်ကော်မရှင်ယာဉ်တန်းကို တိုက်ခိုက်ခဲ့ရာ စစ်သား ၆ ယောက်သေဆုံးပြီး ၁၃ ယောက် ဒဏ်ရာရရှိသွားတယ်လို့ ဗမာပြည်ကာကွယ်ရေးတပ် - USBA ထံက သိရပါတယ်။