ထိုင်းနိုင်ငံ၊ စမွတ်ဆာခွတ်ခရိုင်၊ မဟာချိုင်နယ်မြေ လူနေတိုက်တန်းလျားတစ်ခုမှာ ပန်းရောင်ကတ်လုပ်ဖို့ စောင့်ဆိုင်းနေတဲ့ မြန်မာ ၁၃၁ ယောက်ကို တိုင်တန်းမှုတွေကြောင့် ထိုင်းအာဏာပိုင်တွေက မနေ့က အောက်တိုဘာ ၁၆ရက် ညနေပိုင်းမှာ ဝင်ရောက်ဖမ်းဆီးခဲ့ပါတယ်။

ထိုင်းမှာရောက်နေတဲ့ တရားမဝင် အလုပ်သမားတွေကို အောက်တိုဘာ ၁၅ရက်ကစလို့ တရားဝင်အလုပ်လုပ်ခွင့် ပန်းရောင်ကတ်တွေ လျှောက်ထားခွင့်ပြုမယ်လို့ ကြေညာထားပေမယ့် နယ်စပ်ပြဿနာတွေကြောင့် ဒီလုပ်ငန်းစဥ်တွေကို ရပ်ဆိုင်းထားမယ်လို့ ထိုင်းအစိုးရက မနေ့က ထပ်မံထုတ်ပြန်လိုက်ပြီးနောက် အခုလို ဝင်ရောက်ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

ဖမ်းဆီးခံရတဲ့ မြန်မာ ၁၃၁ ယောက်ဟာ သူတို့ကို ခေါ်ဆောင်လာတဲ့ ပွဲစားထံ ပန်းရောင်ကတ် လုပ်ခ အပါအဝင် ဘတ် ၄သောင်း ပေးရပြီး ကန်ချနာဘူရီ၊ ရနောင်းနဲ့ တာ့ခ်ခရိုင်ဘက်ကနေ တရားမဝင် ဝင်ရောက်လာတာဖြစ်တယ်လို့ သိရပါတယ်။

ဒီဖြစ်စဥ်ဟာ မြန်မာပွဲစားအချင်းချင်း အဝေမတည့်ရာကနေ နေရာအတိအကျနဲ့ ထိုင်းလဝကမှာ တိုင်ကြားလိုက်တာကြောင့် ဝင်ရောက်ဖမ်းဆီးခံရတာဖြစ်တယ်လို့လည်း ထိုင်းရောက်မြန်မာအလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေတဲ့ အေအေစီ ကိုရဲမင်းက ပြောထားပါတယ်။

အဆိုပါ ဖမ်းဆီးခံရတဲ့ မြန်မာတွေကို ထိုင်းဥပဒေအရ အ‌ရေးယူဆောင်ရွက်ပြီး မြန်မာနိုင်ငံကို ပြန်ပို့သွားမှာဖြစ်တယ်လို့ ထိုင်းရဲတပ်ဖွဲ့က ပြောဆိုထားပါတယ်။
0 Shares:
You May Also Like
Read More

အစားအသောက် မကောင်းလို့ဆိုပြီး စကားများရန်ဖြစ်ရာက မြန်မာအမျိုးသမီးတဦး မလေးရှားတွင် ဓားထိုးသတ်ခံရ၊ သံသယတရားခံအဖြစ် မြန်မာ ၃ ဦး အဖမ်းခံရ

မလေးရှားနိုင်ငံ၊ ပီနန်ပြည်နယ်၊ Lorong Bukit Juru က ထိုင်းစားသောက်ဆိုင်တခုမှာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၆ ရက်ညက အစားအသောက်မကောင်းလို့ဆိုပြီး အချင်းချင်း စကားများရန်ဖြစ်ရာက မြန်မာအမျိုးသမီး စားဖိုမှူးတယောက် ဓားထိုးခံရပြီး သေဆုံးခဲ့ကြောင်း မလေးရှားသတင်း Bernama မှာ ဖော်ပြထားပါတယ်။
Read More

