ချင်းပြည်နယ်၊ ဟားခါးမြို့မရဲစခန်းမှာ အကြမ်းဖက် စစ်ကော်မရှင် မတရား ဖမ်းဆီးချုပ်နှောင်ထားတဲ့ တော်လှန်ရေးရဲဘော်တွေကို သွားရောက်ကယ်ထုတ်နိုင်ခဲ့ကြောင်း Chinland Defense Force – Hakha က ဒီည ထုတ်ပြန်ပါတယ်။

“CDF-Hakha နှင့် CNA အကျဥ်းသားများ ကယ်ထုတ်ရေး အထူးမစ်ရှင်” ကို CDF-Hakha စစ်ဦးစီးချုပ်နဲ့ တပ်မဟာ (၄) တပ်မဟာမှူးတို့ရဲ့ ကွပ်ကဲမှုနဲ့အတူ CDF-Hakha ရဲဘော်တွေက အောက်တိုဘာ ၁၆ ရက် ဒီမနက် ၂ နာရီ ၃၀ မိနစ်အချိန်မှာ စတင်ဖော်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

မစ်ရှင်အတွင်း စစ်ကော်မရှင်တပ်သား ၆ ယောက်ကို ရှင်းလင်းကာ ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့ (CDF-Hakha) ရဲဘော် ၃ ယောက်နဲ့ ချင်းအမျိုးသားတပ်မတော် (CNA) ရဲဘော် ၂ ယောက်ကို ကယ်တင်နိုင်ခဲ့သလို တခြားအကျဥ်းသား ၁၀ ယောက်ကိုလည်း ခေါ်ထုတ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

မနက် ၄နာရီအချိန်မှာ မစ်ရှင်ပြီးမြောက်အောင်မြင်ခဲ့ပြီး အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ပေမယ့် တပ်ဆုတ်ပြီး ဆုံမှတ်နေရာအရောက်မှာ မထင်မှတ်ထားတဲ့ ရန်သူရဲ့ ကျည်တစ်တောင့်ကြောင့် တော်လှန်ရေးရဲဘော် ၁ယောက် တိုင်းပြည်နဲ့လူမျိုးအတွက် မြင့်မြတ်စွာ အသက်ပေးဆပ်ခဲ့ရတယ်လို့ ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

ပြည်သူ့အားဖြင့် သွားနေသည့် တော်လှန်ရေးမှာ စဥ်းစားမှုတိုင်းက ပြည်သူ့ဆန္ဒကို အခြေပြုဖို့ လိုအပ်ဟု NUG ဝန်ကြီးချုပ် ပြော

ပြည်သူ့အားနဲ့ သွားနေတဲ့ တော်လှန်ရေးမှာ ပြည်သူ့ဆန္ဒကို အခြေပြုတဲ့ စဥ်းစားမှုမျိုးတွေသာ ဖြစ်ဖို့လိုအပ်တယ်လို့ ဧပြီလ ၁၅ ရက်က ပြုလုပ်ခဲ့တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၁၁ /၂၀၂၅ အစိုးရအဖွဲ့အစည်းဝေးမှာ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောကြားခဲ့ကြောင်း NUG က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ဝမ်းတွင်းနှင့် စလင်းတွင် စစ်အုပ်စု အရပ်သားများကို ဆိုးဆိုးရွားရွား ပေါ်တာဆွဲကာ ပြန်ပေးဂိုဏ်းသဖွယ် ငွေညှစ်အနိုင်ကျင့်နေ

မန္တလေးတိုင်း ဝမ်းတွင်းမြို့နယ်နဲ့ မကွေးတိုင်း စလင်းမြို့နယ်တို့မှာ အကြမ်းဖက်စစ်အုပ်စုတပ်ဖွဲ့ဝင်တွေက ရွာစဥ်လိုက် ပေါ်တာဆွဲဖမ်းဆီးတာတွေ ဆိုးဆိုးရွားရွားလုပ်ဆောင်ရင်း အရပ်သားတွေကို ပြန်ပေးဆွဲဂိုဏ်းသဖွယ် ငွေညှစ်အနိုင်ကျင့်နေကြောင်း ဒေသခံသတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

မိုးကုတ်မြို့နယ် ပကဖ ၏ အခြေခံစစ်ပညာ အပတ်စဉ် (၅) သင်တန်းဆင်းပွဲ

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ မိုးကုတ်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့  (ပကဖ) ရဲ့ အခြေခံစစ်ပညာ အပတ်စဉ် (၅) သင်တန်းဆင်းပွဲကို မတ်လအတွင်း ပြုလုပ်ခဲ့တယ်လို့ ပကဖ အသံက ဒီနေ့မှာ သတင်းဖော်ပြထားပါတယ်။
Read More

သပိတ်ကျင်းကို စစ်ကောင်စီ တစ်ရက်အတွင်း ၂ ကြိမ် လေကြောင်းတိုက်ခိုက်၊ မိသားစုဝင် ၄ ဦးနှင့် ကလေးငယ်များအပါ ၆ ဦး သေဆုံးပြီး  ၂ ဦး ဒဏ်ရာရ

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်ရှိ ကျေးရွာတွေကို စစ်အုပ်စုက တစ်ရက်အတွင်း လေကြောင်းတိုက်ခိုက်မှု ၂ ကြိမ် ပြုလုပ်ခဲ့ရာ ထိခိုက်သေဆုံးသူတွေရှိတယ်လို့ ပြင်ဦးလွင်ခရိုင် ပကဖ ဆီက သိရပါတယ် ။
Read More

ဘန်ကောက်မှာ ရေမြောင်းသန့်ရှင်းရေး လုပ်နေသည့် မြန်မာအလုပ်သမား ၂ ဦး ဓာတ်လိုက်သေဆုံး

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ ဘန်စူမြို့နယ်၊ ပါရချူလမ်းမကြီး၊ ဆွယ် ၃၇ အနီး ရေမြောင်းသန့်ရှင်းရေးလုပ်နေတဲ့ မြန်မာအလုပ်သမား ၂ ယောက် လုပ်ငန်းခွင်အတွင်း ဓာတ်လိုက် သေဆုံးသွားတယ်လို့ ထိုင်းရောက် မြန်မာအလုပ်သမားတွေကို အကူအညီပေးနေသူတွေဆီက သိရပါတယ်။ 
Read More

ယင်းမာပင်ခရိုင် အမှတ် (၁) တပ်ရင်းနှင့် အမှတ် (၂၆) တပ်ရင်း ပူးပေါင်းဖွဲ့စည်း

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ စစ်ကိုင်းတိုင်းစစ်ဌာန၊ ယင်းမာပင်ခရိုင် စစ်ဌာနလက်အောက်ရှိ ယင်းမာပင်ခရိုင် အမှတ် (၁) တပ်ရင်းနဲ့ ယင်းမာပင်ခရိုင် အမှတ် (၂၆) တပ်ရင်းတို့ ပူးပေါင်းဖွဲ့စည်းလိုက်ကြောင်း ယင်းမာပင်ခရိုင် အမှတ် (၁) တပ်ရင်းက ထုတ်ပြန်ထားပါတယ်။