မကွေးတိုင်း ပခုက္ကူမြို့မှာ ရိက္ခာယူပြီး ပြန်လာတဲ့ စစ်ကော်မရှင်တပ်သားတွေကို တိုက်ခိုက်ခဲ့ရာ ရဲနဲ့ စစ်သား ၄ ယောက်သေဆုံးခဲ့တယ်လို့ ဒေါင်းညီနောင် PKU တာဝန်ခံဆီက သိရပါတယ်။

အောက်တိုဘာ ၁၅ ရက် ညနေပိုင်းက ပခုက္ကူမြို့နယ်အနောက်မြောက်ဘက်ရှိ မြောက်လူးကန် ကျေးရွာမှာတပ်စွဲထားတဲ့ စစ်ကော်မရှင်တပ်သားတွေဟာ လေယာဉ်ကွင်းကနေ ရိက္ခာယူပြီး ပြန်လာချိန် တော်လှန်ရေးတပ်တွေက တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

“ထိတွေ့မှုက ၃ မိနစ်ပဲကြာတယ်။ ပြီးဆုံးချိန်ကတော့ ၁နာရီ ၄၅ မှာ ပြီးတယ်၊ ကျနော်တို့ ဝပ်နေတဲ့နေရာကို သူတို့မွေးထားတဲ့ ခြေလေးချောင်း ခွေး ၂ကောင် ရောက်လာပြီး ဟောင်မယ်လုပ်လို့ စောပစ်လိုက်ရတာ၊ ခွေးသာ မပါရင် အကုန်သေတယ်။ ခွေးက စစ်**တွေကို ကယ်သွားတာ၊ ကျနော်တို့ဘက် ရဲဘော်တစ်ယောက် ထိခိုက်ဒဏ်ရာရသေးတယ်။ အသက်အန္တရာယ် မစိုးရိမ်ရဘူး” လို့ ဒေါင်းညီနောင် PKU တာဝန်ခံ ဦးကလားက မောင်းကို ပြောပါတယ်။

ထိတွေ့တိုက်ပွဲအတွင်း ရဲ ၁ ဦးနဲ့ စစ်သား ၃ ဦးသေဆုံးခဲ့ပြီး စစ်ကော်မရှင်ဘက်က လေယာဥ်ကွင်းကနေ ပွိုင့် 5 စက်လက်နက်ကြီး၊ ၆၀ မမ၊ ၄၀ မမ တို့နဲ့ ပစ်ကူပေးခဲ့တယ်လို့ သိရပါတယ်။

စစ်ကော်မရှင်တပ်သားတွေထံက UZI ၁ လက်၊ MA1 ၁ လက်၊ ကျည်ဘောက် ၅ ခု၊ အီကွေ့မန့် ၂ ထည်၊ ကျည်ကာဦးထပ် ၂ လုံးနဲ့ ဖုန်း ၂ လုံး သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို ဒေါင်းညီနောင် PKU၊ Southern YSO တပ်ပေါင်းစု ၊ Southern YSO PDF၊ ပြည်သူ့အားမာန် YSO၊ Yesagyo Revolution GROUP (YRG)၊ King cobra PKU နဲ့ ဒေါင်းစစ်သည်တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပြီး တော်လှန်ရေးရဲဘော် ၁ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

Video-ပေးပို့
0 Shares:
You May Also Like
Read More

မြေပဒုံနှင့် တောင်သာရွာကြား စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်များ တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၃ ဦး သေ (ရုပ်/သံ)

မကွေးတိုင်း ချောက်မြို့နယ် မြေပဒုံနဲ့ တောင်သာရွာကြား စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေတိုက်ပွဲဖြစ်ပွားပြီး စစ်သား ၃ ယောက် သေဆုံးခဲ့တယ်လို့ မြိုင်ပကဖ က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ဆောမြို့မရဲစခန်းက ထွက်လာတဲ့ စစ်ကောင်စီတပ်သားတွေ တိုက်ခိုက်ခံရပြီး ၃ ယောက် သေ၊ ၂ ယောက် အရှင်ဖမ်းမိ (ရုပ်/သံ)

မကွေးတိုင်း ဆောမြို့မရဲစခန်းကနေ အင်အား ၅၄ ယောက်နဲ့ လောင်းရှည်မြို့သို့ ထွက်လာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို လောင်းရှည်တိုက်နယ်အတွင်း တော်လှန်ရေးပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့တယ်လို့ ဂန့်ဂေါခရိုင်အမှတ် - ၃ တပ်ရင်းထံက သိရပါတယ်။
Read More

YE-U Freedom Comrades မှ စစ်ကော်မရှင်တပ်ကို တိုက်ခိုက်ဖို့ ဒရုန်းလွှတ်တင်စဉ် မတော်တဆမှုဖြစ်ပွား (ရုပ်/သံ)

စစ်ကော်မရှင်တပ်ကို တိုက်ခိုက်ဖို့ Fixed Wings ဒရုန်းလွှတ်တင်စဉ် မတော်ဆမှုဖြစ်ပွားကာ ပေါက်ကွဲခဲ့တဲ့ ရုပ်သံကို YE-U Freedom Comrades မှ ထုတ်ပြန်ထားပါတယ်။
Read More

မိုင်းငေါ့မြို့ ပြည်သူတွေနေထိုင်ရာ ရပ်ကွက်အတွင်း စစ်ကော်မရှင် လေကြောင်းဗုံးကြဲမှု အရပ်သား ၂ ဦး သေဆုံး (ရုပ်/သံ)

ရှမ်းပြည်နယ်၊ ကျောက်မဲမြို့နယ်၊ မိုင်းငေါ့မြို့ ပြည်သူတွေနေထိုင်တဲ့ ရပ်ကွက်အတွင်း စစ်ကော်မရှင်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သား ၂ ယောက် သေဆုံးခဲ့တယ်လို့ PSLF/TNLA က သတင်းထုတ်ပြန်ထားပါတယ်။
Read More

SSNDF / KNDF B-103 မှ သင်တန်းသား ရဲဘော်သစ်များ ဖိတ်ခေါ် (ရုပ်/သံ)

စစ်အာဏာရှင်ကို တွန်းလှန်တိုက်ခိုက်ဖို့အတွက် SSNDF/ KNDF B-103 ကနေ သင်တန်းသားရဲဘော် သစ်တွေ ဖိတ်ခေါ်လျက်ရှိတယ်လို့ သိရပါတယ်။
Read More

ပေါက်မြို့နယ်အတွင်း ကျေးရွာများ ဖျက်ဆီးနေသည့် စစ်တပ်စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်မှု စစ်သား ၂၃ ဦး သေပြီး အများအပြား ဒဏ်ရာရ (ရုပ်/သံ)

မကွေးတိုင်း၊ ပေါက်မြို့နယ်အတွင်း ကျေးရွာတွေကို စစ်ကြောင်းထိုး ဖျက်ဆီးနေတဲ့ အကြမ်းဖက် စစ်တပ်စစ်ကြောင်းကို တော်လှန်ရေးပူးပေါင်းတပ်တွေက လက်နက်ကြီး၊ လက်နက်ငယ်နဲ့ နင်းမိုင်းတွေ အသုံးပြုပြီး တိုက်ခိုက်ခဲ့ရာ စစ်သား ၂၃ ယောက် သေဆုံးခဲ့တယ်လို့ မြိုင်ပကဖက ဒီနေ့သတင်းထုတ် ပြန်ပါတယ်။