မတရား စုဆောင်းထားတဲ့ စစ်မှုထမ်းအင်အားတွေ အရှိန်အဟုန်မပြတ် လေ့ကျင့်သင်ကြားပေးနိုင်ဖို့ ရည်ရွယ်ပြီး အကြမ်းဖက်စစ်တပ်က စစ်မှုထမ်းသင်တန်းကျောင်းတွေ ထပ်တိုးဖွင့်လှစ်ထားတယ်လို့ မြန်မာ့စစ်ဘက်ရေးရာနှင့် လုံခြုံရေးဆိုင်ရာလေ့လာရေးအဖွဲ့ (MDSI) က ထုတ်ပြန်ထားပါတယ်။

အောက်တိုဘာလ ၁၇ ရက် မနေ့က ထုတ်ပြန်ခဲ့တဲ့ ဒီထုတ်ပြန်ချက်ထဲမှာ အကြမ်းဖက်စစ်တပ်ရဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေနဲ့ မတရားဖမ်းဆီးစုဆောင်းခံထားရတဲ့ စစ်မှုထမ်းတပ်သားသစ်တွေအတွက် လက်ခံလေ့ကျင့်သင်ကြားပေးနေတဲ့ စစ်သင်တန်းကျောင်း (၂၇) ခုထိ ရှိလာပြီဖြစ်တယ်လို့ ဆိုထားပါတယ်။

အကြမ်းဖက်စစ်တပ်အနေနဲ့ နည်းလမ်းမျိုးစုံနဲ့ စုဆောင်းရရှိတဲ့ လူအင်အားတွေကို ၄င်းတို့စိုးမိုးထိန်းချုပ်မှု အားကောင်းရာ ရှမ်းပြည်နယ်၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ မွန်ပြည်နယ်၊ နေပြည်တော်၊ မန္တလေးတိုင်းနဲ့ ပဲခူးတိုင်းက စစ်သင်တန်းကျောင်း (၁၅) ခုမှာ ပြည်သူ့စစ်မှုထမ်းသင်တန်း အပတ်စဉ်တွေအဖြစ် လေ့ကျင့်သင်ကြားပေးနေတယ်လို့ သိရပါတယ်။

အဆိုပါ သင်တန်းကျောင်းတွေဟာ ပင်မလက်ခံလေ့ကျင့်ပေးရာ သင်တန်းကျောင်းတွေဖြစ်သလို စစ်အခြေခံလေ့ကျင့်ရေးတပ်တွေဟာလည်း ပြည်သူ့စစ်မှုထမ်းသင်တန်းနဲ့ အခြေခံတပ်သားသစ်သင်တန်းတွေ လက်ခံဖွင့်လှစ် လေ့ကျင့်ပေးနေတယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ အကြမ်းဖ​က်စစ်ကောင်စီက  စစ်မှုထမ်းတပ်သားတွေ တိုးမြှင့်စုဆောင်းရရှိလာမှုကြောင့် ခအက၊ တကအ နဲ့ ရလတ(၅၇) တို့မှာပါ အရံသင်တန်းကျောင်းတွေအဖြစ် ထပ်တိုးဖွင့်လှစ် လေ့ကျင့်ပေးနေကြောင်း မြန်မာ့စစ်ဘက်ရေးရာနှင့် လုံခြုံရေးဆိုင်ရာလေ့လာရေးအဖွဲ့(MDSI) က ပြောပါတယ်။

