ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) တပ်ရင်း (၉) ထံ စစ်တပ်ရဲ့ စစ်မှုထမ်းတပ်သား ၇ ယောက် အလင်းဝင် ဘက်ပြောင်း ခိုလှုံလာတယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က သတင်းထုတ်ပြန်ပါတယ်။

အလင်းဝင်တာတဲ့ စစ်မှုထမ်းတပ်သား ၇ယောက်ဟာ ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၅ ရက်နေ့မှာ KNU ရဲ့ ကော်သူးလေအုပ်ချုပ်မှုနယ်မြေ၊ ခလယ်လွီထူခရိုင်၊ လယ်ဒိုမြို့နယ်က KNLA တပ်ရင်း ၉ ထံကို အလင်းဝင်ရောက်လာခဲ့တာ ဖြစ်ပါတယ်။

အလင်းဝင်ရောက်လာသူတွေဟာ ခလရ–၇၅ တပ်ရင်းက စစ်မှုထမ်းတပ်သားတွေဖြစ်ပြီး ကျော်ဇေယျ (အသက် ၂၂ နှစ်)၊ သီဟနိုင် (၂၇ နှစ်)၊ အောင်မျိုးဦး (၃၆ နှစ်)၊ စည်သူဟိန်း (၂၀ နှစ်)၊ မောင်မှောက် (၂၆ နှစ်)၊ သန်းနိုင်ဦး (၃၃ နှစ်) နဲ့ ရာဇာထက် (၂၄ နှစ်) ဖြစ်တယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။

သူတို့ ၇ယောက်ဟာ အာဏာသိမ်းအကြမ်းဖက် စစ်တပ်က ဖွင့်လှစ်ခဲ့တဲ့ ပြည်သူ့စစ်မှုထမ်းအပတ်စဉ် (၇)၊ (၁၀) နဲ့ (၁၃) တို့က သင်တန်းသားတွေဖြစ်ကာ သန်းနိုင်ဦးနဲ့ ရာဇာထက် တို့ (၂) ဦးမှာ ရောင်းစားခံရပြီး ပြည်သူ့စစ်မှုထမ်းဘဝသို့ ရောက်ရှိလာသူတွေ ဖြစ်တယ်လို့ သိရပါတယ်။

အခက်အခဲတွေကြောင့် အလင်းဝင်လာချိန်မှာ လက်နက်တွေ မယူလာနိုင်ခဲ့ပေမယ့်လယ်ဒိုမြို့နယ်တာဝန်ရှိသူတွေက နေရာထိုင်ခင်း၊ အစားအစာနဲ့ အဝတ်အစားတွေ ထောက်ပံ့ပေးအပ်ပြီး ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက်ထားတယ်လို့ သိရပါတယ်။

အခုလို အကြောင်းအမျိုးမျိုးကြောင့် မတရားစစ်မှုထမ်း စေခိုင်းခံနေရသူတွေအနေနဲ့ နီးစပ်ရာ တော်လှန်ရေးတပ်ဖွဲ့တွေထံကို ရရာနည်းလမ်းတွေနဲ့ လက်နက်ချ အလင်းဝင်ဘက် ပြောင်းခိုလှုံကြဖို့လည်း KNU ကနေ တိုက်တွန်းထားပါတယ်။

ဓာတ်ပုံ – ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) တပ်ရင်း (၉) ထံသို့ အလင်းဝင်ဘက် ပြောင်းခိုလှုံလာသော ပြည်သူ့စစ်မှုထမ်းတပ်သား (၇) ဦး (KNU)
0 Shares:
You May Also Like
Read More

လှိုင်းဘွဲ့ မြို့မရဲစခန်းမှ ရဲတပ်သားတစ်ဦး မြိတ်ခရိုင် PDF အမှတ် (၃) တပ်ရင်းထံ လက်နက်မဲ့ အလင်းဝင်ခိုလှုံလာ

