၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ မြန်မာစစ်တပ်က လုပ်မယ့် ရွေးကောက်ပွဲကို ဥရောပသမဂ္ဂ (EU) အနေနဲ့ အသိအမှတ်ပြုမှာ မဟုတ်ကြောင်း EU လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် Kajsa Ollongren က ပြောပါတယ်။

အောက်တိုဘာလ ၁၆ ရက်က မလေးရှားမှာပြုလုပ်တဲ့ အာဆီယံ-EU အရပ်ဘက်လူမှုအဖွဲ့အစည်းများ ဖိုရမ်နဲ့ လူ့အခွင့်အရေးဆိုင်ရာ အာဆီယံ-EU မူဝါဒဆွေးနွေးပွဲ အပြီးမှာ သူမက Malaysiakini သတင်းဌာနကို ပြောဆိုခဲ့တာပါ။ 

“မျှတပြီး လွတ်လပ်တဲ့ ရွေးကောက်ပွဲဖြစ်လာဖို့အတွက် လိုအပ်တဲ့ အခြေအနေတွေ တခုမှ ပြည့်မီခြင်း မရှိပါဘူး” “စစ်တပ်အာဏာ ပိုမိုခိုင်မာအားကောင်းလာစေရေးကိုသာ ဦးတည်မယ့် စစ်အုပ်စုက စီစဉ်ပြုလုပ်တဲ့ ရွေးကောက်ပွဲတွေဖြစ်ပါတယ်” လို့ သူမက ဝေဖန်ထားပြီး  “ကျမတို့(EU အနေနဲ့) အသိအမှတ်မပြုပါဘူး” လို့ ပြတ်ပြတ်သားသား ပြောကြားခဲ့ပါတယ်။ 

သူမက မြန်မာစစ်အုပ်စုအနေနဲ့ “လုပ်ရပ်တွေ ပြုပြင်ပြောင်းလဲဖို့၊ အကြမ်းဖက်မှုတွေ ရပ်တန့်ဖို့နဲ့ ပဋိပက္ခကို အမှန်တကယ် ဖြေရှင်းနိုင်ရေး စစ်မှန်တဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ဖို့” တောင်းဆိုခဲ့ပါတယ်။

“လေ့လာသူတွေ လုံးဝ မစေလွှတ်ခြင်း၊ မြန်မာနိုင်ငံအပေါ် ပိတ်ဆို့အရေးယူမှုတွေ ချမှတ်ခြင်း၊ ပဋိပက္ခများ အဆုံးသတ်ရေး တောင်းဆိုခြင်းတွေ ပြုလုပ်ပြီး သူတို့ကို အသိအမှတ်ပြု လက်ခံခြင်း မရှိဘူးဆိုတာ ပြသသွားမှာ ဖြစ်ပါတယ်” လို့ သူမက ပြောဆိုထားပါတယ်။

“အိမ်နီးချင်းနိုင်ငံတွေ၊ အာဆီယံနိုင်ငံတွေကလည်း ဒီပဋိပက္ခ ဖြေရှင်းရေးအတွက် ဆက်လက် တွန်းအားပေးသွားကြမယ်လို့ ကျမတို့အနေနဲ့ အလေးအနက် မျှော်လင့်ပါတယ်” ဆိုပြီး Ollongren က ထပ်လောင်း ပြောကြားခဲ့ပါသေးတယ်။

ဒါ့အပြင် သူမ တွေ့ဆုံခဲ့တဲ့ အာဆီယံနိုင်ငံတိုင်းဟာ မြန်မာ့အခြေအနေကြောင့် “ထိခိုက်ခံစားနေရပြီး ဒေသတခုလုံးအတွက် အလွန်အမင်း မတည်ငြိမ်မှုတွေ ဖြစ်ပေါ်စေတယ်” လို့ သူမက ပြောဆိုခဲ့ပါတယ်။ 

မူရင်းသတင်း – EU rights envoy: Bloc won’t recognise Myanmar’s December election

0 Shares:
You May Also Like
Read More

သံအမတ်ကြီး ဦးကျော်မိုးထွန်း ကုလသမဂ္ဂမှာ ဆက်ရှိစေရေး ထောက်ခံဆန္ဒပြပွဲ တောင်ကိုးရီးယားတွင် ကျင်းပပြုလုပ်

တောင်ကိုးရီးယားနိုင်ငံ၊ ဒယ်ဂူးမြို့မှာ‌ သံအမတ်ကြီး ဦးကျော်မိုးထွန်း ကုလသမဂ္ဂမှာ ဆက်ရှိစေရေးအတွက် ထောက်ခံဆန္ဒပြပွဲကို ကျင်းပပြုလုပ်ခဲ့တယ်လို့ တောင်ကိုးရီးယားနိုင်ငံ တော်လှန်ပြည်သူတွေထံက သိရပါတယ်။
Read More

