မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်မှာ ဖြစ်ပွားခဲ့တဲ့ ကားနဲ့ ဆိုင်ကယ် ယာဥ်တိုက်မှုဖြစ်စဉ်မှာ ကားအောက် ညပ်ပါသွားတဲ့ အမျိုးသမီးဟာ အသက်ရှင်ပြီး လက်ရှိမှာ သတိပြန်လည်လာပြီလို့ နန်းတော်ရှေ့ နယ်လုံးဆိုင်ရာ လူမှုကယ်ဆယ်ရေးအသင်းထံက သိရပါတယ်။

အောက်တိုဘာလ ၁၆ ရက် မနေ့ ည ၇နာရီဝန်းကျင်အချိန် မန္တလေး၊ ပုသိမ်ကြီးမြို့နယ်၊ ၁၉လမ်း ပုသိမ်ကြီးဆိုင်းဘုတ်နားမှာ အရှေ့ဘက်ကနေ မောင်းနှင်လာတဲ့ ကားနဲ့ ဆိုင်ကယ်တို့ ယာဉ်တိုက်မှု ဖြစ်ပွားခဲ့ပါတယ်။
အဲဒီနောက် ကားသမားက ဆိုင်ကယ်မောင်းသူ အမျိုးသမီး ကားအောက် ညပ်ပါလျက်နဲ့ မောင်းနှင်ထွက်ပြေးသွားပြီး ဆိုင်ကယ်ကတော့ လမ်းပေါ်မှာ ကျန်နေခဲ့တယ်လို့ သိရပါတယ်။

ယာဉ်တိုက်မှု ဖြစ်စဉ်ကို မြင်တွေ့လိုက်သူတွေရှိတာကြောင့် လိုက်လံရှာဖွေကြရာမှာ မောင်းပြေးသွားတဲ့ ကားက အဆုတ်ဆေးရုံနားမှာ ခဏရပ်ကြည့်ကာ ကားအောက်ပိုင်းမှာ လူညပ်ပါနေတာကြောင့် အတိုက်ခံရတဲ့ အမျိုးသမီကို ကားပေါ်တင်ပြေးပြီး ကံကောက်အထည်ချုပ်စက်ရုံနားမှာ ပစ်ထားခဲ့တယ်လို့ သိရပါတယ်။

“မျက်မြင်တွေ့လိုက်တဲ့ ကောင်မလေးကလည်း သူ့ကို အန္တရာယ်ပြုမှာစိုးလို့ ဘာမှ မပြောရဲဘူး ဖြစ်နေတာပေါ့နော် အခုအခြေအနေက။ ဖြစ်သွားတဲ့ အချိန်ကလည်း လူရှင်းချိန်ဖြစ်နေပြီ။ အတိုက်ခံရသူ အမျိုးသမီးကတော့ ဘာထွက်ဝယ်တာလဲ မသိဘူး။ သူ့မှာ ထီးလည်းပါတယ်၊ မိုးနည်းနည်းကျနေတော့ ထီးတွေလည်း စုတ်ပြတ်သွားတယ်” လို့ နန်းတော်ရှေ့ နယ်လုံးဆိုင်ရာ လူမှုကယ်ဆယ်ရေးအသင်းရဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
လက်ရှိမှာ ကားအောက် ညပ်ပါသွားတဲ့အမျိုးသမီး သတိပြန်လည်လာပြီဖြစ်ပြီး ဆေးကုသမှု ဆက်လက်ခံယူနေတယ်လို့ သိရပါတယ်။

“မနေ့ညက ခွဲစိတ်ခန်းဝင်ထားတယ်။ အခုတော့ သတိပြန်ရနေပါပြီ။ အပူလောင်တဲ့ ဒဏ်ရာတွေ တော်တော်များတယ်… ပြီးတော့ နဖူးကွဲ ဒဏ်ရာရှိတယ်။ အပူလောင်တာက ဗိုက်တွေ၊ ပေါင်ခြံတွေ… ကားအောက် ဒရွတ်တိုက်ကြီး ပါသွားတာဆိုတော့ ကားရဲ့ အိတ်ဇောတဲ့ ထိတဲ့ ဒဏ်ရာတွေပေါ့နော်” လို့ ဆိုပါတယ်။

အဆိုပါအမျိုးသမီးဟာ အသက် ၂၀ ကျော် ၃၀ ဝန်းကျင်အရွယ်ဖြစ်ပြီး လက်ရှိမှာတော့ မန္တလေးပြည်သူ့ဆေးရုံကြီးမှာ အနီရောင်အဆင့် ဦးခေါင်းဓါတ်မှန်ရိုက်ပြီး လိုအပ်တဲ့ ကုသမှုတွေ ခံယူနေကာ မောင်းနှင်ထွက်ပြေးသွားတဲ့ ကားပိုင်ရှင်ကိုတော့ ဖမ်းဆီးရမိခြင်း မရှိသေးဘူးလို့ ကနဦး သိရပါတယ်။