တမူးမြို့အနီး ပကဖ ၁၀ ဦး ကျဆုံးခဲ့သည့်အပေါ် NUG က အိန္ဒိယအစိုးရနှင့် အမှုမှန်ပေါ်ပေါက်ရေး ညှိနှိုင်းဆောင်ရွက်နေဟု ဆို

အိန္ဒိယ-မြန်မာနယ်စပ်ရှိ တမူးမြို့နယ်အနီး မြို့နယ်ပကဖ ၁၀ ယောက် ကျဆုံးခဲ့တဲ့အပေါ် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က အိန္ဒိယအစိုးရနဲ့ အမှုမှန်ပေါ်ပေါက်ရေး ညှိနှိုင်းဆောင်ရွက်နေတယ်လို့ NUG နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။
Read More

ထရမ့်ရဲ့ အခွန်တိုးကောက်ကြောင်း ပေးပို့စာဟာ လူရာဝင်ချင်တဲ့ မင်းအောင်လှိုင်အတွက် အကောင်းဆုံးသတင်းစကား ဖြစ်နေပြီး၊ ၄င်းရဲ့ တုန့်ပြန်မှုက နိုင်ငံတကာမှာ ဟာသသဖွယ် ဖြစ်နေ

ကမ္ဘာ့ခေါင်းဆောင်အများစုအတွက် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဆီက ပေးပို့လာတဲ့ အခွန်တိုးမြှင့် ကောက်ခံစာတွေဟာ ခေါင်းကိုက်စရာ ဖြစ်နေတာကတော့ အမှန်ပါ။
Read More

ရိုဟင်ဂျာ အမည်မသုံးရန်နှင့်  ICJ ရောက် စစ်ကော်မရှင် ကိုယ်စားလှယ်အဖွဲ့အား ထောက်ခံရန် အကြမ်းဖက်စစ်တပ်  ညွှန်ကြား

တိုင်းရင်းသားအဖြစ် မသတ်မှတ်တဲ့အတွက် ရိုဟင်ဂျာနာမည်ကို မသုံးဖို့နဲ့ ICJ ရောက် စစ်ကော်မရှင် ကိုယ်စားလှယ်အဖွဲ့ဟာ နိုင်ငံတကာ ဥပဒေနဲ့အညီ တရားရင်ဆိုင်နေတယ်လို့သာ ထောက်ခံရေးသားဖို့ အကြမ်းဖက်စစ်တပ်က ညွှန်ကြားအမိန့်ပေးချက် ထုတ်ပြန်လိုက်ပါတယ်။
Read More

ဘန်ကောက်နှင့် ချင်းမိုင်ရှိ စားသောက်ဆိုင်များတွင် မြန်မာအလုပ်သမားများ ဖမ်းဆီးခံရ

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့နဲ့ ချင်းမိုင်မြို့တွေက စားသောက်ဆိုင်တွေမှာ တရားမဝင် လုပ်ကိုင်နေကြတဲ့ မြန်မာနိုင်ငံသား ၇ ဦးကို ထိုင်းလူမှုကြီးကြပ်ရေးအာဏာပိုင်တွေက ဖမ်းဆီးခဲ့ကြတယ်လို့ Khaosod သတင်းမှာ ဖော်ပြပါတယ်။
Read More

မဲဆောက်မြို့ မူးယစ်ဆေးရောင်းဝယ်မှုအတွင်း မြန်မာအချင်းချင်း ဓားနဲ့ထိုး

ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့မှာ မူးယစ်ဆေးရောင်းဝယ်ရာက စတင်ဖြစ်ပွားတဲ့ ခိုက်ရန်ဖြစ်ပွားမှုတခုကြောင့် မြန်မာအမျိုးသားတယောက် ဓားထိုးခံလိုက်ရပြီး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း ထိုင်းသတင်း Thaiger မှာ ဖော်ပြပါတယ်။