မကွေးတိုင်း၊ စလင်းနဲ့ ဆင်ဖြူကျွန်းမြို့နယ်တို့မှာ အကြမ်းဖက်စစ်ကော်မရှင် လက်ပါးစေတွေရဲ့ အတုအယောင်ရွေးကောက်ပွဲအတွက် ကြိုးပမ်းနေမှုနဲ့ ပေါ်တာဆွဲဖမ်းဆီးမှုတွေ ဆိုးရွားနေတဲ့အပေါ် ပြင်းအားမြင့်မိုင်းတွေနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့ညီနောင်-စလင်းတာဝန်ရှိသူက မောင်းကိုပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၅ရက်နေ့က စလင်း-ဆင်ဖြူကျွန်းလမ်းပိုင်းမှာ စစ်အုပ်စုကင်းလှည့်လာချိန် အသင့်စောင့်ကြို ဖောက်ခွဲတိုက်ခိုက်ခဲ့သလို အောက်တိုဘာလ ၁၆ရက်နေ့မှာလည်း စလင်းမြို့လယ်ခေါင် ပန်းခြံထောင့်က စစ်အုပ်စုကင်းပုန်းနေရာကို ထပ်မံတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။

“ဆင်ဖြူကျွန်းလမ်းပိုင်းမှာ စခလှည့်ကင်းကားတွေလာမယ့်အချိန် အသင့်စောင့်ပြီး ၁လုံးခွဲတာ မိုင်းက မအောင်ဘဲ (Error) ကား၂စီးလုံးကျော်သွားမှ ကွဲတယ်။ နောက်နေ့ စလင်းမြို့လယ်ခေါင် ပန်းခြံထောင့်မှာ ခွဲတာကတော့ ထိခိုက်မှုမသိရသေးပါဘူး။” လို့ ပြည်သူ့ညီနောင်-စလင်းတာဝန်ရှိသူက မောင်းကိုပြောပါတယ်။

လက်ရှိမှာ အကြမ်းဖက်စစ်တပ်ရဲ့ အတုအယောင်ရွေးကောက်ပွဲကို စလင်းမြို့နယ်နဲ့ ဆင်ဖြူကျွန်းမြို့တွေမှာ လုပ်ဆောင်ဖို့ရှိနေတာကြောင့် ရပ်ကွက်၊ ကျေးရွာအလိုက် သက်ဆိုင်ရုံးတွေမှာ မဲစာရင်းကပ်တာ၊ စာရင်းကောက်ခံတာနဲ့ ပျူစောထီးအဖွဲ့ဝင်တွေက လုံခြုံရေးယူပေးတာတွေအပြင် ဂျက်ဖိုက်တာ၊ Y12 စတဲ့လေယာဥ်တွေနဲ့ပါ ကင်းလှည့်တာမျိုးတွေရှိတယ်လို့ သိရပါတယ်။

ပြည်သူ့ညီနောင်-စလင်းတပ်ဖွဲ့ကတော့ စလင်းမြို့နဲ့ ဆင်ဖြူကျွန်းမြို့တွေမှာ အတုအယောင်ရွေးကောက်ပွဲ လုပ်ဆောင်သွာမယ့်အပေါ် ကန့်ကွက်ဆန့်ကျင်ကြောင်းနဲ့ အလျဥ်းသင့်သလို တိုက်ခိုက်သွားမယ့်အကြောင်း ပြောထားပါတယ်။

ပုံစာ – ကင်းလှည့်နေသည့် အကြမ်းဖက်စစ်ကားများ (ပုံဟောင်း)

“ရွေးကောက်ပွဲ ဖြစ်မြောက်အောင် ကူညီဆောင်ရွက်ပေးတဲ့သူ၊ ပါဝင်ပတ်သက်တဲ့သူ ဘယ်သူ့ကိုမဆို စာနာထောက်ထားနေမှာ မဟုတ်ပါဘူး။ ကျနော်တို့ ဖောက်ခွဲတိုက်ခိုက်သွားမှာပါ။” လို့ ပြည်သူ့ညီနောင်-စလင်းတာဝန်ရှိသူက မောင်းကိုပြောပါတယ်။

ဒါ့အပြင် စလင်းမြို့နယ်အတွင်း နေ့စဥ်ဆိုသလို အကြမ်းဖက်စစ်တပ်ရဲ့ ပေါ်တာဆွဲဖမ်းဆီး ငွေညှစ်တာတွေ ဆိုးဆိုးရွားရွားရှိနေပြီး ၂လအတွင်းအရပ်သား လူငယ် ၅၀ ကျော်အထိ ဖမ်းဆီးခံထားရကြောင်းနဲ့ အဲ့ဒီထဲက အယောက်၂၀ ကျော်ဟာ မြို့နယ်ရဲစခန်းအချုပ်ထဲမှာ ရှိနေသေးကြောင်း သိရပါတယ်။

