မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်၊ ညောင်ကုန်း(ထက်) ကျေးရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကော်မရှင်က ဒီမနက်မှာ လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ တအာင်းတပ်မတော် (TNLA) က သတင်းထုတ်ပြန်ပါတယ်။

အောက်တိုဘာ ၁၆ရက် ဒီမနက် ၇ နာရီခွဲအချိန်မှာ ညောင်ကုန်း(ထက်) ကျေးရွာမှာရှိတဲ့ ပြည်သူလုထုရဲ့ ကြက်မွေးမြူရေးခြံပေါ်ကို ပေါင် ၂၅၀ ဗုံး ၂ လုံး ထပ်မံကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။ အဆိုပါ တိုက်ခိုက်မှုကြောင့် လူထိခိုက်မှုတော့ မရှိခဲ့ဘူးလို့ သိရပါတယ်။

အလားတူ ပြီးခဲ့တဲ့ အောက်တိုဘာ ၁၄ ရက်နေ့ကလည်း နမ့်ဆန်မြို့နယ်၊ အုမ်းစွမ်းကျေးရွာကို စစ်ကော်မရှင်က ဂျက်ဖိုက်တာနဲ့ ဗုံး ၁၁ လုံး ကြဲချတိုက်ခိုက်မှုကြောင့် အမျိုးသမီး ၂ ယောက် သေဆုံးခဲ့ပြီး ကလေးငယ်အပါ လူ ၄ ယောက် ထိမှန်ဒဏ်ရာရခဲ့ပါတယ်။ ဒါ့အပြင် နွား ၂ ကောင် သေဆုံးပြီး ဆိုင်ကယ် ၆ စီးနဲ့ မူကြိုကျောင်းအပါအဝင် နေအိမ် ၈ လုံးထိမှန်ပျက်စီးခဲ့ပါတယ်။

အကြမ်းဖက်စစ်တပ်က တိုင်းရင်းသားလက်နက်ကိုင်တွေ၊ တော်လှန်ရေးတပ်ဖွဲ့တွေ တိုက်ခိုက်သိမ်းပိုက်ထားတဲ့ နေရာဒေသတွေကို လူအင်အား၊ လက်နက်ကြီး၊ ဒရုန်းနဲ့ လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်ကာ အပြစ်မဲ့ ပြည်သူတွေအပေါ် စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေတာကြောင့် ပြည်သူတွေ စစ်ရေးသတိ အမြဲရှိကြဖို့လည်း TNLA က တိုက်တွန်းထားပါတယ်။

0 Shares:
You May Also Like
Read More

စစ်ကိုင်းတိုင်းထဲက ပြည်သူ့အခြေပြုကျေင်းမှာ လေကြောင်းရန် ကာကွယ်ရေး ၊ GBV အသိပညာ‌ပေးခြင်းနဲ့ ဖဲကြိုးဖြူကမ်ပိန်းပြုလုပ်

စစ်ကိုင်းတိုင်းအတွင်းက မြို့နယ် ပြည်သူ့အခြေပြု ကျောင်းတစ်ကျောင်းမှာ လေကြောင်းရန် ကာကွယ်ရေးတွေ၊ Gender – Based Violence အသိပညာ‌ပေး ဟောပြောပွဲနဲ့ ဖဲကြိုးဖြူ ကမ်ပိန်း အခမ်းအနားကို ပြုလုပ်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ အမျိူးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာနက ဒီ‌နေ့ ထုတ်ပြန်ထားပါတယ်။
Read More

“ဂျစ်ကားစီးဖူးသလား ဂျားကစ် စာဘူးသရီး” ရုပ်ရှင်ဇာတ်ကား ဝေဖန်ခဲ့သူ ကိုရှိုင်းထက်အောင် လှိုင်ရဲစခန်းမှာ ဖမ်းဆီးခံထားရ

