ရှမ်းပြည်မြောက်ပိုင်းရှိ TNLA ထိန်းချုပ်ထားတဲ့ နမ့်ဆန်မြို့နယ်အတွင်း စစ်ကော်မရှင်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၃ ဦး သေဆုံးခဲ့ရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

အောက်တိုဘာ ၁၇ ရက် နံနက်ပိုင်းက နမ့်ဆန်မြို့နယ် ဟိုမိန်းကျေးရွာကို စစ်ကော်မရှင်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အမျိုးသား ၁ ဦးနဲ့ အမျိုးသမီး ၂ ဦး သေဆုံးခဲ့ရတယ်လို့ သိရပါတယ်။

ဒါ့အပြင်တစ်ရက်တည်းမှာပဲ နမ္မတူမြို့ရှိ အ.ထ.က (၁) ကျောင်းအနီးကို စစ်ကော်မရှင်က ဂျက်ဖိုက်တာလေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အမျိုးသမီး ၃ ဦးဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

Video – လူမှုကွန်ရက်

0 Shares:
You May Also Like
Read More

ဇေယျဝတီမြို့ဘူတာရုံရှိ စစ်ကောင်စီတပ်သားတွေကို တော်လှန်ရေးတပ်တွေ စီးနင်းတိုက်ခိုက်၊ စစ်သား ၃ ယောက် ဒဏ်ရာရပြီး သေနတ် ၁ လက်သိမ်းဆည်းရရှိ (ရုပ်/သံ)

ပဲခူးတိုင်း ‌‌တောင်ငူခရိုင် ဖြူးမြို့နယ် ဇေယျဝတီမြို့ဘူတာရုံရှိ စစ်ကောင်စီတပ်သားတွေကို ဝင် ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာ စစ်သား ၃ ယောက် ဒဏ်ရာရရှိပြီး သေနတ် ၁ လက် သိမ်းဆည်းရရှိခဲ့ တယ်လို့ ဖြူးမြို့နယ်ပကဖမှ သတင်းထုတ်ပြန်ထားပါတယ်။
Read More

ရန်ကုန် – မန္တလေး အမြန်လမ်းမပေါ် မန္တလေးတိုင်း ပကဖ ပူးပေါင်းအဖွဲ့များ ရှောင်တခင်သွားရောက်စစ်ဆေး (ရုပ်/သံ)

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ မန္တလေးတိုင်း ပကဖအဖွဲ့၊ စဉ့်ကိုင်မြို့နယ် ပကဖ၊ တံတားဦးမြို့နယ် ပကဖ အဖွဲ့များ ပူးပေါင်းပြီး ရန်ကုန်-မန္တလေး အမြန်လမ်းပေါ် ရှောင်တခင် စစ်ဆေးခဲ့တဲ့ ရုပ်သံဖိုင်ကို ပကဖအသံက ဒီကနေ့ ထုတ်ပြန်ပါတယ်။
Read More

MBT နှင့် RBDF တပ်ဖွဲ့တို့ ပူးပေါင်းပြီး ချေမှုန်းရေးရိုင်ဖယ်သေနတ် ထုတ်လုပ်အောင်မြင် (ရုပ်/သံ)

BT-16 လို့ နာမည်ပေးထားတဲ့ ချေမှုန်းရေးရိုင်ဖယ်သေနတ်ကို Myingyan Black Tiger (MBT)တပ်ဖွဲ့နဲ့ Royal Brother Defence Force (RBDF)တပ်ဖွဲ့တို့ ပူးပေါင်းထုတ်လုပ်မှု အောင်မြင်ခဲ့ပြီဖြစ်တယ်လို့ သိရပါတယ်။
Read More

ရေတာရှည်မြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်ကို တိုက်ခိုက်ခဲ့သည့် မှတ်တမ်းရုပ်သံ နေပြည်တော် PDF ထုတ်ပြန်

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ် ရွာသစ်ကျေးရွာမှာ အထိုင်ချတပ်စွဲထားတဲ့ အကြမ်းဖက်စစ်တပ်ကို တိုက်ခိုက်ခဲ့တဲ့ မှတ်တမ်းရုပ်သံကို Battalion 808 - Nay Pyi Taw PDF က ထုတ်ပြန်လိုက်ပါတယ်။
Read More

ချောင်းဦးမှာ မိုင်းရှင်းဖို့လာတဲ့ အကြမ်းဖက်စစ်သားတွေ မိုင်းဆွဲခံရပြီး ၃ ယောက်သေ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့ပေါ်ကနေ မိုင်းရှင်းဖို့လာတဲ့ အင်အား ၁၀ ယောက်ခန့်ရှိတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို ဇန်နဝါရီ ၇ ရက် မနက်ပိုင်းမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ချောင်းဦးမြို့နယ် တော်လှန်ရေးတပ်ထံက သိရပါတယ်။
Read More

တောင်သာမြို့နယ် ဇဂျမ်းရဲစခန်းကို စီးနင်းတိုက်ခိုက်မှု စစ်ကောင်စီလက်အောက်ခံ အများအပြားသေ (ရုပ်/သံ)

မန္တလေးတိုင်း၊ တောင်သာမြို့နယ် ဇဂျမ်းရဲစခန်းကို နိုဝင်ဘာ ၁၂ ရက် မနက်ပိုင်းက တော်လှန်ရေးတပ်တွေ ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့တယ်လို့ တောင်သာမြို့နယ် ပကဖ ထံက သိရပါတယ်။