စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ မင်းကွန်းတိုက်နယ်မှာ အရပ်သားတွေကို ဖမ်းဆီးစစ်ဆေးနေတဲ့ အကြမ်းဖက်စစ်ကြောင်းကို ဖြတ်တောက်တိုက်ခိုက်ရာ ခလရ (၁၁၆)က ဗိုလ်ကြီးမင်းထွန်းစိုးအပါအဝင် စစ်သား ၅ယောက်သေဆုံးပြီး လက်နက်ခဲယမ်းတချို့ ရရှိခဲ့တယ်လို့ ယူနီကွန်းပြောက်ကျားတပ်ဖွဲ့-UGF က ထုတ်ပြန်ပါတယ်။

အောက်တိုဘာလ ၁၃ရက်နေ့က မင်းကွန်းတိုက်နယ်၊ မင်းကွန်း-စစ်ကိုင်းလမ်းပိုင်း ပေါက်တောကျေးရွာမှာ အင်အား ၂၀ ပါ အကြမ်းဖက်စစ်ကြောင်းနဲ့ ကင်းပုန်းဝပ်နေတဲ့ ယူနီကွန်းပြောက်ကျားတပ်ဖွဲ့ဝင်တွေ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ခလရ (၁၁၆) ဗိုလ်ကြီးမင်းထွန်းစိုး ဦးဆောင်တဲ့ အကြမ်းဖက်စစ်ကြောင်းဟာ အရပ်သားတွေကို ဖမ်းဆီးစစ်ဆေးဖို့ ခြေလျင်စစ်ကြောင်းထိုးလာချိန်မှာ ပြောက်ကျားတပ်ဖွဲ့ဝင်တွေရဲ့ အသင့်စောင့်ကြို တိုက်ခိုက်မှုကိုခံခဲ့ရတာ ဖြစ်ပါတယ်။

တိုက်ပွဲအတွင်း မင်းထွန်းစိုးအပါအဝင် အကြမ်းဖက်စစ်သား ၅ယောက် မျက်မြင်သေဆုံးပြီး ၁၅ ယောက်နီးပါး ထိခိုက်ဒဏ်ရာရခဲ့ကြောင်းနဲ့ ထိခိုက်ဒဏ်ရာရသူတွေဟာ အရပ်သားဆိုင်ကယ်တွေပါ လုယူမောင်းနှင် ထွက်ပြေးသွားတယ်လို့ သိရပါတယ်။

ယူနီကွန်းပြောက်ကျားတပ်ဖွဲ့ သိမ်းဆည်းရရှိသည့် စစ်လက်နက်များ

သေဆုံးသွားတဲ့အကြမ်းဖက်စစ်သားတွေဆီက  MA1 သေနတ် ၂လက်၊ MA3 သေနတ် ၃လက်၊ MA5 သေနတ် ၁လက်နဲ့ ခြောက်လုံးပြူးသေနတ် ၁လက်အပါအဝင် အီနာဂါဗုံးသီး ၁လုံး၊ အိုင်ကွန် ၁ခု ကို သိမ်းဆည်းရရှိခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် တိုက်ပွဲအတွင်း တပ်ဖွဲ့ဝင် ၁ယောက်လည်း ကျဆုံးခဲ့တယ်လို့ ယူနီကွန်းပြောက်ကျားတပ်ဖွဲ့-UGF က ထုတ်ပြန်ပါတယ်။

တိုက်ပွဲအကြောင်းအရာနဲ့ပတ်သက်ပြီး မောင်းက ဆက်သွယ်မေးမြန်းရာမှာတော့ အခြေအနေတွေကြောင့် ဖြေဆိုနိုင်ခြင်းမရှိသေးကြောင်း ယူနီကွန်းပြောက်ကျားတပ်ဖွဲ့-UGF တာဝန်ရှိသူက ပြောပါတယ်။

ယူနီကွန်းပြောက်ကျားတပ်ဖွဲ့ဟာ မင်းကွန်းဒေသမှာ အထူးလှုပ်ရှားနေတဲ့ ဒေသကာကွယ်ရေးတပ်တစ်ခုလည်း ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

ရေဘေးသင့်ဒေသတွေမှာ ဧရာဝတီတိုင်း တော်လှန်ရေးတပ်ဖွဲ့တွေ ကယ်ဆယ်ရေးနဲ့ လှူဒါန်းမှုတွေလုပ်နေ

