ရှမ်းပြည်နယ်မြောက်ပိုင်း နမ္မတူနဲ့ နမ့်ဆန်မြို့နယ်တွေကို အကြမ်းဖက်စစ်တပ်က လေကြောင်းဗုံးကြဲတိုက်ခိုက်မှု ထပ်မံလုပ်ဆောင်ခဲ့တာကြောင့် ထိခိုက်သေဆုံးသူတွေရှိခဲ့ကြောင်း တအာင်းတပ်မတော် TNLA က သတင်းထုတ်ပြန်ပါတယ်။

အောက်တိုဘာ ၁၇ရက် ဒီမနက် ၈နာရီကျော်လောက်မှာ နမ္မတူမြို့ အ.ထ.က(၁) ကျောင်း ဝန်းကျင်ကို စစ်တပ်က ပေါင် ၂၅၀ ဗုံး ၂လုံး ကြဲချတိုက်ခိုက်မှုကြောင့် အမျိုးသမီး ၄ယောက် ထိမှန်ဒဏ်ရာရခဲ့ပြီး စာသင်ဆောင် ၂ ဆောင်နဲ့ နေအိမ်တချို့ ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

“စာသင်ကျောင်း မဖွင့်ပါဘူး။ ဗုံးကျတဲ့နေရာက အ.ထ.က ၁ ထဲ တစ်လုံး၊ စာသင်ကျောင်းအနီးမှာရှိတဲ့ အဆောက်အဦးတစ်လုံးနား ကျတာ၊ အဲ့အဆောက်အဦးထဲမှာရှိတဲ့ အမျိုးသမီး ၄ဦး ဒဏ်ရာရတယ်။ စိုးရိမ်ရတဲ့ အနေအထားတော့ မဟုတ်ပါဘူး” လို့ နယ်မြေခံ သတင်းရင်းမြစ်က မောင်းကို ပြောပါတယ်။

အလားတူ စစ်တပ်က နမ့်ဆန်မြို့နယ်၊ ဟိုမိန်းကျေးရွာကို ဒီမနက် ၈နာရီကျော်မှာ ပေါင် ၅၀၀ ဗုံး ၂လုံး ကြဲချတိုက်ခိုက်ခဲ့တာကြောင့် အမျိုးသား ၁ယောက်၊ အမျိုးသမီး ၂ယောက် သေဆုံးခဲ့ပြီး နေအိမ် ၁၀ လုံး ထိမှန်ပျက်စီးခဲ့ပါသေးတယ်။
အောက်တိုဘာ ၁ရက်ကနေ ၁၆ ရက်အထိ စစ်တပ်က လေကြောင်းအသုံးပြုကာ မန်တုံမြို့ကို ၁ ကြိမ်၊ ကျောက်မဲမြို့ ၃ ကြိမ်၊ သီပေါမြို့ ၅ ကြိမ်၊ မိုင်းငေါ့မြို့ ၁ ကြိမ်၊ မိုင်းလုံမြို့ ၄ ကြိမ်၊ နမ့်ဆန်မြို့ ၃ ကြိမ်၊ နမ္မတူမြို့ ၄ ကြိမ်၊ မိုးမိတ်မြို့ ၃ ကြိမ်နဲ့ မိုးကုတ်မြို့ ၁ ကြိမ်၊ စုစုပေါင်း ၂၅ကြိမ် လာရောက်ဗုံးကြဲ တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါဗုံးတွေ ကျရောက်ပေါက်ကွဲမှုကြောင့် ကလေး ၇ယောက်၊ အမျိုးသား ၁၀ ယောက်၊ အမျိုးသမီး ၁၂ယောက် သေဆုံးခဲ့ပြီး ကလေး ၁၁ယောက်၊ အမျိုးသား ၁၄ယောက်၊ အမျိုးသမီး ၁၁ယောက် ထိခိုက်ဒဏ်ရာရခဲ့ကာ‌ နေအိမ် ၁၀၈ လုံး၊ စာသင်ကျောင်း ၃ကျောင်း၊ ဘုန်းကြီးကျောင်း ၂ကျောင်း၊ ကျောင်းဆောင် ၄ဆောင်နဲ့ အဆောက်အဦး ၄ခု ထိမှန်ပျက်စီးခဲ့တယ်လို့ TNLA က ထုတ်ပြန်ပါတယ်။

