ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ လက်ဖက်ရည်ဆိုင်တစ်ဆိုင် မီးလောင်မှုဖြစ်ပွားပြီး ၃ လသားအရွယ် ကလေးငယ် မီးထဲပါသွားတယ်လို့ ဖားကန့်နယ်ခံဆီက သိရပါတယ်။

အောက်တိုဘာ ၁၆ရက် ဒီမနက် ၈နာရီလောက်က ဖားကန့်မြို့၊ မော်ဝမ်းရပ်ကွက်မှာ ဝိုင်ယာရှော့ဖြစ်ပြီး ရွှေစည်းစိမ် လက်ဖက်ရည်ဆိုင် မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ အဆိုပါ မီးလောင်မှုကြောင့် အခန်းထဲမှာ သိပ်ထားတဲ့ ၃လသားအရွယ် ကလေးငယ် သေဆုံးသွားခဲ့ရတာ ဖြစ်ပါတယ်။

“လက်ဖက်ရည်ဆိုင်ဆိုတော့ ကလေးကို သိပ်ထားပြီး ကျန်တဲ့သူတွေက အလုပ်လုပ်နေကြတဲ့ပုံစံ ပေါ်ပါတယ်။ အလုပ်လုပ်နေကြတဲ့အခါ မီးလောင်တာလည်း ချက်ချင်းမသိဘူးထင်တယ်။ မီးကြီးလာမှ သိကြပုံရတယ်။ အဲ့တော့ ကလေးကို ဝင်ဆွဲဖို့ မဖြစ်နိုင်တော့ဘူး တူပါတယ်။ အဲ့လိုအနေအထားဖြစ်မယ်၊ ကလေးက အခန်းထဲမှာ သိပ်ထားတာ” လို့ ဖားကန့်နယ်ခံတစ်ယောက်က မောင်းကို ပြောပါတယ်။

မော်ဝမ်းရပ်ကွက်ရှိ ရွှေစည်းစိမ် လက်ဖက်ရည်ဆိုင် မီးလောင်မှုဖြစ်ပွားစဥ်



မီးလောင်မှုကို ဒေသခံတွေနဲ့ မီးသတ်ကားတွေ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြတာကြောင့် တခြားအိမ်တွေဆီ မီးမကူးသွားဘဲ အဆိုပါ လက်ဖက်ရည်ဆိုင်တစ်ဆိုင်ပဲ မီးလောင်သွားခဲ့တယ်လို့ သိရပါတယ်။

“ဖားကန့်မှာတော့ မီးလောင်တာ နည်းနည်းရှားပါတယ်။ တခါတလေ ဖြစ်တတ်တာတော့ ရှိတယ်၊ ဒါပေမယ့် အခုလိုမျိုး လူသေတဲ့အထိ မီးလောင်တာက ပထမအကြိမ်လို့ ပြောရမယ်။ ကျန်တာက ဆိပ်မူကတော့ ပိုလောင်တာများတယ်။ ကျန်တဲ့နေရာတွေက မီးလောင်တာတွေ ရံဖန်ရံခါတော့ ရှိတတ်ပါတယ်” လို့ အထက်ပါ နယ်ခံက ဆက်ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၃၀ ရက်နေ့တုန်းကလည်း ဖားကန့်မြို့ ဆိုင်းတောင်၊ ဆိပ်မူ (၃) ရပ်ကွက်မှာ ခိုင်ကြည်ဇင် စက်သုံးဆီဆိုင်က ဆီသိုလှောင်ကန် မီးလောင်မှုဖြစ်ပွားခဲ့ပါသေးတယ်။

0 Shares:
You May Also Like
Read More

မြောင်လမ်းခွဲတွင် ပိုက်ဆံကောက်ရန် ထွက်လာသည့် စစ်အုပ်စုကား မိုင်းဆွဲတိုက်ခိုက်ခံရ

မကွေးတိုင်း၊ မြောင်လမ်းခွဲ အထိုင်စခန်းမှာ ပိုက်ဆံကောက်ဖို့ ထွက်လာတဲ့ စစ်အုပ်စုကားကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ T.G.R ပြည်သူ့ကာကွယ်ရေးတပ်ဆီက သိရပါတယ်။
Read More

