တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ သဘောတူညီစာချုပ် (NCA) ရဲ့ ၁၀ နှစ်ပြည့်ပွဲ တက်ရောက်လာတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက အာဏာသိမ်းထားတဲ့ အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို လာရောက် “ဂါရဝပြု”တွေ့ဆုံခဲ့တယ်လို့ အကြမ်းဖက်စစ်တပ်က ဒီနေ့ ရက်စွဲနဲ့ ထုတ်ပြန်ထားပါတယ်။

အောက်တိုဘာလ ၁၈ ရက်နေ့ ရက်စွဲနဲ့ ထုတ်ဝေတဲ့ စစ်အုပ်စုထိန်းချုပ်ထားတဲ့ သတင်းစာတွေမှာ စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကို “တိုင်းရင်းသားလက်နက်ကိုင်ကိုယ်စားလှယ်အဖွဲ့များက လာရောက်ဂါရဝပြုတွေ့ဆုံ” ခဲ့တယ်လို့ ဖော်ပြထားတာ ဖြစ်ပြီး “ဂါရဝပြု” ဆိုတဲ့ အသုံးအနှုန်း ကို ရေးသားဖော်ပြထားတာပါ။

စစ်ခေါင်းဆောင် မင်းအောင်လှိုင် ကို “ဂါရဝပြု” တွေ့ဆုံတယ်လို့ ထုတ်ပြန်တဲ့ အထဲ ပါဝင်တဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေကတော့ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP) ၊ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော်(DKBA) ၊ ကရင်အမျိုးသားအစည်းအရုံး – ငြိမ်းချမ်းရေးကောင်စီ( KNU/KNLA-PC) ၊ လားဟူဒီမိုကရက်တစ် အစည်းအရုံး (LDU) ၊ မွန်ပြည်သစ်ပါတီ(NMSP) နဲ့  ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS) အဖွဲ့ရဲ့ တာဝန်ရှိသူတွေ ပါဝင်တယ်လို့ သိပါတယ်။ 

ဒါ့အပြင်  NCA မှာ PNLO ကိုယ်စား လက်မှတ်ရေးထိုးခဲ့သူ ဦးခွန်ဥက္ကာ နဲ့ ABSDF က ရဲဘော် ၁ ယောက်ဖြစ်တဲ့ ဦးမျိုးဝင်း တို့လည်း ပါဝင်တယ်လို့ သိရပါတယ်။ 

မင်းအောင်လှိုင်နဲ့ တွေ့ဆုံပွဲမှာ စစ်အုပ်စုကျင်းပမယ့် ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးကိစ္စ နဲ့  NCA လမ်းကြောင်းအတိုင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ ဆက်လက်ပူးပေါင်းဆောင်ရွက်မယ့် ကိစ္စတွေ ဆွေးနွေးခဲ့တယ်လို့ စစ်အုပ်စုလော်ဘီမီဒီယာတွေက သတင်းဖော်ပြထားပါတယ်။

0 Shares:
You May Also Like
Read More

ဂန့်ဂေါနယ်အတွင်း စစ်အုပ်စု လေကြောင်း ဗုံးကြဲတိုက်ခိုက်နေပြီး ကိုရင်ကြီး ၁ ပါး ပျံလွန်၊ လူ ၃ ဦး သေဆုံး

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်အတွင်း စစ်အုပ်စုရဲ့ နေ့စဥ်ရက်ဆက် ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် ကိုရင် ၁ ပါး ပျံလွန်တော်မူပြီး လူ ၃ ယောက် သေဆုံးထားကာ ထိခိုက်ဒဏ်ရာရသူတွေလည်းရှိနေသေးတယ်လို့ ယောအလင်းတန်းအဖွဲ့ဝင် ကိုမင်းဒဿက မောင်းကို ပြောပါတယ်။
Read More

မုံရွာ-မန္တလေး ကားလမ်းမပေါ်ရှိ စစ်တပ်အထိုင်စခန်းမှ စစ်မှုထမ်းဆင်းစစ်သား ၁ ဦး သေနတ် ၃ လက်နှင့်အတူ အလင်းဝင်လာ

မုံရွာ-မန္တလေး ကားလမ်းပေါ်ရှိ စစ်ကောင်စီတပ် အထိုင်စခန်းတစ်ခုကနေ စစ်သား ၁ ယောက် လက်နက် ၃ လက်နဲ့အတူ အလင်းဝင်လာတယ်လို့ Golden Target Force (GTF) က မနေ့ကညပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

တမူးမှာ ပြည်သူ့ကာကွယ်ရေးရဲဘော်တွေရဲ့ ကာကင်းစခန်း တိုက်ခိုက်ခံရပြီး အပြန်အလှန် ပစ်ခတ်မှုတွေဖြစ်ကာ နှစ်ဖက်ထိခိုက်သေဆုံးမှုတွေ ရှိခဲ့

စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ အဖွဲ့တွေနဲ့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တွေကြား ထိတွေ့တိုက်ပွဲတွေဖြစ်ပြီး နှစ်ဖက်ထိခိုက်မှုတွေရှိခဲ့ကြောင်း သိရပါတယ်။
Read More

သပိတ်ကျင်းမြို့နယ်အတွင်း တိုက်ပွဲ​များ ဆက်လက်ပြင်းထန်​နေပြီး မြို့ပေါ်နေရာအများစုကို စစ်တပ် ပြန်လည်ထိန်းချုပ်​ထားဟု ဆို

မန္တလေးတိုင်းအတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော် - မန္တလေး(MDY PDF) ထိန်းချုပ်ထားတဲ့ သပိတ်ကျင်းမြို့နယ်ထဲက နေရာအများစုကို စစ်တပ်က ထိန်းချုပ်လိုက်ပြီလို့ ရှေ့တန်းသတင်းရင်းမြစ်နဲ့ စစ်ကောင်စီ လော်ဘီမီဒီယာတွေရဲ့ သတင်းဖော်ပြမှုအရ သိရပါတယ်။
Read More

PDF ရဲဘော်တွေနဲ့ ပြည်သူတွေ ပူးပေါင်းပြီး လမ်းပြုပြင်… (ဓာတ်ပုံသတင်း)

မကွေးတိုင်းအ​ခြေစိုက် Khut Daung Company Saw PDF က ရဲဘော်တွေအနေနဲ့ တပ်ရင်းစိုးမိုးနယ်မြေအတွင်းက မိုးတွင်းကာလမှာ ပျက်စီးခဲ့တဲ့လမ်းတွေကို နိုဝင်ဘာ ၁၀ ရက်က ပြည်သူတွေနဲ့ ပူးပေါင်းပြီး ပြန်လည် ပြုပြင်ခဲ့တယ်လို့ ဒီနေ့မှာ ထုတ်ပြန်ထားပါတယ်။
Read More

ဘန်ကောက်တွင် မြန်မာအချင်းချင်း ဘတ် ၁၀ သန်း ဖောက်ထွင်းခိုးယူမှု ဖြစ်ပွား

ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၉ ရက်နေ့က မြန်မာအချင်းချင်း ဘတ်ငွေ ၁၀ သန်း ဖောက်ထွင်းခိုးယူမှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။