အကြမ်းဖက်စစ်တပ်ဟာ စစ်အခြေခံလေ့ကျင့်ရေးတပ်(စခတ) ၉ တပ်အပါအဝင် တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်း(တတက) ၁၁ တပ်နဲ့ အတူ အရာခံနဲ့ အကြပ်ကြီးသင်ကျောင်း(ရကသ) ၂ တပ်၊ တပ်မတော်ကွန်ပျူတာနဲ့ နည်းပညာသိပ္ပံ (တကန)၊ ဗိုလ်သင်တန်းကျောင်း(ဗထူး)၊ ခြေလျင်အကူလက်နက်ကြီးသင်ကျောင်း(ခအက)၊ တပ်မတော်ကိုယ်ခံပညာနဲ့ အားကစားသိပ္ပံ(တကအ) နဲ့ အမှတ်(၅၇) ရေတပ်လေ့ကျင့်ရေးတပ် စတဲ့တပ်တွေမှာ စစ်မှုထမ်းအပတ်စဉ် (၁၇) အထိ လက်ခံလေ့ကျင့်သင်တန်းပေးခဲ့တာဖြစ်ကြောင်း သိရပါတယ်။

တစ်ဖက်မှာလည်း ထိတွေ့တိုက်ပွဲတွေ ပြင်းထန်နေတဲ့ သပိတ်ကျင်းမြို့နယ်အတွင်းက စခတ(၂) နဲ့ တတက(၁၃)၊ ရွှေဘိုအခြေစိုက် စခတ(၈)၊ ကလေးတပ်နယ် တတက(၁၀) တို့ကတော့ လုံခြုံရေးအခြေအနေတွေကြောင့် သင်တန်း ပုံမှန်လက်ခံလေ့ကျင့်ပေးနိုင်ခြင်းမရှိဘဲ ရပ်နားထားရတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ အောက်တိုဘာလ (၁၀) ရက်အထိကိုလည်း စစ်မှုထမ်းအပတ်စဉ်(၁၅) အထိ လေ့ကျင့်သင်တန်းဆင်းပေးထားပြီး အပတ်စဉ်(၁၈) ကို ဖွင့်လှစ်နိုင်ဖို့ကိုလည်း စစ်အုပ်စုက အရှိန်မြှင့်လုပ်ဆောင်လာကြောင်း သိရပါတယ်။

“ကျွန်တော်တို့ သိရသလောက်ဆို အမှတ်စဉ်စခါနီးရက်တွေဆိုရင်တော့ သတ်မှတ်လူအရေအတွက် ပြည့်အောင်ဆိုပြီး ရရာလိုက်ဆွဲတာတွေ ပိုတွေ့ရတတ်ပါတယ်” လို့ ရန်ကုန်မြို့အတွင်း အကြမ်းဖက်စစ်တပ်ရဲ့ဖမ်းဆီးမှုတွေကို ထောက်လှမ်းသတင်းပို့နေတဲ့ Rangoon Scout Network တာဝန်ရှိသူက မောင်းသတင်းဌာနကို ပြောပါတယ်။

အကြမ်းဖက်စစ်တပ်အနေနဲ့ စစ်မှုထမ်းအင်အားစုဆောင်းရာမှာ လစဉ်သတ်မှတ်အရေအတွက်ကျော်လွန်ရရှိအောင် နည်းလမ်းမျိုးစုံသုံးပြီး လုပ်ဆောင်လာတာဖြစ်သလို အရှိန်အဟုန်မပြတ် လေ့ကျင့်သင်တန်းပေးနိုင်ဖို့အတွက်ကိုလည်း အခုလိုမျိုး စစ်သင်တန်းကျောင်းတွေ ထပ်တိုးပြင်ဆင် ဖွင့်လှစ်လာတာလို့ မြန်မာ့စစ်ဘက်ရေးရာနဲ့ လုံခြုံရေးဆိုင်ရာလေ့လာရေးအဖွဲ့ (MDSI) က ပြောပါတယ်။

0 Shares:
You May Also Like
Read More

ဖားအံကနေ ကော့ကရိတ်ကို တက်လာတဲ့ အကြမ်းဖက်စစ်ယာဉ်တန်း ကြားဖြတ်တိုက်ခိုက်ခံရ

ကရင်ပြည်နယ် ဖားအံဘက်ကနေ ကော့ကရိတ်မြို့နယ်ဘက်ကို လက်နက်ခဲယမ်းတွေနဲ့ ရိက္ခာပို့တဲ့ အကြမ်းဖက်စစ်တပ်ယာဉ်တန်းကို ဒီဇင်ဘာ ၅ရက်နေ့မှာ KNLA ဦးဆောင်တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
Read More