ရေကြီးနစ်မြုပ်မှုတွေဖြစ်ပေါ်နေတဲ့ ကျေးရွာတွေကို ဧရာဝတီတပ်ရင်း၃ စစ်ကြောင်းနဲ့ မဟာမိတ်ပူးပေါင်း တော်လှန်ရေးတပ်ဖွဲ့တွေက ရေဘေးကယ်ဆယ်ရေးအပြင် စားနပ်ရိက္ခာ လှူဒါန်းမှုတွေကိုပါ ပြုလုပ်နေကြကြောင်း သိရပါတယ်။ ရေဘေးသင့်ပြီး စားရေးသောက်ရေးအခက်အခဲ ဖြစ်နေကြရတဲ့ ပြည်သူတွေကို အဝတ်အထည်၊ သောက်ရေသန့်နဲ့ စားစရာတွေကိုပါ လှူဒါန်းမှုတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
Read More

အရေးပေါ် အရန်ဆန် တန်ချိန် တစ်ထောင်ကျော်ကို ရေဘေးသင့်ပြည်သူတွေထံ ထောက်ပံ့မယ်လို့ စစ်ကောင်စီ ပြော

အာဆီယံနဲ့ ၃ နိုင်ငံ အရေးပေါ်အရန်ဆန်တွေထဲက ဆန်တန်ချိန် တစ်ထောင်ကျော်ကို နိုင်ငံတစ်ဝန်းက ရေဘေးသင့်ပြည်သူတွေကို ထောက်ပံ့သွားမယ်လို့ စစ်ကောင်စီက ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

ပင်လယ်ပြင်ကို ကာကွယ်နိုင်တဲ့ သုံးဖက်မြင် ရေတပ်ဖြစ်နေပြီလို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဆိုပြန်

တပ်မတော်(ရေ)ကို  သုံးဖက်မြင် စစ်ဆင်ရေးတွေလုပ်ဆောင်နိုင်တဲ့ တိုက်ပွဲဝင်အသင့် ရေတပ်အဆင့်ကို တက်လှမ်းနိုင်ခဲ့ပြီဖြစ်ကြောင်း အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကပြောကြားခဲ့ပါတယ်။
Read More

စစ်ကောင်စီက သမိုင်းတွင်တဲ့ ကျဆုံးမှုတွေ ဆက်တိုက်ကြုံနေရတဲ့ဒီအချိန်ဟာ တော်လှန်ရေးအောင်ပွဲရယူဖို့ အချိန်အခါကောင်းဖြစ်တယ်လို့ TNLA ထုတ်ပြန်

အကြမ်းဖက် စစ်ကောင်စီက သမိုင်းတွင်တဲ့ ကျဆုံးမှုတွေ ဆက်တိုက်ကြုံနေရတဲ့ ဒီအချိန်ဟာ နွေဦးတော်လှန်ရေးအင်အားစုတွေ စုပေါင်းပြီး တော်လှန်ရေး အောင်ပွဲရယူဖို့ အချိန်အခါကောင်းဖြစ်တယ်လို့ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

တိုက်ပွဲများတွင် ယှဥ်နိုင်စွမ်းမရှိသော အကြမ်းဖက်စစ်တပ်မှ ကစဉ့်ကလျား ထွက်ပြေးလာသည့် စစ်သားများကို ဆက်တိုက်ဖမ်းမိနေကြောင်း AA ထုတ်ပြန်

ရခိုင့်တပ်တော် AA နဲ့ အာဏာသိမ်းစစ်တပ်တို့ ရခိုင်-ပဲခူးတိုင်းအစပ်၊ ရခိုင်-မကွေးတိုင်းအစပ်၊ ရခိုင်-ဧရာဝတီတိုင်းအစပ်တို့မှာ တိုက်ပွဲတွေ ပြင်းထန်နေပြီး အဆိုပါတိုက်ပွဲတွေကနေ အလံဖြူထောင် လက်နက်ချတဲ့ စစ်သားတွေ၊ ကစဥ့်ကလျား ထွက်ပြေးလာတဲ့ စစ်သားတွေကို ဆက်တိုက်ဖမ်းဆီးရမိနေတယ်လို့ AA က ဆိုပါတယ်။
Read More

ထိုင်းနိုင်ငံမှာ မြန်မာလုပ်သားနှစ်ဦး သေနတ်ဒဏ်ရာများနဲ့ သေဆုံး

စမွတ်စခွန်မှာ အလုပ်လုပ်နေတဲ့ မြန်မာအမျိုးသားနှစ်ဦးကို ရတ်ချဘူရီပြည်နယ်၊ စွမ်ဖန်ခရိုင်မှာ နိုဝင်ဘာလ ၁၄ ရက် ကြာသပတေးနေ့ အစောပိုင်းက သေနတ်ဒဏ်ရာတွေနဲ့ သေဆုံးလျက်တွေ့ခဲ့ရတယ်လို့ ဘန်ကောက်ပို့စ်က သတင်းဖော်ပြထားပါတယ်။