ပဲခူးတိုင်း ၊ အုတ်ဖိုမြို့နယ်မှာ ပေါ်တာဆွဲမှုကို ထွက်ပြေးတဲ့ အမျိုးသားတစ်ယောက်ကို စစ်ကော်မရှင်တပ်သားတွေက လိုက်လံပစ်ခတ်တဲ့အတွက် သေဆုံးသွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အောက်တိုဘာ ၁၂ ရက် နေ့လယ် ၂ နာရီလောက်မှာ ရေဒါကျေးရွာက ကိုအောင်နိုင်စိုးဟာ စစ်ကော်မရှင်တပ်သားတွေ ပေါ်တာဆွဲဖမ်းဆီးတဲ့အတွက် ကြောက်လန့်ပြီးထွက်ပြေးစဉ် မအူတန်းရွာ နဲ့ ကြို့ကိုးပင်ရွာကြားရှိ ဆည်မြောင်းပေါ်မှာ ပစ်ခတ်ခံရပြီး သေဆုံးသွားတယ်လို့ ဆိုပါတယ်။

အဆိုပါနေရာမှာ စစ်ကော်မရှင်တပ်သားတွေရှိနေသေးတဲ့အတွက် သေဆုံးသူ ကိုအောင်နိုင်စိုးရဲ့ ရုပ်အလောင်းကို ချက်ချင်းကောက်ယူနိုင်ခြင်း မရှိဘဲ အောက်တိုဘာ ၁၅ ရက်နေ့မှသာ သင်္ဂြိုဟ်လိုက်ရတယ်လို့ ဆိုပါတယ်။

ပုံစာ – အကြမ်းဖက်စစ်သားများ (ပုံဟောင်း)

“အဖမ်းမခံဘဲ ပြေးတာပါ၊ အဲ့မှာ ပစ်သတ်လိုက်တာ၊ အလောင်းကို ဘယ်သူမှ ချက်ချင်းမကောက်ရဲဘူး၊ ၃ရက်မြောက်နေ့မှာ မိသားစုက သင်္ဂြိုဟ်ပါတယ်၊ ပုပ်ပွနေပါပြီ အလောင်းက” လို့ အုတ်ဖိုနယ်ခံတစ်ယောက်က မောင်းကို ပြောပါတယ်။

သေဆုံးသွားတဲ့ ကိုအောင်နိုင်စိုးဟာ ကြို့ကိုးပင်ရွာမှာ အိမ်ထောင်ကျပြီး ဝက်သားရောင်းတဲ့အလုပ်ကို လုပ်ကိုင်နေသူတစ်ယောက် ဖြစ်တယ်လို့ သိရပါတယ်။

အောက်တိုဘာ ၈ ရက်နေ့ကလည်း စစ်ကော်မရှင်တပ်သားတွေဟာ အင်အား ၁၀၀ ကျော်နဲ့ စစ်ကြောင်းထိုးလာချိန် အုတ်ဖိုမြို့နယ်အတွင်း သရက်တောရွာက ဒေသခံ ၆ ယောက်နဲ့ ရေငံရွာက ဒေသခံ ၈ ယောက်ကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားပါသေးတယ်။

0 Shares:
You May Also Like
Read More

ဂန့်ဂေါမှာ (၇၆) နှစ်မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အထိမ်းအမှတ် လူထုလှုပ်ရှားမှုတစ်ရပ် ပြုလုပ်…

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်က မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နဲ့ လူ့အခွင့်ရေးရာတာ၀န်ခံ တို့ ဦးဆောင်ပြီး ဒေသခံပြည်သူတွေနဲ့ ပူးပေါင်းကာ (၇၆) နှစ်မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အထိမ်းအမှတ် လူထုလှုပ်ရှားမှုတစ်ရပ် ပြုလုပ်ခဲ့တယ်လို့ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
Read More

