စစ်ကိုင်းတိုင်း မုံရွာမြို့နယ်နဲ့ ချောင်းဦးမြို့နယ်အစပ်မှာ ကျင်းပနေတဲ့ သီတင်းကျွတ်ဆီမီးထွန်းပွဲကို စစ်ကော်မရှင်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် BLDF ရဲဘော် ဘုန်းမြင့်ဇော် (ခ) ရဲဘော်တည်ကြည် ကျဆုံးခဲ့ရတယ်လို့ Burma Liberation Democratic Front က သတင်းထုတ်ပြန်ပါတယ်။

ရဲဘော်ဘုန်းမြင့်ဇော် (ခ) ရဲဘော်တည်ကြည်ရဲ့ ဈာပနအခမ်းအနားကို ဗမာလွတ်မြောက်ရေး ဒီမိုကရက်တစ်တပ်ဦး အခြေစိုက်ရာ တော်လှန်ရေးဒေသတနေရာမှာ အောက်တိုဘာလ ၁၀ ရက်နေ့က ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

အောက်တိုဘာလ ၆ ရက် သီတင်းကျွတ်လပြည့်ညက မုံရွာမြို့နယ်နဲ့ ချောင်းဦးမြို့နယ်အစပ် တနေရာမှာ ဗုဒ္ဓဘာသာဝင်တို့ရဲ့ အထွဋ်အမြတ်ထားရာ နေ့ထူးနေ့မြတ်ဖြစ်တာနဲ့အညီ ဘာသာရေးဓလေ့ထုံးတမ်းအစဉ်အလာအရ သပိတ်ကော်မတီတွေနဲ့ ပြည်သူလူထု ပူးပေါင်းပြီး သီတင်းကျွတ်ဆီမီးထွန်းပွဲနဲ့ ဆီမီးသပိတ်ကျင်းပနေချိန် စစ်ကော်မရှင်ရဲ့ လေကြောင်းတိုက်ခိုက်မှုခံရပြီး ကလေးငယ်တွေ အပါအဝင် အရပ်သားပြည်သူ ၂၂ ယောက်ထက်မနည်း သေဆုံးခဲ့ပြီး အယောက် ၄၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

Video-Burma Liberation Democratic Front
0 Shares:
You May Also Like
Read More

ညောင်ဦးမြို့မှ ထွက်လာသည့် အကြမ်းဖက်စစ်တပ်နှင့် တော်လှန်ရေးတပ်များ တိုက်ပွဲဖြစ်ပွား၊ စစ်သား ၈ ဦး သေ (ရုပ်/သံ)

မန္တလေးတိုင်း၊ ညောင်ဦးမြို့က ထွက်လာတဲ့ အင်အား ၉၀ ခန့်ရှိ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေနဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၈ ယောက်သေဆုံးခဲ့တယ်လို့ People's Democratic Army က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ဖရူဆိုမြို့နယ်အတွင်းရှိ ကျေးရွာများကို စစ်ကြောင်းထိုးလာသည့် အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို ဒရုန်းဖြင့် ဗုံးသီးကြဲချ ချေမှုန်း (ရုပ်/သံ)

ကရင်နီဒေသ ဖရူဆိုမြို့နယ်ထဲကို စစ်ကြောင်းထိုးလာတဲ့အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို ဒရုန်းနဲ့ ဗုံးသီးကြဲချချေမှုန်းခဲ့တဲ့ ရုပ်သံကို KNDF ရဲဘော် Khu Ri Chard က ဒီဇင်ဘာ ၄ ရက်က သူ့ရဲ့ လူမှုကွန်ရက်ကနေ မျှဝေခဲ့ပါတယ်။
Read More

စစ်ကိုင်းမှ မုံရွာသို့ စစ်ကောင်စီတပ်သားတွေ စီးနင်းလာတဲ့ ယာဉ် ၁၁ စီးကို ကြားဖြတ်တိုက်ခိုက်မှု ၃ ယောက် ဒဏ်ရာရ (ရုပ်/သံ)

စစ်ကိုင်းတိုင်း မုံရွာမြို့နယ်  မုံရွာ-မန္တလေး လမ်းပိုင်းမှာ  ဇန်နဝါရီ ၂၂ ရက်က Acid Tanker Trucks ယာဉ်များ၊ Jumper ယာဉ် ၈ စီးအပါအဝင် အရာရှိတွေ လိုက်ပါလာတယ်လို့ ယူဆရတဲ့ မှန်လုံယာဉ် ၃ စီးတို့အား ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ Chindwin Fighter Group တပ်ဖွဲ့ထံက သိရပါတယ်။
Read More

ကျုံဒိုးမြို့ကို စစ်ကြောင်းထိုးနေသည့် အကြမ်းဖက် စစ်ကောင်စီတပ်သားများကို တိုက်ခိုက်မှု မှတ်တမ်း (ရုပ်/သံ)

ကရင်ပြည်နယ်၊ ကျုံဒိုးမြို့ကို စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို တိုက်ခိုက်ချေမှုန်းခဲ့တဲ့ မှတ်တမ်းရုပ်သံကို ပျံလွှားစစ်ကြောင်းက ထုတ်ပြန်လိုက်ပါတယ်။
Read More

မြင်းမူမြို့နယ်အတွင်း အကြမ်းဖက်စစ်သားတွေ မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၄ ယောက် သေ၊ ၂ ယောက် ဒဏ်ရာရ (ရုပ်/သံ)

စစ်ကိုင်းတိုင်း မြင်းမူမြို့နယ် ဝမ်းပြည့်ကျေးရွာမှာ အကြမ်းဖက်စစ်သားတွေ မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၄ ယောက်သေကာ ၂ ယောက် ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ People's knight Defense Force Myinmu (PKDF-MMU) အဖွဲ့ရဲ့ သတင်းပေးပို့ချက်အရ သိရပါတယ်။