စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်၊ ညောင်ကုန်းကျေးရွာကနေ တန့်ဆည်နယ်ဘက် ကထိန်ခင်းဖို့သွားတဲ့ ဇနီးမောင်နှံ ၂ယောက်ကို ပျူစောထီးတွေက ဖမ်းဆီးကာ အမျိုးသမီးဖြစ်သူကို အဓမ္မပြုကျင့်ကာ သတ်ခဲ့တယ်လို့ KBL-PDF က ထုတ်ပြန်ပါတယ်။

အောက်တိုဘာ ၁၆ရက် မနေ့မနက် ၉နာရီလောက်မှာ တန့်ဆည်နယ်ဘက် ကထိန်ခင်းဖို့သွားတဲ့ ကိုကျော်မျိုးနဲ့ မအေးမာဦးတို့ ဇနီးမောင်နှံဟာ ရွှေဘို-မြစ်ကြီးနား လမ်းပိုင်းပေါ်ရှိ စံပယ်နံ့သာ ပျူစောထီးအထိုင်စခန်းမှာ ဖမ်းဆီးခံခဲ့ရပါတယ်။

အဲဒီနောက် သူတို့မှာပါလာတဲ့ ဆွဲသီပါ ရွှေဆွဲကြိုး ၂ကုုံး၊ (၁)ကျပ်သား ရွှေအခဲ ၁ ခဲ၊ နားကပ် ၁ရံ၊ လက်ကောက် ၁ ကွင်း၊ စုစုပေါင်း ရွှေ ၃ကျပ်သားနဲ့ ငွေသား ၇သိန်း၊ ဖုန်း ၃လုံး၊ ဆိုင်ကယ် ၁စီးကို ယူဆောင်ကာ အမျိုးသမီးဖြစ်သူကို အဓမ္မပြုကျင့် သတ်ဖြတ်လိုက်တယ်လို့ ပြောပါတယ်။

အဲဒီနောက်မှာတော့ အမျိုးသားဖြစ်သူ ကိုကျော်မျိုးက ကန့်ဘလူခရိုင် အမှတ် (၃) PDF တပ်ရင်းထံ ထွက်ပြေးလွတ်မြောက်လာပြီး အဆိုပါဖြစ်စဥ်တွေကို ကန့်ဘလူ အမှတ် (၃) တပ်ရင်း ထောက်လှမ်းရေးတာဝန်ခံထံ ပြောပြခဲ့တယ်လို့ သိရပါတယ်။

အောက်တိုဘာ ၁၃ ရက်နေ့ကလည်း ရွှေဘိုနေ တနိုင်းဘက် တက်လာတဲ့ အံစာတုံးကား (၁) စီးပေါ်က လူငယ် ၉ယောက်ကို အဆိုပါ စံပယ်နံ့သာပျူစောထီးစခန်းက မတရားပေါ်တာဆွဲ ဖမ်းဆီးသွားခဲ့ပါသေးတယ်။

ပုံစာ – ထွက်ပြေးလွတ်မြောက်လာသူ ကိုကျော်မျိုး
0 Shares:
You May Also Like
Read More

စစ်ကောင်စီ၏ တပ်မ ၉၉ မှ စစ်မှုထမ်းဆင်း စစ်သား ၃ ဦး လက်နက်များနှင့်အတူ မင်းဘူးခရိုင် အမှတ် ၂ တပ်ရင်းဆီ အလင်းဝင်

အကြမ်ဖက်စစ်ကောင်စီရဲ့ ခြေမြန်တပ်မဌာနချုပ် အမှတ် ၉၉ လက်အောက်ရှိ စစ်မှုထမ်းသင်တန်းဆင်း စစ်သား ၃ ယောက် လက်နက်ခဲယမ်းတွေနဲ့ အလင်းဝင်လာတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မင်းဘူးခရိုင် အမှတ် ၂ တပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ထိုင်းမှာ တရားမဝင် နေထိုင်ရာက အဖမ်းခံရပြီး စစ်မှုထမ်းတပ်သား ဖြစ်လာသူ လက်နက်ခဲယမ်းနှင့်အတူ အလင်းဝင် ‌

မွန်ပြည်နယ်၊ သထုံမြို့အခြေစိုက် စစ်ကောင်စီရဲ့ အမှတ်  ၄၀၂ အမြောက်တပ်ရင်းက စစ်မှုထမ်းတပ်သားသစ် ၁ ယောက်ဟာ လက်နက်ခဲယမ်းနဲ့တကွ အလင်းဝင်ရောက်လာတယ်လို့ သထုံမြို့ပြအထူးပြောက်ကျားအဖွဲ့ဆီက သိရပါတယ်။
Read More