ရွှေဘို-ရေဦးလမ်းမှာ အကြမ်းဖက်စစ်သားနှင့် ပျူစောထီးများကို ဒရုန်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်…

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့နယ် ရွှေဘို-ရေဦးလမ်းမှာ အကြမ်းဖက်စစ်သားနဲ့ ပျူစောထီးတွေကို ဒရုန်း၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ရာ စစ်သား နဲ့ ပျူစောထီးအများအပြား သေဆုံးခဲ့တယ်လို့ ရွှေဘိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

အောက်တိုဘာလထဲ စစ်ကောင်စီဗုံးကြဲလို့ ယောမှာ YPDF တပ်ဖွဲ့ဝင်၂ ယောက် အပါအဝင် ၁၀ ယောက်သေဆုံးပြီး အယောက် ၃၀ ကျော် ဒဏ်ရာရ

အောက်တိုဘာလအတွင်း အကြမ်းဖက်စစ်ကောင်စီက ယောဒေသကို လေကြောင်းတိုက်ခိုက်မှု ၈ကြိမ် လုပ်ဆောင်ခဲ့ရာ YPDF တပ်ဖွဲ့ဝင်၂ယောက်နဲ့ ​အရပ်သား၈ယောက်သေဆုံးပြီး နေအိမ်အဆောက်အဦးတွေ၊ အိမ်မွေးတိရစ္ဆာန်တွေထိခိုက်သေကြေခဲ့တယ်လို့ ယောဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPDF) က ထုတ်ပြန်ပါတယ်။
Read More

စစ်တပ်က အပစ်ရပ်ထားပေမယ့် တိုင်းရင်းသားလက်နက်ကိုင်များ လာရောက်တိုက်ခိုက်နေသည်ဟု ဇော်မင်းထွန်း ဝါဒဖြန့်ပြောဆို

စစ်တပ်က ပစ်ခတ်တိုက်ခိုက်မှုကို ရပ်စဲထားပေမယ့် တိုင်းရင်းသားလက်နက်ကိုင်တွေက ဆက်လက်တိုက်ခိုက်နေတယ်လို့ အာဏာသိမ်းစစ်ကောင်စီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဇော်မင်းထွန်းက ဝါဒဖြန့် ပြောဆိုပါတယ်။
Read More

လက်ရုံးတပ်များ တဖြည်းဖြည်း ပြုတ်ကျလာနေသည့် စစ်ကောင်စီ

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်က စစ်ကောင်စီတပ်စခန်းတွေဖြစ်တဲ့ အမှတ် ၂ လျှပ်စစ်နှင့် စက်မှုအင်ဂျင်နီယာတပ် (စလစ ၂) နဲ့ အမတ (၃၆၆) တို့ကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နဲ့ပူးပေါင်းတပ်တွေက သိမ်းပိုက်လိုက်ပြီလို့ မြေပြင်သတင်းရင်းမြစ်တွေထံက သိရပါတယ်။ 
Read More

မြင်းခြံမှာ တိုက်ပွဲဖြစ်ပြီး စစ်အုပ်စုက ရွာကိုမီးရှို့၊ တော်လှန်ရေးတပ်ဖွဲ့ဝင် ၂ ယောက်နဲ့ အရပ်သား ၃ ယောက် သေဆုံးခဲ့

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ မြင်းခြံမြို့နယ်မှာ ရွာကို စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ အကြမ်းဖက်စစ်ကြောင်းနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ ထိတွေ့မှုဖြစ်ပြီး နှစ်ဖက်ထိခိုက်သေဆုံးမှု ရှိခဲ့တယ်လို့ သိရပါတယ်။