ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်မှာ စစ်ကြောင်းထိုးမီးရှို့ဖို့လာတဲ့ အကြမ်းဖက်စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ရာ အကြမ်းဖက်စစ်သား ၁၅ယောက်ထက်မနည်း သေဆုံးပြီး စစ်သုံ့ပန်း ၁၂ ယောက်နဲ့ လက်နက်ခဲယမ်းအများအပြားကို သိမ်းဆည်းရရှိခဲ့တယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနနဲ့ အမှတ်(၂) စစ်ဆင်ရေးနယ်မြေက ထုတ်ပြန်ပါတယ်။

အောက်တိုဘာလ ၁၅ ရက်၊ မနေ့က မနက်ပိုင်းမှာ လက်ပံတန်းမြို့နယ်၊ သရက်ချောင်းကျေးရွာဆီ စစ်ကြောင်းထိုး မီးရှို့ဖို့လာတဲ့ အကြမ်းဖက်စစ်သားတွေကို ပြည်သူ့ကာကွယ်ရေးတပ် (PDF) တပ်ရင်းတွေက ဖြတ်တောက်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

ဒီတိုက်ခိုက်မှုကို PDF ၊ အမှတ် (၂) စစ်ဆင်ရေးနယ်မြေ၊ ပဲခူးတိုင်းစစ်ဌာန၊ ဗျူဟာ (၂၂) ရဲ့ ကွပ်ကဲမှုနဲ့အတူ အမှတ် (၃၈၀၂) တပ်ရင်း ၊ အမှတ် (၃၈၀၃) တပ်ရင်း၊ ရွှေတန်းမြေ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ ဂဠုန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့လည်းသိရပါတယ်။

တိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကော်မရှင်ဘက်က ၁၅ယောက်ထက်မနည်း သေဆုံးကာ ၁၂ယောက်ကို တော်လှန်ရေးတပ်တွေ အရှင်ဖမ်းဆီးရမိခဲ့ပါတယ်။ ဒါ့အပြင် လက်နက်အစုံ (၁၉) လက်နဲ့အတူ ခဲယမ်းတွေနဲ့ စစ်သုံးပစ္စည်းအများအပြားကိုလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

ကြားဖြတ်တိုက်ခိုက်မှုအပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ အထိအခိုက်မရှိ အောင်အောင်မြင်မြင်နဲ့ ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

စစ်ကောင်စီရဲ့ သန်းခေါင်စာရင်းကောက်ယူမှုမှာ ပြည်သူတွေ မပူးပေါင်းကြဖို့ တောင်းဆို

"စစ်ကောင်စီ၏ သန်းခေါင်စာရင်း ကောက်ယူရန် ကြိုးပမ်းမှုကို ပြည်သူလူထုတရပ်လုံးအနေဖြင့် မိမိတို့ တော်လှန်ရေး အင်အားစုများနှင့် အတူတကွ ရနိုင်သမျှ နည်းလမ်းမျိုးစုံသုံး၍ ဆန့်ကျင်ကြရန် လိုအပ်သည်" လို့ ရန်ကုန်သပိတ်အင်အားစုတွေရဲ့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
Read More

AA ၏ ထိုးစစ်အောက် နတ်ရေကန်တိုက်ပွဲမှ ထွက်ပြေးလာသည့် စစ်သား ၂၃ ယောက်ကို CDF-Asho ဖမ်းမိ၊ လက်နက်ခဲယမ်းများပါ ရရှိ

အာဏာသိမ်းစစ်တပ်က ကျင်းပမယ့် ရွေးကောက်ပွဲကို မဟာဗျူဟာ ၅ ရပ်နဲ့ တိုက်ဖျက်ဆောင်ရွက်သွားမယ်လို့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) က ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ အသိပေးထုတ်ပြန်ပါတယ်။
Read More

တနင်္သာရီမြို့နယ်၊ တမုတ်ချုံးရွာတွင် တပ်စွဲထားသည့် စစ်တပ်ကို သွားရောက်တိုက်ခိုက်

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ တမုတ်ချုံးရွာမှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်တပ်ကို သွားရောက် တိုက်ခိုက်ခဲ့တယ်လို့ တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

မြိုင်မြို့ပေါ် အင်အားအလုံးအရင်းသုံး ဝင်ရောက်ခဲ့သည့် စစ်အုပ်စုများ အထိနာပြီး ပြန်ဆုတ်ခွာအောင် ဒေသကာကွယ်ရေးတပ်များ တိုက်ထုတ်နိုင်ခဲ့

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်မှာ အင်အားအလုံးအရင်းသုံးပြီး ဝင်ရောက်လာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တွေကို အထိအခိုက်အကျဆုံးများစွာနဲ့ ပြန်လည်ဆုတ်ခွာသွားအောင်ခုခံတိုက်ခိုက်နိုင်ခဲ့တယ်လို့ မြိုင်နယ်အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဝင် ၁ယောက်က မောင်းကိုပြောပါတယ်။
Read More

သပိတ်ကျင်းမှာ မြို့နယ် ပကဖ က စစ်ရှောင်ပြည်သူများကို ရိက္ခာထောက်ပံ့၊ ကျန်းမာရေးစောင့်ရှောက်မှုများလည်း လုပ်ဆောင်ခဲ့

မန္တလေးတိုင်းအတွင်းရှိ တော်လှန်ရေးတပ်တွေ ထိန်းချုပ်စိုးမိုးထားတဲ့ သပိတ်ကျင်းမြို့နယ်မှာ စစ်ရှောင်ပြည်သူတွေကို ရိက္ခာထောက်ပံ့ပြီး ကျန်းမာရေးစောင့်ရှောက်မှုတွေ လုပ်ဆောင်ပေးခဲ့တယ်လို့ သပိတ်ကျင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ပကဖ ဆီက သိရပါတယ်။
Read More

ဘုတလင် သပိတ်အင်အားစုများ ရွေးကောက်ပွဲအတု ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်

အကြမ်းဖက်စစ်တပ်ရဲ့ တရားမဝင် အတုအယောင် ရွေးကောက်ပွဲ ဆန့်ကျင်ကြောင်း Billboard တွေကို မုံရွာ-ဘုတလင် ကားလမ်းမပေါ်နဲ့ ဘုတလင်မြို့အနီးမှာ သွားရောက်စိုက်ထူခဲ့ကြောင်း ဘုတလင်မြို့နယ် သပိတ်အင်အားစုက ထုတ်ပြန်ထားပါတယ်။