ပဲခူးတိုင်း ပန်းတောင်းမြို့နယ် ပုဂံဂွေ့ကျေးရွာအနီးရှိ စစ်ကော်မရှင်ရဲ့ ပွိုင့် ၆၆၆ စခန်းကုန်းအား သိမ်း ပိုက်ထားတဲ့ မှတ်တမ်းရုပ်သံကို အာရက္ခတပ်တော် AAက မနေ့နေ့လယ်ပိုင်းက ထုတ်ပြန်လိုက်ပါ တယ်။

ပွိုင့် ၆၆၆ စခန်းကုန်းကို အောက်တိုဘာ ၁၄ ရက် နံနက်ပိုင်းက စတင်ထိုးစစ်တိုက်ခိုက်ခဲ့ပြီး ၃ နာရီ ခန့်အကြာ သုံးဘက်သုံးတန်ကနေ ပိတ်ဆို့တိုက်ခိုက်ပြီး အပြီးသတ်သိမ်းပိုက်ခဲ့တယ်လို့ သိရပါတယ်။

စခန်းကုန်းကနေ စစ်ကော်မရှင်တပ်သားအလောင်းအချို့နဲ့ လက်နက်ခဲယမ်းစစ်အသုံးအဆောင် ပစ္စည်းအချို့ သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

လက်ရှိ စစ်တွေမြို့အနီးပတ်ဝန်းကျင်မှာ လက်နက်ကြီး၊ ဒရုန်းတွေနဲ့ အပြန်အလှန်တိုက်ခိုက်မှုများ ပိုမိုပြင်းထန်နေတဲ့အပြင် နတ်ရေကန်ဗျူဟာကုန်းကိုလည်း အပြီးသတ်သိမ်းပိုက်ရရှိရေးအတွက် အ နည်းငယ် ကျန်ရှိနေတဲ့နေရာတွေကို ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိရာ ကစဉ့်ကလျား ထွတ်ပြေးနေကြတဲ့ စစ်ကော်မရှင်တပ်သားတွေနဲ့ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားလျက်ရှိတယ်လို့ AA က ဆိုပါတယ်။

Video-AA Info Desk 2.0

0 Shares:
You May Also Like
Read More

မြိုင်မြို့နယ်အတွင်း နွားစာလာရိတ်တဲ့ ပျူစောထီး ၁ ယောက် စနိုက်ဘာနဲ့ ပစ်ခတ်ခံရပြီး သေဆုံး (ရုပ်/သံ)

မကွေးတိုင်း မြိုင်မြို့နယ် သရက်ကန်ပျူစောထီးရွာကနေ နွားစာလာရိတ်တဲ့ ပျူစောထီး ၁ ယောက် စနိုက်ဘာနဲ့ ပစ်ခတ်ခံရပြီး သေဆုံးခဲ့တယ်လို့ ပြည်သူ့လွတ်မြောက်ရေး တပ်ပေါင်းစုက သတင်းထုတ်ပြန်ထားပါတယ်။ ယနေ့ နိုဝင်ဘာ ၁ ရက် နံနက် ၈ နာရီခွဲဝန်းကျင်ခန့်မှာ မြိုင်မြို့နယ်တောင်ပိုင်း သရက်ကန်ပျူစောထီး ရွာအနောက်ဘက်ရှိ မြေပဲခင်းကို နွားစာရိတ်ထွက်လာတဲ့ ပျူစောထီး ၁ ယောက်ကို စနိုက်ဘာနဲ့ ပစ်ခတ်ခဲ့တယ်လို့ သိရတာပါ။
Read More

ငါန်းဇွန်မြို့နယ် ထွန်းသာကျေးရွာမှာ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက် (ရုပ်/သံ)

မန္တလေးတိုင်း ငါန်းဇွန်မြို့နယ် ထွန်းသာကျေးရွာမှာ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို မတ်လ ၆ ရက် နေ့လယ်ပိုင်းက ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ 925 ပြောက်ကျားအဖွဲ့(ငါန်းဇွန်)ထံက သိရပါတယ်။
Read More

တအောင်းပြည် တပ်မဟာ ၃ မှာ အထူးတိုက်ခိုက်ရေးသင်တန်း အပတ်စဉ် ၆၆ သင်တန်းသူသင်တန်းသား စုစုပေါင်း ၁၀၀၀ နဲ့ သင်တန်းဆင်းပွဲကျင်းပ (ရုပ်/သံ)

တအောင်းပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA ရဲ့ အထူးတိုက်ခိုက်ရေးသင်တန်း အပတ်စဉ် ၆၆ သင်တန်းသူ သင်တန်းသားပေါင်း ၁၀၀၀ နဲ့ သင်တန်းဆင်းပွဲကို နိုဝင်ဘာ ၉ ရက်က တအောင်းပြည် တပ်မဟာ ၃ မှာ ကျင်းပခဲ့တယ်လို့ ဒီနေ့ နိုဝင်ဘာ ၁၅ ရက်မှာ PSLF/TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်ထားပါတယ်။
Read More

ကချင်ပြည်နယ် လန်ဆယ်ဒေသကို စစ်ကော်မရှင် လေကြောင်းတိုက်ခိုက်၊ ပြည်သူ ၂ ဦး သေဆုံး (ရုပ်/သံ)

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဆော့လော်မြို့နယ် လန်ဆယ်ဒေသကို စစ်ကော်မရှင်က လေ ကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သားပြည်သူ ၂ ယောက် သေဆုံးခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

စလင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီစခန်းကို တော်လှန်ရေးတပ်တွေ စီးနင်းတိုက်ခိုက်၊ စစ်သား ၄ ယောက်သေပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိ (ရုပ်/သံ)

မကွေးတိုင်း မင်းဘူးခရိုင် စလင်းမြို့နယ် ဆုပ်လေဦးလေးဆုံမှာ ဘန်ကာအခိုင်အမာနဲ့ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်သား၊ ရဲနဲ့ ပျူစောထီးတွေကို နိုဝင်ဘာ ၁၅ ရက် မနက်ပိုင်းမှာ တော်လှန်ရေး ပူးပေါင်းတပ်တွေ စီးနင်းတိုက်ခိုက်ခဲ့တယ်လို့ ဒေါင်းစစ်အောင်အဖွဲ့ထံက သိရပါတယ်။