စစ်ကိုင်းမြို့နယ် ပကဖ နှင့် ပအဖ ပူးပေါင်းပြီး ငလျင်ဒဏ်ခံစားခဲ့ရသည့် ပြည်သူများကို ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန ကွပ်ကဲမှု အောက်ရှိ စစ်ကိုင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ပကဖ အဖွဲ့က မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ - ပအဖ နဲ့ ပူးပေါင်းပြီး မိမိတို့စိုးမိုးထိန်းချုပ်နယ်မြေအတွင်း မတ်လ (၂၉) က စလို့ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်း တွေ ဆောက်ရွက်နေတယ်လို့ သိရပါတယ်။
Read More

မြိုင် နဲ့ မြင်းခြံမြို့နယ်များအတွင်းရှိ အကြမ်းဖက်စစ်တပ်ရှိရာနေရာများကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်

မကွေးတိုင်း၊ မြိုင်နဲ့ မန္တလေးတိုင်း မြင်းခြံမြို့နယ်များအတွင်း အကြမ်းဖက်စစ်တပ်ရှိရာနေရာများကို တော်လှန်ရေးအဖွဲ့တွေက ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ရာ ထိခိုက်သေဆုံးမှုတွေ ရှိခဲ့ကြောင်း သိရပါတယ်။
Read More

ထားဝယ်ခရိုင်စစ်သင်တန်းကျောင်းကနေ Dawei Defense Team က ရဲဘော် (၂) ယောက် Sniper အပတ်စဉ် (၁) စစ်သင်တန်းဆင်း… (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ဗျူဟာ ၃၄ နယ်မြေ (ထားဝယ်ခရိုင်)စစ်ပညာသင်တန်းကျောင်းကနေ ထားဝယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(Dawei Defense Team-DDT) က ရဲဘော် ၂ ယောက်ဟာ Sniper အပတ်စဉ် (၀၁/၂၀၂၄) သင်တန်းကို သင်ကြားတက်မြောက်ခဲ့ပြီး သင်တန်းဆင်းပွဲ အခမ်းအနားကို အခုလထဲမှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ Dawei Defense Team - DDT က ဒီနေ့ ထုတ်ပြန်ထားပါတယ်။
Read More

စစ်ကော်မရှင် အမျိုးသမီးစစ်မှုထမ်းသင်တန်း ကြိတ်ပေးနေတာ ၂ လကြာပြီ ဖြစ်

အမျိုးသမီးတွေပါဝင်တဲ့ စစ်မှုထမ်းအပတ်စဥ် (၁) သင်တန်းစတင်နေတာ ၂လ ကျော်ရှိနေပြီဖြစ်ပြီး သတင်းပေါက်ကြားမှုမရှိအောင် စစ်ကော်မရှင်က တင်းတင်းကြပ်ကြပ် လုပ်ဆောင်နေတယ်လို့ Myanmar Defense & Security Institute - MDSI အဖွဲ့က ထုတ်ပြန်ပြောဆိုထားပါတယ်။
Read More

ရေးမြို့၊ မော့ကနင်ကျေးရွာရှိ စစ်ကောင်စီကင်းပုန်းစခန်းကို တိုက်ခိုက်ရာ စစ်သား ၃ ဦး သေဆုံး

မွန်ပြည်နယ်၊ ရေးမြို့နယ်မြောက်ပိုင်း မော့ကနင်ကျေးရွာ၊ ကွမ်ကျိုက်တပ်စခန်းအနီးက စစ်ကောင်စီရဲ့ ကင်းပုန်းစခန်းကို တိုက်ခိုက်ရာ စစ်သား ၃ ဦး သေဆုံးခဲ့တယ်လို့ မွန်ပြည်တော်လှန်ရေးတပ် (MSRF) ထံက သိရပါတယ်။