မကွေးတိုင်း၊ ပခုက္ကူမြို့ လေယာဥ်ကွင်းကနေ ရိက္ခာယူပြီးပြန်လာတဲ့ စစ်ကော်မရှင်တပ်သားတွေနဲ့ တော်လှန်ရေးတပ်တွေ အပြန်အလှန် ထိတွေ့ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း ဒေါင်းညီနောင် PKU တာဝန်ခံဆီက သိရပါတယ်။

ပခုက္ကူမြို့ အနောက်မြောက်ဘက်မှာရှိတဲ့ မြောက်လူးကန်ကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကော်မရှင်တပ်သားတွေဟာ အောက်တိုဘာ ၁၅ ရက် ညနေပိုင်းမှာ အင်အား ၁၅ ယောက်နဲ့ လေယာဥ်ကွင်းကနေ ရိက္ခာယူပြီး ပြန်လာချိန် လေယာဥ်ကွင်းနဲ့ မြောက်လူးကန်ရွာကြားမှာ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ မိနစ်အနည်းငယ် ပစ်ခတ်မှုဖြစ်ပွားခဲ့ပါတယ်။

ထိတွေ့တိုက်ပွဲအတွင်း ရဲ ၁ယောက်၊ စစ်သား ၃ယောက် သေဆုံးခဲ့ပြီး တော်လှန်ရေးရဲဘော် ၁ယောက်လည်း ဒဏ်ရာရခဲ့ပါတယ်။ စစ်ကော်မရှင်ဘက်က လေယာဥ်ကွင်းကနေ ပွိုင့် 5 စက်လက်နက်ကြီး၊ ၆၀ မမ၊ ၄၀ မမ တို့နဲ့ ပစ်ခကူပေးခဲ့တယ်လို့ သိရပါတယ်။

“ထိတွေ့မှုက ၃ မိနစ်ပဲကြာတယ်။ ပြီးဆုံးချိန်ကတော့ ၁ နာရီ ၄၅ မှာ ပြီးတယ်၊ ကျနော်တို့ ဝပ်နေတဲ့နေရာကို သူတို့မွေးထားတဲ့ ခြေလေးချောင်း ခွေး ၂ ကောင် ရောက်လာပြီး ဟောင်မယ်လုပ်လို့ စောပစ်လိုက်ရတာ၊ ခွေးသာ မပါရင် အကုန်သေတယ်။ ခွေးက စစ်**တွေကို ကယ်သွားတာ၊ ကျနော်တို့ဘက် ရဲဘော်တစ်ယောက် ထိခိုက်ဒဏ်ရာရသေးတယ်။ အသက်အန္တရာယ် မစိုးရိမ်ရဘူး” လို့ ဒေါင်းညီနောင် PKU တာဝန်ခံ ဦးကလားက မောင်းကို ပြောပါတယ်။

ဒါ့အပြင် စစ်ကော်မရှင်တပ်သားတွေထံက UZI ၁ လက်၊ MA1 ၁ လက်၊ ကျည်ဘောက် ၅ ခု၊ အီကွေ့မန့် ၂ထည်၊ ကျည်ကာဦးထပ် ၂ လုံးနဲ့ ဖုန်း ၂ လုံး သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။ ပစ်ခတ်မှုဖြစ်ပွားပြီးတဲ့နောက် စစ်တပ်က လေယာဥ်ကွင်းမှာ အင်အားထပ်ဖြည့်ထားတယ်လို့လည်း ဆိုပါတယ်။

“ပခုက္ကူတပ်မ ၁၀၁ ကနေ စစ်ကူအင်အား ၁၅၀၊ ကား ၃ စီးနဲ့ လေယာဥ်ကွင်းကိုပို့တယ်။ ပြီးတော့ တိုက်ပွဲဖြစ်ပွားရာနေရာကို အင်အား ၁၀၀ ကျော်နဲ့ ရှင်းလင်းရေးဝင်တယ်။ ရှင်းလင်းပြီးတော့ စစ်** တွေက မြောက်လူးကန်ရွာထဲကို ဝင်သွားတယ်” လို့ အထက်ပါ တာဝန်ခံ ဦးကလားက ဆက်ပြောပါတယ်။

အဆိုပါ စစ်ကော်မရှင်တပ်သားတွေက မြောက်လူးကန်ရွာထဲမှာ အထိုင်ချထားတာ ၂ လကျော်လောက် ရှိပြီလို့ သိရပါတယ်။ အထက်ပါ တိုက်ခိုက်မှုကိုတော့ ဒေါင်းညီနောင် PKU၊ Southern YSO တပ်ပေါင်းစု ၊ Southern YSO PDF၊ ပြည်သူ့အားမာန် YSO၊ Yesagyo Revolution GROUP (YRG)၊ King cobra PKU နဲ့ ဒေါင်းစစ်သည်တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

စစ်အာဏာရှင်လက်အောက် အနှစ်သာရ ကင်းမဲ့နေတဲ့ မြန်မာသင်္ကြန် ယူနက်စကို စာရင်းဝင်ခဲ့ပြီ