ဖိလစ်ပိုင် အစိုးရ၏ မြန်မာစစ်အုပ်စုနှင့် သံတမန်ရေး ထိတွေ့မှုကို ပြည်တွင်း၊ ပြည်ပ အဖွဲ့အစည်း (၉၉) ဖွဲ့ ပြင်းထန်စွာ ရှုတ်ချ

ဖိလစ်ပိုင်နိုင်ငံခြားရေး ဝန်ကြီး Ma. Theresa Lazaro ရဲ့ နေပြည်တော် ခရီးစဉ်မှာ မြန်မာစစ်အုပ်စု ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ တွေ့ဆုံခဲ့တာကို မြန်မာနဲ့ ဖိလစ်ပိုင်နိုင်ငံတွေက အရပ်ဘက် အဖွဲ့အစည်း (၉၉) ဖွဲ့က ပြင်းထန်စွာ ရှုတ်ချ လိုက်ပါတယ်။
Read More

မြန်မာနဲ့ ရေဘေးဆိုင်ရာ ဆွေးနွေးပွဲလုပ်မယ်လို့ ထိုင်းပြော၊ မယ်ဆိုင်မြစ်ကမ်းဘေး နေထိုင်သူတွေ မြေသိမ်းခံရနိုင်

ထိုင်းနိုင်ငံ၊ ချင်းရိုင်ရဲ့ မယ်ဆိုင်ခရိုင်မှာ ရေကြီးရေလျှံမှု အခြေအနေကို ဖြေရှင်းနိုင်ရေး ကြိုးပမ်းမှု တစိတ်တပိုင်းအဖြစ် မယ်ဆိုင်မြစ်ကြောင်းတလျှောက် တရားမဝင် ကျူးကျော်အိမ်ရာတွေကို ကိုင်တွယ်ဖြေရှင်းဖို့ ထိုင်းအစိုးရက မြန်မာ(စစ်ကောင်စီ)နဲ့ ဆွေးနွေးသွားမယ်လို့ ထိုင်းဒုတိယဝန်ကြီးချုပ် Phumtham Wechayachai က ပြောဆိုထားပါတယ်။
Read More

ကျောင်းသားခေါင်းဆောင် ကိုထက်မြတ်အောင်နဲ့ နိုင်ငံရေးအကျဉ်းသားအားလုံးကို ချက်ချင်းလွှတ်ပေးဖို့ APHR တောင်းဆို

APHR ဥက္ကဋ္ဌ ဖြစ်သူ အင်ဒိုနီးရှား လွှတ်တော်အမတ် Mercy Chriesty Barends က “ကိုထက်မြတ်အောင်ကို ဖမ်းဆီးပြီး ညှင်းပန်းနှိပ်စက်တာဟာ ငြိမ်းချမ်းစွာ ဆန့်ကျင်သူတွေကို နှုတ်ပိတ်ဖို့၊ ဒီမိုကရေစီ ခေါင်းဆောင်မှု ယန္တရားကို ဖျက်ဆီးဖို့နဲ့ အကြောက်တရားကိုသုံးပြီး အာဏာတည်မြဲအောင် လုပ်ဆောင်နေတဲ့ မြန်မာစစ်တပ်ရဲ့ စနစ်တကျ ညှင်းပန်းနှိပ်စက်မှုတွေကို ထင်ဟပ်နေတာပဲဖြစ်တယ်”လို့ ပြောကြားခဲ့ပါတယ်။
Read More

မင်းအောင်လှိုင်ကို ဖိတ်ခေါ်တဲ့ ခရီးစဉ်အပေါ်  ပြန်လည်သုံးသပ်ဖို့ တရုတ်ကို NUG တောင်းဆို

ဧရာဝတီတိုင်း၊ မအူပင်မြို့နယ်၊ မလက်တိုကျေးရွာအုပ်စုမှာ ပြည်သူ့စစ်သင်တန်းပြုလုပ်ဖို့ အကြမ်းဖက်စစ်တပ်နဲ့ ရဲက စီစဥ်နေပြီး ပြည်သူ့စစ်ခေါ်ယူဖို့ အစည်းဝေးလုပ်ချိန်မှာ လူမစုံတာနဲ့အစည်းအဝေး ပျက်သွားခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

ကုလအထွေထွေညီလာခံ၏ ဆက်စပ်အစည်းအဝေး ရိုဟင်ဂျာအရေးနှင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို NUG လူ့အခွင့်အရေးဆိုင်ရာ ဒုဝန်ကြီး တက်ရောက်…

ကုလသမဂ္ဂအထွေထွေညီလာခံရဲ့ အကြိမ် ၈၀ မြောက် ဆက်စပ်အစည်းအဝေးအဖြစ် နယူးယောက် မြို့မှာ ပြုလုပ်ခဲ့တဲ့ ရိုဟင်ဂျာအရေး နဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဒုဝန်ကြီး ဦးအောင်ကျော်မိုး တက်ရောက် အမှာစကား ပြောကြားခဲ့တယ်လို့ သိရပါတယ်။