နတ်တလင်း၊ မကျီးပင် စစ်ဆေးရေးဂိတ်မှ စစ်သားများ စခန်းစွန့်ခွာ ထွက်ပြေး

ပဲခူးတိုင်းအနောက်ခြမ်း၊ နတ်တလင်းမြို့နယ်၊ တောင်ညိုဆည်၊ မကျီးပင်စစ်ဆေးရေးဂိတ်က စစ်သားတွေဟာ စခန်းကို ထားရစ်ခဲ့ကာ စခန့်စွန့်ခွာ ထွက်ပြေးကုန်တယ်လို့ ဒေသတွင်း တော်လှန်ရေးရဲဘော်တွေထံက သိရပါတယ်။
Read More

စစ်ကိုင်းငလျင်အပြီး အပစ်ရပ်ထားသည့် စစ်ကောင်စီက နိုင်ငံတစ်ဝန်း လေကြောင်းတိုက်ခိုက်မှု ၅၂၈ ကြိမ် ပြုလုပ်ခဲ့၊ သေဆုံးသူ ၄၆၂ ဦးနှင့် ထိခိုက်ဒဏ်ရာရသူ ၈၈၄ ဦး ရှိ

မြန်မာနိုင်ငံမှာ ထောင်နဲ့ချီ သေဆုံးခဲ့ရတဲ့ စစ်ကိုင်းငလျင်ကြီး လှုပ်ခတ်ပြီးနောက် အကြမ်းဖက်စစ်ကောင်စီက နိုင်ငံတစ်ဝန်း လေကြောင်းတိုက်ခိုက်မှု ၅၂၈ ကြိမ် ပြုလုပ်ခဲ့ရာ သေဆုံးသူ ၄၆၂ ယောက်ရှိပြီး ဒဏ်ရာရရှိသူ ၈၈၄ ယောက် ရှိတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

အုတ်ဖိုတွင် တော်လှန်ရေးသတင်းများ စုံစမ်း​​နေသည့် ပျူခေါင်းဆောင်တစ်ဦး ပစ်ခတ်ရှင်းလင်းခံရ

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်မှာ စစ်ကောင်စီအတွက် တော်လှန်ရေးသတင်းတွေစုဆောင်းပေးနေတဲ့ ပေါင်းတည်စုရွာ၊ ရာအိမ်မှူး ပျူခေါင်းဆောင် ဖိုးဖြူကို သွားရောက်ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း မြေအောက်ပြောက်ကျားတပ်ဖွဲ့ (အုတ်ဖို) တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

မြိုင်မြို့နယ်၊ ကန်နီရွာက ပျူစောထီး ၃ ဦး မိသားစုနှင့်အတူ အလင်းဝင်လာ… ကန်နီရွာ ပျူခေါင်းဆောင်က မိန်းမပျိုများကို လက်နက်ဖြင့် ခြိမ်းခြောက်သားမယားပြုကျင့်နေဟု ဆို….

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ကန်နီကျေးရွာက ပျူစောထီး ၃ ယောက် မိသားစုနဲ့အတူ ထွက်ပြေးအလင်းဝင်လာခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ပခုက္ကူခရိုင် တပ်ရင်း ၁၅ က မနေ့က ထုတ်ပြန်ပါတယ်။
Read More

မုံရွာ-မန္တလေး လမ်းပိုင်းရှိ စစ်တပ်စခန်းမှ ဒုတပ်ကြပ် ၁ ဦး သေနတ် ၁ လက်နှင့်အတူ အလင်းဝင်လာ

စစ်ကိုင်းတိုင်း၊ မုံရွာ- မန္တလေး လမ်းပိုင်းမှာ တာဝန်ကျနေတဲ့ အကြမ်းဖက်စစ်ကောင်စီစခန်းမှ ဒုတပ်ကြပ် ၁ ယောက် သေနတ် ၁ လက်နဲ့အတူ အလင်းဝင်ရောက်လာတယ်လို့ Urban Hunter Force - UHF က ထုတ်ပြန်ထားပါတယ်။