မြန်မာ့ရိုးရာအတာသင်္ကြန်ဟာ မြန်မာပြည်သူပြည်သားတွေ အားလုံးမျှော်လင့်နေတဲ့ ယူနက်စကိုရဲ့ ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှုစာရင်းဝင်အဖြစ် အသိအမှတ်ပြု စာရင်းဝင်ခဲ့ပါပြီ။
Read More

“ဖိရင်ကြွမယ် ထိရင်ချမယ်” ဆိုတဲ့ ရန်ကုန်မြို့က စစ်အာဏာရှင် ဆန့်ကျင်ရေးလှုပ်ရှားမှု (ဓာတ်ပုံသတင်း)

စစ်ကောင်စီကို နည်းမျိုးစုံနဲ့တွန်းလှန်နေမှာဖြစ်ကြောင်း တော်လှန်လူငယ်တွေက ရန်ကုန်မြို့တစ်နေရာမှာ အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုကို မနေ့က အောက်တိုဘာလ ၅ ရက်နေ့မှာ  ကျင်းပပြုလုပ်ခဲ့ကြပါတယ်။
Read More

ဂျပန်ရောက် မြန်မာတော်လှန်ရေး အင်အားစုတွေက NUG အမျိုးသမီး၊ လူငယ်နဲ့ ကလေးသူငယ်ရေးရာ ဝန်ကြီးဌာနကို ဂျပန် ယန်း ၆၇၀၀၀၀ ကျော် လှူဒါန်း

ဂျပန်နိုင်ငံရောက် မြန်မာတော်လှန်ရေး အင်အားစုတွေက အမျိုးသားညီညွတ်ရေးအစိုးရ၊ အမျိုးသမီး၊ လူငယ်နဲ့ ကလေးသူငယ်ရေးရာ ဝန်ကြီးဌာနကို ဂျပန် ယန်း ၆၇၀၀၀၀ ကျော် လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။
Read More

NUG အပေါ်ထားတဲ့ ပြည်သူလူထုရဲ့ ယုံကြည်မျှော်လင့်ချက်တွေကို ရိုက်ချိုးမပစ်ဖို့ NUG ယာယီသမ္မတ ပြောကြား

ပြည်သူတွေရဲ့ တော်လှန်ရေးအောင်မြင်စိတ်ကို ဘယ်သူကမှ ရိုက်ချိုးဖျက်ဆီးလို့ မရကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားလိုက်ပါတယ်။
Read More

ကနီမြို့နယ် သမင်ခြံကျေးရွာတွင် စစ်တပ် လေကြောင်းတိုက်ခိုက်မှုကြောင့် အမျိုးသမီး ၁ ဦး သေဆုံး

စစ်ကိုင်းတိုင်း ကနီမြို့နယ် သမင်ခြံစံပြကျေးရွာကို စစ်ကော်မရှင်တပ်က ဂျက်လေယာဥ်နဲ့ လာရောက်တိုက်ခိုက်ခဲ့တဲ့အတွက် အသက် ၆၀ ကျော်အရွယ် အမျိုးသမီးတစ်ယောက် သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

NPT PDF တပ်ရင်း ၈၀၃ မှ ရဲဘော်အရှည်ကြီး ကျဆုံးခြင်း (၂) နှစ်ပြည့် ဝမ်းနည်းလွမ်းဆွတ်သတိရခြင်း အခမ်းအနား

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ နေပြည်တော်တိုင်းစစ်ဌာန၊ နေပြည်တော် ပြည်သူ့ကာကွယ်ရေးတပ် တပ်ရင်း ၈၀၃ (NPT PDF B-803) က ရဲဘော်အရှည်ကြီး ကျဆုံးခြင်း (၂)နှစ်ပြည့် ဝမ်းနည်းလွမ်းဆွတ် သတိရခြင်း အခမ်းအနား ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ NPT PDF B-803 က ရဲဘော်အရှည်ကြီး (ခ) ငြိမ်းထက်နိုင် (ခ) သာကော ဟာ ၂၀၂၃ ခုနှစ် မတ်လ ၂၀ ရက်မှာ အကြမ်းဖက်စစ်ကောင်စီတပ်ကို တော်လှန်တိုက်ခိုက်ရင်း ကျဆုံးခဲ့တာ ဖြစ်ပါတယ်။ ရဲဘော်အရှည်ကြီး ကျဆုံးခြင်း(၂)နှစ်ပြည့် ဝမ်းနည်းလွမ်းဆွတ်သတိရခြင်း အထိမ်းအမှတ်အဖြစ် ဦးညွှတ်အလေးပြုခြင်း၊ ဂုဏ်ပြုတပ်ဖွဲ့က သေနတ်ဖောက်အလေးပြုခြင်း၊ တစ်မိနစ်ငြိမ်သက်ခြင်းတို့ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် ကဗျာရွတ်ဆိုတာ၊ ကဗျာရွတ်ဆိုပေးသူတွေကို ဆုချီးမြှင့်တာတွေ ပြုလုပ်ခဲ့ပြီး အဆိုပါအခမ်းအနားကို NPT PDF တပ်ရင်း ၈၀၃ ရဲ့ Fundraising Team ဖြစ်တဲ့ Cranes Logistic ရဲဘော်တွေက ပြုလုပ်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။