မြန်မာပြည်ဖွား၊ အိန္ဒိယလူမျိုးစု၊ ဟိန္ဒူဘာသာဝင်တွေကို လှောင်ပြောင်ထားတဲ့ "ဂျစ်ကားစီးဖူးသလား ဂျားကစ် စာဘူးသရီး" ရုပ်ရှင်ဇာတ်ကားကို လူမှုန်ကွန်ယက်ပေါ်မှာ ဝေဖန်ခဲ့သူ ကိုရှိုင်းထက်အောင် (ခေါ်) ကိုဟာဆယ်ရွန်ဟာ လှိုင်မြို့နယ်ရဲစခန်းမှာ ဖမ်းဆီးခံထားရတယ်လို့ သိရပါတယ်။
Read More

KNU ဌာနချုပ်နေရာဟောင်း မာနယ်ပလော နှစ် ၃၀ ကြာပြီးနောက် KNU ထံ အလုံးစုံ ပြန်လည်ရောက်ရှိ

ကရင်ပြည်နယ်၊ ကရင်အမျိုးသားအစည်းအရုံး - KNU ဌာနချုပ်ဟောင်း မာနယ်ပလောက အကြမ်းဖက်စစ်ကောင်စီရဲ့ ပွိုင့် ၉၁၃ နို့ဒေးတပ်စခန်းကို အပြီးသတ် သိမ်းပိုက်လိုက်ပြီဖြစ်တယ်လို့ KNU တပ်မဟာ ၇ နယ်မြေ စစ်ရေးသတင်းရင်းမြစ်ဆီက သိရပါတယ်။
Read More

ထားဝယ်ခရိုင်အတွင်း ဒရုန်းစစ်ဆင်ရေးကြောင့် အရာခံဗိုလ်နဲ့ တပ်ကြပ် သေပြီး အများအပြား ဒဏ်ရာရ

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်မှာ စစ်ကောင်စီရဲ့ခမရ ၄၀၅ တပ်ရင်းနဲ့ အစိုးရရုံးတွေကို ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်ရာ အရာခံဗိုလ်နဲ့ တပ်ကြပ်တို့သေပြီး ထိခိုက်ဒဏ်ရာရရှိသူ ၁၀ယောက်နဲ့အထက် ရှိခဲ့တယ်လို့ Sky Ghost Drone Force အဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

သန်းခေါင်စာရင်းကောက်ယူရေး လိုအပ်တဲ့ ကွန်ပျူတာ ဝယ်ဖို့ဆိုပြီး အုပ်ချုပ်ရေးမှူး ပိုက်ဆံလိုက်ကောက်နေ

ဧရာဝတီတိုင်း၊ မြောင်းမြမြို့၊ ရေငံကျေးရွာအုပ်စုမှာ အုပ်ချုပ်ရေးမှူးက သန်းခေါင်စာရင်း ကောက်ယူရာမှာ အသုံးပြုဖို့အတွက် ကွန်ပျူတာဝယ်ဖို့ဆိုပြီး အိမ်ထောင်စုတစ်စုကို ကျပ်ငွေ ၃ထောင်စီ အတင်းအဓမ္မ ကောက်ယူထားကြောင်း ဒေသခံတွေဆီက သိရပါတယ်။
Read More

အင်းတော်တွင် ဆိုင်ကယ်ခိုးမှု သံသယဖြင့် မြို့နယ် ပကဖ ဖမ်းဆီးခံရသည့် ဒေသခံ စစ်ဆေးမေးမြန်းချိန် သေဆုံးသွားတယ်လို့ ဆို

စစ်ကိုင်းတိုင်း ၊ အင်းတော်မြို့နယ်ရှိ ရွာသာယာကျေးရွာက ပကဖ တပ်ဖွဲ့ဟာ ဒေသခံတစ်ယောက် ဆိုင်ကယ်ခိုးမှု သံသယရှိသူအဖြစ် ဖမ်းဆီးပြီးနောက် စစ်ဆေးမေးမြန်းချိန် သေဆုံးသွားတယ်လို ဒေသခံတွေဆီက သိရပါတယ်။