ဓာတ်ပုံ – ပေးပို့
0 Shares:
You May Also Like
Read More

တော်လှန်ရေးတပ်ဖွဲ့များ ထိန်းချုပ်စိုးမိုးထားသည့် ၆၃ မြို့နယ်အား ကိုယ့်ကိုယ်ကိုယ် ယာယီသမ္မတ ခန့်အပ်ထားသည့် မင်းအောင်လှိုင် စစ်အုပ်ချုပ်ရေးကြေညာ

စစ်ကောင်စီကို တော်လှန်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ (EAOs) တွေနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ တိုင်းနဲ့ ပြည်နယ် ၉ ခုကမြို့နယ် ၆၃ မြို့နယ်ကို စစ်အုပ်ချုပ်ရေးဒေသအဖြစ် သတ်မှတ်ကြောင်း ယာယီသမ္မတအဖြစ် ကိုယ့်ကိုယ်ကိုယ် ခန့်အပ်ထားတဲ့ မင်းအောင်လှိုင်က ဇူလိုင် ၃၁ ရက် မနေ့က ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

ကယန်းလူထု အခြေပြု ကယန်းအမျိုးသားတပ်မတော် စတင်ဖွဲ့စည်း

ကရင်နီဒေသက မြို့လေးမြို့ အပါအဝင် ပြန့်ကျဲနေတဲ့ ကယန်းလူထုအခြေပြု လက်နက်ကိုင်တော်လှန်ရေးတပ်တွေကို စုစည်းကာ ကယန်းအမျိုးသားတပ်မတော် ဖွဲ့စည်းလိုက်ကြောင်း ကယန်းအမျိုးသားတပ်မတော် - KNA က ဒီနေ့ အောက်တိုဘာ (၂၉)  ရက်မှာ ထုတ်ပြန်ပါတယ်။
Read More

မင်းတပ်မြို့နေ ပြည်သူများ စစ်ကောင်စီတပ်ကျန်ခဲ့သည့် လက်နက်ခဲယမ်းများ ရရှိထားလျှင် ပြန်အပ်နှံဖို့ CDF – Mindat ထုတ်ပြန်

ချင်းပြည်နယ်၊ မင်းတပ်မြို့မှာ ပြည်သူတွေအနေနဲ့ စစ်ကောင်စီတပ် ကျန်နေခဲ့တဲ့ လက်နက်ခဲယမ်းတွေ လက်ဝယ်ရရှိထားရင် လာမယ့် မတ်လ ၁၅ ရက် နောက်ဆုံးထား ပြန်လည်အပ်နှံဖို့ ချင်းကာကွယ်ရေးတပ်ဖွဲ့ - မင်းတပ် (Chin Defence Force – Mindat) က မနေ့ကဖေဖော်ဝါရီ ၂၅ ရက်မှာ ထုတ်ပြန်ထားပါတယ်။
Read More

ဖြူးမြို့နယ်က စစ်ကောင်စီတပ်စွဲထားရာနေရာတွေကို ဒရုန်းနဲ့ တိုက်ခိုက်ရာ ၆ ယောက် သေဆုံးပြီး ၂ ယောက် ပြင်းထန်ဒဏ်ရာရ

ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ ညောင်ပင်သာရဲစခန်းနဲ့ ရွာမဘုန်းကြီးကျောင်းတွေမှာ တပ်စွဲနေတဲ့ စစ်ကောင်စီတပ်တွေကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ရာ ၆ ယောက် သေဆုံးပြီး ၂ ယောက် ပြင်းထန်ဒဏ်ရာရသွားတယ်လို့ ပကဖ အသံက သတင်းဖော်ပြထားပါတယ်။
Read More

ကျောက်ဖြူသို့ တပ်ပြောင်းလာသည့် ခမရ ၂၁၁ ဒုတပ်ရင်းမှူး ဗိုလ်မှူးဝင်းသန့် AA ၏ စနိုက်ပါလက်ချက်ကြောင့် သေဆုံး

ရခိုင်ပြည်နယ်၊ ကျောက်ဖြူကို ရာထူးတိုးပြောင်းရွှေ့လာတဲ့ ခမရ ၂၁၁ က ဒုတပ်ရင်းမှူး ဗိုလ်မှူးဝင်းသန့်ဟာ အာရက္ခတပ်တော် (AA) ရဲ့ စနှိုက်ပါလက်ချက်ကြောင့် သေဆုံးသွားတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

သပြေညွန့်စစ်စခန်းကို KNLA နှင့် PDF ပူး​​ပေါင်းတပ်များ သိမ်းပိုက်ရရှိ၊ မျက်မြင် စစ်ကောင်စီအလောင်း ၁၀ လောင်းနှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ

ကရင်ပြည်နယ်နဲ့ ပဲခူးတိုင်းအစပ်က အကြမ်းဖက်စစ်ကောင်စီရဲ့ ခလရ ၇၃ တပ်ရင်း လက်အောက်ခံ သပြေညွန့်စခန်းကို ၃ ရက်ကြာတိုက်ခိုက်ပြီးတဲ့နောက် တော်လှန်ရေးပူးပေါင်းတပ်တွေ အပြီးသတ် သိမ်းပိုက်လိုက်ပြီဖြစ်တယ်လို့ သိရပါတယ်။