ပဲခူးတိုင်း၊ ပေါင်တည်မြို့နယ်၊ ရေဆည်ကြီးရွာမှာ နေထိုင်တဲ့ အုပ်ချုပ်ရေးမှူး ဝင်းမြင့်ဟာ စစ်မှုထမ်းကိစ္စတွေနဲ့ အတုအယောင် ရွေးကောက်ပွဲကိစ္စတွေမှာ အားတက်သရော ပါဝင်ကူညီနေတဲ့အတွက် အဆိုပါအုပ်ကြီးကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ ပေါင်းတည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ၃၆၀၁ တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၃ ရက၊ ည ၈ နာရီဝန်းကျင်အချိန်မှာ ဗျူဟာ ၂၁ ကွပ်ကဲမှုအောက်ရှိ (၃၆၀၁) တပ်ရင်း၊ တပ်ခွဲ (၅) ရဲဘော်တွေက အဆိုပါ အုပ်ချုပ်ရေးမှူး ဝင်းမြင့်ရဲ့ နေအိမ်ကို သွားရောက် ရှင်းလင်းခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

အုပ်ချုပ်ရေးမှူးဝင်းမြင့်ဟာ စစ်ကော်မရှင်အတွက် လူငယ်လူရွယ်တွေကို စစ်မှုထမ်းစုဆောင်းပေးတာ၊ စစ်အုပ်စုရဲ့ ဟန်ပြရွေးကောက်ပွဲကို အားတက်သရော ပါဝင်ကူညီလုပ်ဆောင်ပေးတာတွေကြောင့် အခုလို ရှင်းလင်းလိုက်ရတာ ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အခုလို ရှင်းလင်းပြီးနောက်မှာ စစ်ကော်မရှင်ဘက်က ည၁၀ နာရီအချိန်မှာ ရေဆည်ကြီးကျေးရွာကို ရောက်ရှိလာပြီး နွားခြံကုန်းရွာထဲကို ဒရုန်းနဲ့ ဗုံးသီး ၁လုံး၊ နွားခြံကုန်းရွာ ဆည်ဘောင်ပေါ်ကို ဗုံးသီး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့ကာ လက်နက်ကြီး လက်နက်ငယ် ပစ်ခတ်မှုတွေလည်း လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

ပစ်ခတ်ရှင်းလင်းခံရသည့် အုပ်ချုပ်ရေးမှူး ဝင်းမြင့်
0 Shares:
You May Also Like
Read More

ရှေ့တန်းစစ်မြေပြင်မှာ ကင်း‌စောင့်နေတဲ့ ရှမ်းပြည်တောင်ပိုင်း ဒေသခံတော်လှန်ရေးတပ်ပေါင်းစုက ရဲဘော်များ (ဓာတ်ပုံသတင်း)

ရှမ်းပြည်နယ်တောင်ပိုင်းက ရှေ့တန်းစစ်မြေပြင်တစ်ခုမှာ ကင်း‌စောင့်နေတဲ့ ရှမ်းပြည်တောင်ပိုင်း ဒေသခံတော်လှန်ရေးတပ်ပေါင်းစု - SSLRU က ရဲဘော်တွေရဲ့ မှတ်တမ်းဓာတ်ပုံတွေကို အဆိုပါတပ်ဖွဲ့က ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

ယဉ်ကျေးလိမ္မာ သင်တန်းတက်ရင်း ငလျင်ကြောင့် ပြိုကျ ပိတ်မိနေသည့် ကလေးမလေး ၂ ဦးကို အသက်ရှင်လျက် ကယ်ထုတ်နိုင်ခဲ့၊ ၁၃ ဦး သေဆုံးခဲ့ရရှာ

မန္တလေးတိုင်း၊ ရမည်းသင်းမြို့နယ်၊ ရွာတန်းတိုက်နယ်၊ ရှေးဟောင်းတိုက်ကျောင်း ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့ရာမှာ ပိတ်မိနေတဲ့ ကလေးမလေး ၂ ယောက်ကို အသက်ရှင်လျက် ကယ်ထုတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။ 
Read More

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ပခုက္ကူခရိုင် Local တပ်ရင်း (၁) ၏ အပတ်စဥ် (၂) သင်တန်းဆင်းပွဲ

မကွေးတိုင်း၊ ပခုက္ကူခရိုင်အတွင်းရှိ တော်လှန်ရေးတပ်တွေ စိုးမိုးနယ်မြေတစ်နေရာမှာ ပခုက္ကူခရိုင် Local တပ်ရင်း (၁) - PDLB ရဲ့ အပတ်စဥ် (၂) သင်တန်းဆင်းပွဲကို သြဂုတ်လ ၄ ရက်မှာ ပြုလုပ်ခဲ့တယ်လို့ Earthquake People's Defence Force က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မြဝတီမြို့တွင် အကြမ်ဖက်စစ်တပ် ပေါ်တာဆွဲ ဖမ်းဆီးမှုများ ပြန်လည် လုပ်ဆောင်လာ

ကရင်ပြည်နယ်၊ မြဝတီမြို့မှာ အကြမ်းဖက်စစ်တပ်က လူငယ်တွေကို ပေါ်တာဆွဲ ဖမ်းဆီးမှုတာတွေ ပြန်လည် လုပ်ဆောင်လာနေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
Read More

ပေါ်တာဆွဲဖို့ထွက်လာသည့် စစ်အုပ်စုကားကို RPG ဖြင့် ပစ်ခတ်တိုက်ခိုက်၊ ကားထိခိုက်ပျက်စီးပြီး သေဆုံးသူတွေလည်းရှိ

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်မှာ လူငယ်တွေကို ပေါ်တာဆွဲဖမ်းဆီးဖို့ ထွက်လာတဲ့ စစ်အုပ်စုကားကို RPG နဲ့ ပစ်ခတ်တိုက်ခိုက်ရာ ကားထိခိုက်ပျက်စီးပြီး ထိခိုက်သေဆုံးသူတွေလည်းရှိခဲ့ကြောင်း လောင်းလုံးမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ သတင်းတာဝန်ခံ ရှဲဒိုးက  မောင်းကိုပြောပါတယ်။
Read More

တအာင်းအမျိုးသား တော်လှန်ရေးနေ့မှာ PSLF/TNLA က အကျဉ်းသား (၅၅) ယောက် လွတ်ငြိမ်းချမ်းသာခွင့်ပေးပြီး (၅၄) ယောက်ကို ပြစ်ဒဏ်လျှော့ပေါ့

ဇန်နဝါရီလ ၁၂ ရက် ဒီနေ့မှာ ကျရောက်တဲ့ (၆၂)နှစ်ပြည့် တအာင်းအမျိုးသားတော်လှန်ရေးနေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ အကျဉ်းသား (၅၅) ယောက်ကို လွတ်ငြိမ်းချမ်းသာခွင့်ပေးပြီး (၅၄) ယောက်ကို ပြစ်ဒဏ်လျှော့ပေါ့ပေးခဲ့တယ်လို့ တအာင်းတပ်မတော် PSLF/TNLA က ထုတ်ပြန်ထားပါတယ်။