စလင်းနှင့်ဆင်ဖြူကျွန်းတွင် ရွေးကောက်ပွဲအပြီး ပေါ်တာဆွဲဖမ်းဆီးမှုများ တကျော့ပြန်ဆိုးရွားလာပြီး ၃ရက်အတွင်း အမျိုးသားအယောက် ၆၀နီးပါး ဖမ်းဆီးခံရ

မကွေးတိုင်း၊ မင်းဘူးခရိုင်၊ စလင်းနဲ့ ဆင်ဖြူကျွန်းမြို့တွေမှာ အခုရက်ပိုင်းအတွင်း အကြမ်းဖက်စစ်တပ်ရဲ့ ပေါ်တာဆွဲဖမ်းဆီးမှုတွေ ဆိုးဆိုးရွားရွား မြင့်တက်လာသလို၊ ဆေးရုံတက်ရောက်ကုသနေတဲ့ လူနာတွေနဲ့ လူနာစောင့်တွေကိုလည်း PDF အဖြစ် စွပ်စွဲစစ်ဆေးတာတွေ ရှိနေတယ်လို့ ပြည်သူ့ညီနောင်-စလင်းတပ်ဖွဲ့တာဝန်ရှိသူက မောင်းကိုပြောပါတယ်။ အကြမ်းဖက်စစ်တပ်အနေနဲ့ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၃ ရက်နေ့လောက်ကစလို့ သူတို့စိုးမိုးထားနိုင်တဲ့ စလင်းနဲ့ ဆင်ဖြူကျွန်းမြို့တွေပေါ်မှာ ပေါ်တာဆွဲဖမ်းဆီးတာတွေကို ဆိုးဆိုးရွားရွား ပြန်လည်လုပ်ဆောင်လာခဲ့ပြီး၊ ၃ရက်အတွင်း လူငယ်အယောက် ၆၀နီးပါးအထိ ပေါ်တာဆွဲ ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။
Read More

အိပ်မောကျနေချိန် အကြမ်းဖက်စစ်တပ် ဗုံးကြဲမှုကြောင့် မိသားစုဝင် ၇ ဦး သေဆုံး၊ သေဆုံးသူများအနက် ကလေးငယ် ၃ ဦး ပါဝင်

ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်၊ နန်းအီရှမ်းရွာနဲ့ ဝက်ယင်းရွာကို အကြမ်းဖက်စစ်ကောင်စီတပ်က တိုက်ပွဲမဖြစ်ပွားဘဲ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးငယ် ၃ ယောက် အပါအဝင် မိသားစုဝင် ၇ ယောက် သေဆုံးပြီး ၉ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံပြည်သူတွေဆီက သိရပါတယ်။
Read More

ပျဉ်းမနားစစ်ကြောင်းမှူး ရဲဘော် ကိုစိုင်း ညှင်းပန်းသတ်ဖြတ်ခံရမှု ၃ ရက်အတွင်း ဖြေရှင်းပေးဖို့ ကယန်းပြည်သစ်တပ်မတော်ကို အသိပေး

ကယန်းပြည်သစ်တပ်မတော် ရုံးစိုက်ရာ နယ်မြေအတွင်း​ ညှင်းပန်းသတ်ဖြတ်ခံခဲ့ရတဲ့ နေပြည်တော်တိုင်းစစ်ဌာန ပျဉ်းမနားစစ်ကြောင်းမှူး ရဲဘော်ကိုစိုင်း (ခ) ဝင်းလှိုင်ကို အသတ်ခံရတဲ့ကိစ္စအပေါ် အမိန့်ပေးစေခိုင်းသူနဲ့ ကျူးလွန်သူတွေကို ၃ရက်အတွင်း ပြင်းပြင်းထန်ထန် အရေးယူပေးဖို့ နေပြည်တော် PDF က  မတ်လ ၁၃ ရက်နေ့မှာ  ထုတ်ပြန်လိုက်ပါတယ်။
Read More

KNDF တပ်ရင်း (၂) မှ တပ်ရင်းအရာရှိများက တပ်ခွဲမှူးနှင့် ရဲဘော်များကို တွေ့ဆုံခဲ့

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) တပ်ရင်း (၂) က တပ်ရင်းအရာရှိတွေဟာ တပ်ရင်းအတွင်းရှိ တပ်ခွဲတွေက တပ်ခွဲမှူးတွေနဲ့ ရဲဘော်တွေကို ဖေဖော်ဝါရီလ ၁၅ ရက်မှာ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ KNDF တပ်ရင်း (၂) က ဒီနေ့ ထုတ်ပြန်ပါတယ်။