ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ ပုဂံဂွေ့ (ပန်းကန်ကွဲ) ကျေးရွာတောင်ဘက်၊ ၉ ကီလိုမီတာအကွာမှာရှိတဲ့ အကြမ်းဖက်စစ်တပ်ရဲ့ ၆၆၆ ပွိုင့်စခန်းကုန်းတစ်ခုလုံးကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်းနဲ့ နတ်ရေကန်ဗျူဟာကုန်းကို အပြီးသတ် သိမ်းပိုက်ဖို့ လုပ်ဆောင်နေကြောင်း အာရက္ခတပ်တော် (AA) က မနေ့ညပိုင်းမှာ ထုတ်ပြန်ပါတယ်။

ပန်းတောင်းမြို့နယ်ထဲက စစ်တပ်ရဲ့ ၆၆၆ ပွိုင့်စခန်းကုန်းနဲ့ ပတ်ဝန်းကျင်မှာ တိုက်ပွဲတွေ ဖြစ်နေတာ ကြာပြီဖြစ်ပေမယ့် အောက်တိုဘာ ၁၄ရက် မနက်ပိုင်းမှာ AA က သုံးဖက်သုံးတန်ကနေ အရှိန်မြှင့်တိုက်ခိုက်ခဲ့ရာ ၃နာရီခန့် ထိုးစစ်ဆင်အပြီး စခန်းကုန်းကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ပွိုင့် ၆၆၆ စခန်းကုန်းတစ်ခုလုံးကို တိုက်ခိုက်သိမ်းပိုက်စဥ် ရန်သူ့အလောင်းတချို့၊ လက်နက်ခဲယမ်းနဲ့ စစ်အသုံးအဆောင်ပစ္စည်းတချို့ကို သိမ်းဆည်းရရှိခဲ့ပြီး ထိုးစစ်အတွင်း တိုက်ရည်ခိုက်ရည် ကောင်းမွန်တဲ့ စစ်သည်တွေနဲ့အတူ ပေးဆပ်စွန့်လွှတ်ခဲ့ရတဲ့ စစ်သည်တွေကို လေးလေးနက်နက် မှတ်တမ်းတင်ဂုဏ်ပြုကြောင်း AA ရဲ့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

ဒါ့အပြင် မကွေးတိုင်း၊ ငဖဲမြို့နယ်က နတ်ရေကန်ဗျူဟာကုန်းကို အပြီးသတ် သိမ်းပိုက်နိုင်ဖို့အတွက် လက်ကျန်နေရာတချို့ အနည်းငယ်ရှိနေသေးတယ်လို့ ဆိုပါတယ်။ အဆိုပါနေရာတွေကို ဆက်လက်တိုက်ခိုက်နေသလို ကစဥ့်ကလျားထွက်ပြေးနေတဲ့ စစ်ကော်မရှင်တပ်သားတွေနဲ့ နေရာတချို့မှာ တိုက်ပွဲဖြစ်နေပြီး လက်နက်ချ အလင်းဝင်လာသူတွေကို စစ်သုံ့ပန်းဥပဒေနဲ့အညီ ကောင်းမွန်စွာ စောင့်ရှောက်ထားတယ်လို့ AA က ဆိုပါတယ်။

ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်၊ စက်စက်ယိုကျေးရွာအနီးမှာလည်း အောက်တိုဘာ ၁၅ ရက်၊ မနေ့ နေ့လယ် ၃နာရီ ၅၅ မိနစ်ကစလို့ မိနစ်အနည်းငယ်ကြာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်တပ်ဟာ သူတို့လက်လွှတ်ဆုံးရှုံးထားရတဲ့ စခန်းတွေ၊ တပ်ရင်းဌာနချုပ်တွေနဲ့ တပ်မဌာနချုပ်တွေအပါအဝင် မြို့တွေကို ပြန်လည်သိမ်းယူနိုင်ဖို့ အပြင် နောက်ထပ်စခန်းတွေ လက်မလွှတ်ရဖို့ ထိုးစစ်၊ ခံစစ်တွေ နိုင်ငံအနှံ့ လုပ်ဆောင်နေပြီး AA နဲ့ စစ်တပ် နှစ်ဖက်ရင်ဆိုင်ထားတဲ့ နေရာတွေမှာလည်း နေ့စဥ်နဲ့အမျှ တိုက်ပွဲပြင်းထန်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။

အထူးသဖြင့် ရခိုင်-ပဲခူးတိုင်းအစပ်၊ ရခိုင်-မကွေးတိုင်းအစပ်၊ ရခိုင်-ဧရာဝတီတိုင်းအစပ်တို့မှာ အကြမ်းဖက်စစ်တပ်ရဲ့ ထိုးစစ်တွေကို AA အနေနဲ့ အကောင်းဆုံးခံစစ်တွေ၊ တန်ပြန်ထိုးစစ်တွေ ဟန်ချက်ညီညီ ဆင်နွှဲလျက်ရှိတယ်လို့ AA က ထုတ်ပြန်ထားပါတယ်။