“၁၆ရက်နေ့ကလည်း ကြက်သကိုင်ရွာတောင်ဘက် အမှိုက်ကျင်းမှာ သားအမိသားအဖ ၃ယောက် ရေသန့်ဗူးကောက်နေတာကို ဖအေလုပ်သူကို ဝင်ဆွဲသွားပါတယ်။ အဲ့ဒါ မအေလုပ်တဲ့သူနဲ့ ၃နှစ်သမီးလည်း ရဲစခန်းရှေ့ သွားစောင့်နေကြရှာတယ်။” လို့ စလင်းမြို့ခံ ၁ယောက်က မောင်းကိုပြောပါတယ်။

အကြမ်းဖက်စစ်တပ်အနေနဲ့ စစ်မှုထမ်းအင်အားစုဆောင်းရာမှာ မြို့နယ်အတွင်း ဖြတ်သန်းသွားလာတဲ့ ကားလိုင်းတွေကို စောင့်ကြိုဖမ်းဆီးတာ၊ စလင်းမြို့ပေါ်ရပ်ကွက်တွေအလိုက် ကားတစ်စီးနဲ့လှည့်ပတ်ပြီးပေါ်တာဆွဲဖမ်းဆီးတာတွေအပြင် ကျေးရွာတွေမှာလည်း လက်နက်ကိုင်ပျူစောထီးတပ်အတွက် အင်အားဖြည့်တင်းနေကြောင်း သိရပါတယ်။

0 Shares:
You May Also Like
Read More

တိုက်ပွဲအတွင်း ထိမှန်ကာ ဆေးရုံရောက်ခါနီးမှ ကျဆုံးခဲ့သည့် ရဲဘော်

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်တိုက်ပွဲအတွင်း ထိမှန်ဒဏ်ရာရခဲ့တဲ့ တော်လှန်ရေးရဲဘော်တစ်ယောက်ဟာ ဆေးကုသဖို့ သွားနေစဥ် လမ်းခရီးအခြေအနေကြောင့် ဆေးရုံရောက်ခါနီးမှာပင် ကျဆုံးသွားခဲ့တယ်လို့ ပခုက္ကူခရိုင် အမှတ် - ၄ တပ်ရင်းထံက သိရပါတယ်။
Read More

စစ်ကိုင်းတွင် အမျိုးသားများ ဆိုးဆိုးရွားရွား ပေါ်တာဆွဲခံနေရ၊ စစ်အုပ်စုလက်ပါးစေ ပျူစောထီးအဖွဲ့တစ်ခုက အရပ်သား ၁ယောက်ကိုလည်း ရက်ရက်စက်စက် သတ်ဖြတ်ခဲ့

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့မှာ အရပ်သားပေါ်တာဆွဲ ဖမ်းဆီးခံရမှုတွေ များလာသလို စစ်အုပ်စုလက်ပါးစေတွေက အမျိုးသား ၁ယောက်ကိုလည်း အကြောင်းမဲ့ ရက်ရက်စက်စက် သတ်ဖြတ်ထားခဲ့ကြောင်း ပြည်သူ့ဘက်တော်သားအဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ကျိုက်ထိုတွင် စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် ပြည်သူ (၁)ဦး သေဆုံးပြီး (၄)ဦး ဒဏ်ရာရ

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သားပြည်သူ (၁) ယောက် သေဆုံးပြီး (၄) ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ကျောက်မဲမြို့ကို စစ်ကောင်စီတပ် ဂျက်ဖိုက်တာဖြင့် ဗုံး (၂)လုံး ကြဲချတိုက်ခိုက်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့ကို အကြမ်းဖက် စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ဗုံး (၂)လုံး လာရောက်ဗုံးကြဲချတိုက်ခိုက်ခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က မနေ့က ထုတ်ပြန်ပါတယ်။
Read More

MDY PDF တိုက်ခိုက်မှုကြောင့် ဧရာဝတီမြစ်အတွင်း စစ်ကောင်စီသင်္ဘော ၁ စီး နစ်မြုပ်၊ ၃ စီး မီးလောင်ပျက်စီး

မန္တလေးမြို့ ဂေါဝန်ဆိပ်ကမ်းက စတင်ပြီး ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာတဲ့ စစ်သင်္ဘောတွေပါဝင်တဲ့ သင်္ဘောအုပ်စုကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) MDY PDF က လမ်းတစ်လျှောက် ဖြတ်တောက်ပိတ်ဆို့ တိုက်ခိုက်ခဲ့တယ်လို့ ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

ရန်ကုန်တိုင်း ပကဖ တည်ထောင်ခြင်း (၃)နှစ်ပြည့် အခမ်းအနားတွေ ကျင်းပခဲ့

ရန်ကုန်တိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့ ဖွဲ့စည်းတည်ထောင်ခြင်း (၃)နှစ်ပြည့် အခမ်းအနားတွေကို ရန်ကုန်တိုင်းပကဖ လက်အောက်ရှိ တိုက်ခိုက်ရေးတပ်ဖွဲ့တွေနဲ့ ခရိုင်အဖွဲ့တွေဟာ အောက်တိုဘာလ ၂၀ ရက် မနေ့က သက်ဆိုင်ရာနေရာအသီးသီးမှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ ပကဖ အသံက သတင်းဖော်ပြထားပါတယ်။