ကရင်ပြည်နယ်၊ လှိုင်းဘွဲ့ မြို့မရဲစခန်းက ရဲတပ်သားတစ်ယောက်ဟာ လက်နက်မဲ့ အလင်းဝင်ခိုလှုံလာတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင် အမှတ် (၃) တပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ပဲခူး၊ ရန်ကုန် စစ်ဆင်ရေးအပါ စစ်ရေးအရှိန်မြှင့်သွားမည့် အထူးစစ်ဆင်ရေးတပ်ဖွဲ့က အထူးစစ်ဆင်ရေး အပတ်စဥ် (၈) သင်တန်းသားများ ခေါ်ယူနေ

အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် ၊ တောင်ပိုင်းစစ်ဒေသရဲ့ လက်ရုံးအထူးတပ်ဖွဲ့ဖြစ်တဲ့ အထူးစစ်ဆင်ရေးတပ်ဖွဲ့ - SOF (P29999/အထူးတပ်ဖွဲ့) က သင်တန်းလေ့ကျင့်ရေးအပတ်စဥ် (၈) အတွက် သင်တန်းသား၊ သင်တန်းသူတွေ စတင် စိစစ်လက်ခံနေပြီဖြစ်တယ်လို့ အဆိုပါတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

NUG ကာကွယ်ရေးဝန်ကြီးဌာန အတွင်းဝန် ဦးနိုင်ထူးအောင် ရာထူးကနေ နုတ်ထွက်

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အတွင်းဝန် ဦးနိုင်ထူးအောင်က ရာထူးကနေ နုတ်ထွက်လိုက်တယ်လို့ ဖေဖော်ဝါရီ ၁၀ ရက် မနက်အစောပိုင်းမှာ သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာကနေတစ်ဆင့် အသိပေးထားပါတယ်။
Read More

NUG ယာယီသမ္မတ ဒူဝါလရှီးလနှင့် ကိုထိန်လင်း တွေ့ဆုံ

အမျိုးသားညီညွတ်ရေးအစိုးရ NUG ယာယီသမ္မတ ဒူဝါလရှီးလနဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားငယ်ဖြစ်သူ ကိုထိန်လင်း (ခေါ်) Kim Aris တို့ ဒီနေ့မှာ အွန်လိုင်းကတဆင့် တွေ့ဆုံခဲ့ကြပါတယ်။
Read More

ကနီမြို့နယ် သမင်ခြံကျေးရွာတွင် စစ်တပ် လေကြောင်းတိုက်ခိုက်မှုကြောင့် အမျိုးသမီး ၁ ဦး သေဆုံး

စစ်ကိုင်းတိုင်း ကနီမြို့နယ် သမင်ခြံစံပြကျေးရွာကို စစ်ကော်မရှင်တပ်က ဂျက်လေယာဥ်နဲ့ လာရောက်တိုက်ခိုက်ခဲ့တဲ့အတွက် အသက် ၆၀ ကျော်အရွယ် အမျိုးသမီးတစ်ယောက် သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

SOF စစ်ကြောင်းမှူး ဆရာကျောင်း ကျဆုံးခြင်း တစ်နှစ်ပြည့်နှင့် SOF ကျဆုံးရဲဘော်များကို အောက်မေ့သတိရ အလေးပြုခြင်းအခမ်းအနား ပြုလုပ်…

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသရဲ့ လက်ရုံးအထူးတပ်ဖွဲ့ဖြစ်တဲ့ အထူးစစ်ဆင်ရေးတပ်ဖွဲ့ - SOF (P29999/အထူးတပ်ဖွဲ့) ရဲ့ စစ်ကြောင်း (၁) စစ်ကြောင်းမှူး ရဲဘော်ဆရာကျောင်းကျဆုံးခြင်း တစ်နှစ်ပြည့်နဲ့ ကျဆုံးရဲဘော်တွေကို အောက်မေ့သတိရ အလေးပြုခြင်းအခမ်းအနား မနေ့က ပြုလုပ်ခဲ့တယ်လို့ SOF က ဒီနေ့ ထုတ်ပြန်ပါတယ်။