ပွိုင့် ၆၆၆ စခန်းကုန်းအား တိုက်ခိုက်သိမ်းပိုက်ရရှိမှု အခြေအနေများနှင့် သေဆုံး စစ်ကော်မရှင်တပ်သားများ (ဓာတ်ပုံ AA Infro Desk)

0 Shares:
You May Also Like
Read More

ညောင်ဖြူပင်ရဲစခန်းကို တာဝန်အပြောင်းအလဲလုပ်ဖို့လာတဲ့ အကြမ်းဖက်စစ်ကြောင်း ကြားဖြတ်တိုက်ခိုက်ခံရပြီး ၆ ယောက်သေ၊ ၇ ယောက်ထက်မနည်း ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ညောင်ဗျူပင်ရဲစခန်းကို တာဝန်အပြောင်းအလဲလုပ်ဖို့လာတဲ့အကြမ်းဖက်စစ်သားနဲ့ ပျူစောထီး အင်အား ၄၀ ခန့်ပါ စစ်ကြောင်း ကြားဖြတ်တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်သား ၆ ယောက်သေကာ ၇ ယောက်ထက်မနည်း ပြင်းထန်ဒဏ်ရာတွေ ရခဲ့တယ်လို့ သိရပါတယ်။
Read More

မင်္ဂလာဒုံတွင် ပွဲစားဆိုသူက ကျောင်းသား ၂ ဦး၊ အမျိုးသား ၁ ဦးကို အလုပ်ရမယ်ဆိုကာ စစ်တပ်ထဲရောင်းစား

ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်မှာ ကျောင်းသားတွေအပါအဝင် လူငယ်အမျိုးသား ၃ယောက်ကို ပွဲစားဆိုသူက အလုပ်ရမယ်ဆိုပြီး အကြမ်းဖက်စစ်တပ်ထံ လိမ်လည်ရောင်းစားခဲ့ကြောင်း Rangoon Scout Network တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ပခုက္ကူမှာ စစ်ကောင်စီက အရပ်သားကားတွေကိုခြိမ်းခြောက်ချောဆွဲနေလို့ ဒေသခံပြည်သူတွေ ကြောက်လန့်နေရ

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီက မြို့ပေါ်တက်လာတဲ့ အရပ်သားကားတွေကို ချောဆွဲဖမ်းဆီးပြီး ပျူစောထီးကျေးရွာတွေဆီ အဲဒီကားတွေနဲ့ ရိက္ခာပို့ဆောင်တာတွေလုပ်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။
Read More

လူထုခေါင်းဆောင် အပါအဝင် နိုင်ကျဉ်းအားလုံး လွတ်မြောက်ရေးနှင့် ပန်းသပိတ် (ဓာတ်ပုံသတင်း)

ကလေးဒေသခံ ပြည်သူလူထုဟာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် ၈၀ ပြည့် မွေးနေ့အထိမ်းအမှတ် လမ်းပေါ်ထွက် ချီတက်ဆန္ဒပြခဲ့ကြပါတယ်။
Read More

ဥကရစ်ထစခန်း ကာကင်းကုန်းမှာရှိတဲ့ အကြမ်းဖက်စစ်တပ် အရာရှိ အပါအဝင် စစ်သားတွေ လက်နက်ချအညံ့ခံ

ကရင်ပြည်နယ်၊ မြဝတီမြို့ တောင်ဘက်မှာရှိတဲ့ အကြမ်းဖက်စစ်ကောင်စီ အထိုင်ချ ဥကရစ်ထစခန်းအတွက် ကာကင်းလုပ်ထားတဲ့ ရွှေအေးမြိုင်ဘုရားကုန်းက အကြမ်းဖက်စစ်သားတွေ လက်နက်ချအညံ့ခံခဲ့တယ်လို့ KNLA ဦးဆောင်တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေထံက သိရပါတယ်။
Read More

ထိုင်းနိုင်ငံရှိ ကားအပိုပစ္စည်းစက်ရုံမှ စက်ရုံပိတ်သိမ်းမည်ဟု အကြောင်းပြကာ မြန်မာ အလုပ်သမား (၂၇) ယောက်အား အလုပ်ထုတ်၊ NUG အလုပ်သမားဝန်ကြီးဌာနက ကူညီဆောင်ရွက်ပေးခဲ့

ထိုင်းနိုင်ငံ၊ ချွန်ပူရီခရိုင်ရှိ APGO ကားအပိုပစ္စည်းစက်ရုံက စက်ရုံပိတ်သိမ်းလိုက်တယ်လို့ အကြောင်းပြကာ မြန်မာအလုပ်သမား ၂၇ ယောက် အလုပ်ထုတ်ခံရတာကြောင့် NUG အလုပ်သမားဝန်ကြီးဌာနနဲ့ မိတ်ဖက်အဖွဲ့အစည်းတွေက ချွန်ပူရိီခရိုင်၊ ဆာဝါဒီကန်ရုံးမှာ ကူညီ အမှုဖွင့်တိုင်ကြားပေးခဲ့တယ်လို့ မနေ့က ထုတ်ပြန်ပါတယ်။