အမျိုးသားညီညွတ်ရေးအစိုးရ NUG ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ တောင်ပိုင်းတိုင်းစစ်ဒေသ၊ တော်ဝင်ဒေါင်းတပ်ရင်းက အမျိုးသမီးစစ်သည်တချို့ရဲ့ လှုပ်ရှားမှုပုံရိပ်တွေကို အဆိုပါ စစ်ကြောင်းက ထုတ်ပြန်ဖော်ပြလာပါတယ်။

အဆိုပါ အမျိုးသမီးစစ်သည်တွေဟာ တော်ဝင်ဒေါင်းစစ်ဆင်ရေးနယ်မြေအတွင်း ပြည်သူတွေ ဘေးအန္တရာယ်ကင်းရှင်းရေးနဲ့ လုံခြုံရေးအတွက် ဂိတ်ချစစ်ဆေးမှုတွေ လုပ်ဆောင်နေတာဖြစ်ပါတယ်။ လက်ရှိမှာ တော်ဝင်ဒေါင်း အမျိုးသမီးစစ်သည်တွေအနေနဲ့ လုံခြုံရေးအတွက် လှုပ်ရှားဆောင်ရွက်မှုတွေရှိသလို ရှေ့တန်းစစ်မြေပြင်မှာလည်း ရွပ်ရွပ်ချွံချွံ တိုက်ပွဲဝင်နေကြတယ်လို့ ဆိုထားပါတယ်။

(ဓာတ်ပုံ Royal Peacock Column)

0 Shares:
You May Also Like
Read More

ရွှေဘို၊ မြင်းချင်းပျူစောထီးရွာက စစ်တပ် အထိုင်စခန်းကို ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၅ ယောက် သေပြီး ၁၀ ယောက်ကျော် ဒဏ်ရာရ…

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ မြင်းချင်းပျူစောထီးရွာရှိ အကြမ်းဖက်စစ်တပ် အထိုင်စခန်းကို ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၅ ယောက် သေဆုံးပြီး ၁၀ ယောက်ကျော် ဒဏ်ရာရခဲ့တယ်လို့ အဖြူရောင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ဒီပဲယင်း) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ကမ္ဘာမှာ မြေမြှုပ်မိုင်းကြောင့် ထိခိုက်သေဆုံးရသူ အများဆုံးအဖြစ် မြန်မာနိုင်ငံ စံချိန်တင်

၂၀၂၃ ခုနှစ်အတွင်း မြန်မာနိုင်ငံဟာ ကမ္ဘာ့နိုင်ငံတွေထဲမှာ မြေမြှုပ်မိုင်းနဲ့ စစ်လက်နက်အကြွင်းအကျန်တွေကြောင့် ထိခိုက်နစ်နာ ဆုံးရှုံးရသူအများဆုံးဖြစ်ကြောင်း အပြည်ပြည်ဆိုင်ရာ မြေမြှုပ်မိုင်း ပိတ်ပင်တားဆီးရေးလှုပ်ရှားမှုအဖွဲ့ ICBL ရဲ့ စစ်တမ်းကဆိုပါတယ်။
Read More

ရန်ကုန် PDF တပ်ရင်း ၅၁၀၂ တွင် တာဝန်ထမ်းဆောင်ခဲ့သည့် အသက် ၂၇ နှစ်အရွယ် ရဲဘော် ပူတင်း ကျဆုံး 

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ရန်ကုန်တပ်ရင်း ၅၁၀၂ မှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ ရဲဘော်ပူတင်းဟာ စက်တင်ဘာ ၃ ရက်မှာ ကျဆုံးခဲ့တယ်လို့ ရန်ကုန်တပ်ရင်း ၅၁၀၂ က မနေ့က ထုတ်ပြန်ပါတယ်။
Read More

သရက်ချောင်းမှာ အကြမ်းဖက်စစ်ကြောင်းကို ဒရုန်းနဲ့ ၃ ရက်ဆက် ဗုံးကြဲတိုက်ခိုက်

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်မှာ အကြမ်းဖက် စစ်ကောင်စီစစ်ကြောင်းကို ဒရုန်းနဲ့ ၃ ရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ထားဝယ်ခရိုင် အမှတ် ၂ တပ်ရင်းရဲ့ ဒရုန်းတပ်ဖွဲ့ T 5 Wings က ထုတ်ပြန်ထားပါတယ်။
Read More

လျှပ်စစ်မီးရဖို့ ဧရာ၀တီမြစ်ကြောင်းတစ်လျှောက် နေရာ ၁၆ ခုမှာ ရေအားလျှပ်စစ်ထုတ်မယ်လို့ စစ်ကောင်စီ ဆိုပြန်

ဧရာ၀တီမြစ်ကြောင်းတစ်လျှောက်က နေရာ ၁၆ ခုထက်မနည်းမှာ ရေအားလျှပ်စစ်ထုတ်လုပ်ဖို့ ပြင်ဆင်နေတယ်လို့ အာဏာသိမ်းစစ်ကောင်စီ ဖွဲ့စည်းထားတဲ့ လျှပ်စစ်နှင့်စွမ်းအင်ဖွံ့ဖြိုးရေး ကော်မရှင် အစည်းအဝေးမှာ စစ်ကောင်စီရဲ့ ဗိုလ်ချုပ်ကြီး တင်အောင်စန်းက ပြောကြားလိုက်ပါတယ်။
Read More

ရေဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) အပတ်စဥ် ၁ လက်ရုံးတပ် အောင်မြင်စွာ စုဖွဲ့နိုင်ခဲ့ဟု ထုတ်ပြန်

ရေဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) အနေနဲ့ အပတ်စဉ်(၁) လက်ရုံးတပ်ကို အောင်မြင်စွာ စုဖွဲ့နိုင်ခဲ့ပြီဖြစ်တယ်လို့ အဆိုပါတပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။