ပြည်သူတွေအနေနဲ့လည်း အကြမ်းဖက်စစ်ကော်မရှင်ရဲ့ ဗုံးကြဲမှုတွေကို ရှောင်ရှားနိုင်ဖို့ စစ်ရေးသတိ အမြဲရှိဖို့၊ လေကြောင်းရန် ကာကွယ်ရေးဆိုင်ရာနည်းလမ်းတွေ လိုက်နာဆောင်ရွက်ဖို့လည်း TNLA က တိုက်တွန်းထားပါတယ်။
0 Shares:
You May Also Like
Read More

ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦးရဲ့ အပတ်စဥ်(၃) အခြေခံစစ်ပညာသင်တန်း ပုံရိပ်များ (ဓာတ်ပုံသတင်း)

အညာဒေသ အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ ဗမာလွတ်မြောက်ရေး ဒီမိုကရက်တစ်တပ်ဦး ( BLDF ) က အပတ်စဥ်(၃) အခြေခံစစ်ပညာသင်တန်း ပြုလုပ်နေတဲ့ ပုံရိပ်တွေကို ထုတ်ပြန်ဖော်ပြလာပါတယ်။
Read More

ရခိုင်ဘက်ပို့ဆောင်ခံရချိန် ထွက်ပြေးအလင်းဝင်လာသည့် စစ်သက်တမ်း နှစ် ၂၀ ရှိ တပ်ကြပ် ၁ ဦးကို မုံရွာပကဖ စစ်ဆေးနေ

စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ ဆက်သွယ်ရေး ၆ တပ်ကနေ ရခိုင် စစ်မျက်နှာကို ပို့ဆောင်ခံရတဲ့ စစ်ကော်မရှင် တပ်ကြပ် ၁ ယောက် ထွက်ပြေးအလင်းဝင်ရောက်လာကြောင်း မုံရွာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ငလျင်လှုပ်ခတ်စဉ် ငွေသားလုံခြုံရေးအကြောင်းပြကာ တံခါးပိတ်ခဲ့တဲ့ ပျော်ဘွယ် KBZ ဘဏ်မှာ သေဆုံးသူ ၂၀ အထိရှိခဲ့

ငလျင်ကြောင့် ဆိုးရွားစွာ ပြိုကျခဲ့တဲ့ ပျော်ဘွယ်က KBZ ဘဏ်အဆောက်အအုံအတွင်း သေဆုံးသူ ၂၀ အထိရှိခဲ့တယ်လို့ပျော်ဘွယ်မီးသတ်က ဧပြီ ၅ ရက်မှာ ထုတ်ပြန်ပါတယ်။
Read More

Zomi Federal Union(ZFU)/ PDF Zoland က ပြုလုပ်တဲ့ Zoland Army မွမ်းမံ တန်းမြှင့် သင်တန်း အပတ်စဥ် (၁) သင်တန်းဆင်းပွဲ (ဓာတ်ပုံသတင်း)

မြန်မာပြည် စစ်အာဏာရှင်လက်က လွတ်မြောက်ရေး တိုက်ပွဲဝင်ဖို့အတွက် Zomi Federal Union(ZFU)/ PDF Zoland က ပြုလုပ်တဲ့ Zoland Army မွမ်းမံ တန်းမြှင့် သင်တန်း အပတ်စဥ် (၁) သင်တန်းဆင်းပွဲ ပြုလုပ်ခဲ့တယ်လို့ PDF Zoland က အောက်တိုဘာ ၂၈ ရက် ဒီနေ့မှာ ထုတ်ပြန်ထားပါတယ်။
Read More

အင်အားကြီးနိုင်ငံတွေက မီဒီယာတွေကို သူတို့အလိုကျ ခြယ်လှယ်ပြီး လက်ကိုင်တုတ်အဖြစ် အသုံးပြုနေသည်ဟု မင်းအောင်လှိုင် စွပ်စွဲ

အင်အားကြီးနိုင်ငံတွေက မီဒီယာတွေကို သူတို့အလိုကျ ဝင်ရောက်ခြယ်လှယ်ပြီး လက်ကိုင်တုတ်အဖြစ်  အသုံးပြုနေတယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။ 
Read More

စတင်တာဝန်ထမ်းချိန်မှ ကျဆုံးချိန်အထိ အနစ်နာခံ တာဝန်ကျေပွန်ခဲ့သည့် အသက် (၂၄)နှစ်အရွယ် ရဲဘော် ဂတုံး

ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်အတွင်း ရှေ့တန်းစစ်မြေပြင်တစ်နေရာမှာ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ဖာပွန်ခရိုင် တပ်ရင်း ၁ (တပ်ရင်း-၇၀၀၁) - Spring Warriors Column က ရဲဘော်တစ်ယောက် ကျဆုံးခဲ့တယ်လို့ အဆိုပါတပ်ရင်းက ထုတ်ပြန်ထားပါတယ်။