အာဏာသိမ်းစစ်တပ်ဟာ သူတို့ရဲ့ အတုအယောင်ရွေးကောက်ပွဲ နီးကပ်လာတာနဲ့အမျှ အရပ်သားပြည်သူတွေအပေါ် ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထား လေကြောင်းတိုက်ခိုက်မှုတွေ ပိုမိုလုပ်ဆောင်လာပြီး ၃လခွဲတာ ကာလအတွင်း စစ်တပ်လေကြောင်းတိုက်ခိုက်မှုကြောင့် ၂၈၈ ယောက် သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)က ဒီနေ့ ထုတ်ပြန်ပါတယ်။

ဇူလိုင်လ ၁ရက်ကနေ အောက်တိုဘာ ၁၅ ရက် ဒီနေ့အထိ အကြမ်းဖက်စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အမျိုးသား ၁၁၉ ယောက်၊ အမျိုးသမီး ၁၆၉ ယောက်၊ စုစုပေါင်း ၂၈၈ ယောက် သေဆုံးခဲ့တာကို နာမည်နဲ့တကွ အတည်ပြုနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

အထက်ပါ သေဆုံးသူထဲမှာ ပညာရေးကဏ္ဍက အယောက် ၃၀ ပါဝင်ပြီး စစ်ကိုင်းတိုင်းက ၉၁ ယောက်နဲ့ သေဆုံးမှုအများဆုံးဒေသဖြစ်ကာ ရခိုင်ပြည်နယ်က ၃၇ ယောက်နဲ့ သေဆုံးမှု ဒုတိယအများဆုံး ဖြစ်တယ်လို့ AAPP က ဖော်ပြထားပါတယ်။

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှု စတင်ချိန်ကနေ ဒီနေ့အထိ အကြမ်းဖက်စစ်အုပ်စုနဲ့ လက်ပါးစေတွေကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရတဲ့ ဒီမိုကရေစီအရေး လှုပ်ရှားသူတွေနဲ့ ပြည်သူ စုစုပေါင်း ၇၃၇၈ ယောက် ရှိခဲ့ပြီဖြစ်တယ်လို့လည်း သိရပါတယ်။

အဆိုပါ အချက်အလက်တွေဟာ AAPP အနေနဲ့ လက်လှမ်းမီသလောက် ကောက်ယူထားတာဖြစ်ပြီး တကယ့်မြေပြင်မှာဖြစ်ပွားနေတဲ့ အချက်အလက်တွေဟာ ဒီထက်ပိုမိုများပြားနိုင်တယ်လို့လည်း ဆိုပါတယ်။

အကြမ်းဖက်စစ်တပ်က အောက်တိုဘာ ၁၃ရက်နေ့ မနက်ပိုင်းကလည်း ချင်းပြည်နယ်၊ ဟားခါးမြို့နယ်၊ ဗန်ဟားကျေးရွာ မူလတန်းစာသင်ကျောင်းကို လေကြောင်းတိုက်ခိုက်ခဲ့တဲ့အတွက် Grade-3 ကျောင်းသား ဂျိုဟန်နဲ့ Grade-5 ကျောင်းသူ ဇိန်ကျဲရ်တို့ ၂ယောက် ဗုံးစထိမှန် သေဆုံးခဲ့ပါသေးတယ်။

0 Shares:
You May Also Like
Read More

ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ကျဉ်းများ အားလုံး အမြန်ဆုံးလွှတ်ပေးရေး လွှတ်တော်ကိုယ်စားပြုကော်မတီများ တောင်းဆို

ကမ္ဘာ့ငြိမ်းချမ်းရေး နိုဗယ်ဆုရှင်ဖြစ်တဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ နိုင်ငံရေးအကျဉ်းသားအားလုံးကို ခြွင်းချက်မရှိ အမြန်ဆုံးလွှတ်ပေးဖို့ တောင်းဆိုကြောင်း ပြည်နယ်နဲ့ ဖက်ဒရယ်ယူနစ်လွှတ်တော်တွေ၊ လွှတ်တော်ကိုယ်စားပြုကော်မတီတွေက ဒီနေ့မှာ ပူးတွဲသဘောထားထုတ်ပြန်လိုက်ပါတယ်။
Read More

ဂန့်ဂေါတွင် အတုအယောင်ရွေးကောက်ပွဲအတွက် မဲစာရင်းကပ်အသိပေးခြင်းနဲ့ လုံခြုံရေးတိုးမြှင့်ခြင်းများ ရှိနေသော်လည်း ပြည်သူလူထု စိတ်ဝင်စားမှုမရှိ…

"ပြီးခဲ့တဲ့ ရက်အနည်းငယ်လောက်ကစလို့ ဂန့်ဂေါမြို့ပေါ်က ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွေမှာ ရွေးကောက်ပွဲအတွက် မဲပေးနိုင်ကြသူများစာရင်းတွေ ကပ်ထားတယ်လို့သိရတယ်။ ဒါပေမယ့် ကျနော်တို့ကတော့ သွားမကြည့်ဘူး။ အယုံကြည်လည်းမရှိဘူး။ ပြည်သူ့ဆန္ဒမပါတဲ့ အတုယောင်ရွေးကောက်ပွဲ ဖြစ်နေလို့ပါ။" လို့ ဂန့်ဂေါဒေသခံတစ်ယောက်က မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

ကလလတ တပ်ရင်းအမှတ် ၉၄၂၅ (KPLA B/9425) တပ်ခွဲ (၄) တွင် ဒုစစ်ကြောင်းမှူး အဖြစ် တာဝန်ထမ်းဆောင်နေသည့် ရဲဘော် ကျဆုံးခဲ့

ကရင်နီပြည် လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး ၊ ဗျူဟာ(၂) ကလလတ တပ်ရင်းအမှတ် ၉၄၂၅ (KPLA B/9425) တပ်ခွဲ (၄) မှ ဒုစစ်ကြောင်းမှူး အဖြစ် တာဝန်ထမ်းဆောင်နေတဲ့ ရဲဘော် ၁ ယောက် ကျဆုံးခဲ့တယ်လို့ သိရပါတယ်။
Read More

ဟုမ်းလမ်းဘူတာရပ်ကွက် အုပ်ချုပ်ရေးမှူး ပစ်ခတ်ရှင်းလင်းခံရမှုမှာ လုပ်ဆောင်ခဲ့သူတွေကို ဖမ်းမိပြီ ဟု စစ်ကောင်စီ ပြော

ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်က ဟုမ်းလမ်းဘူတာအုပ်ချုပ်ရေးမှူးကို ပစ်ခတ်ရှင်းလင်းခဲ့သူတွေကို ဖမ်းဆီးရမိခဲ့ကြောင်း စစ်ကောင်စီထောက်ခံတဲ့ ဝါဒဖြန့်သတင်းတွေမှာ ဖော်ပြလာပါတယ်။
Read More

ဟားခါးမြို့ရှိ စစ်ကောင်စီလက်အောက်ခံ ရဲတစ်ဦး လက်နက်ခဲယမ်းများနှင့် အလင်းဝင်လာ

ချင်းပြည်နယ်၊ ဟားခါးမြို့မှ စစ်ကောင်စီလက်အောက်ခံ ရဲတစ်ယောက် လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာတယ်လို့ Chinland Defense Force - Hakha က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

စျေးသည်တွေကို ဖိနှိပ်ဆက်ဆံတဲ့ တာမွေစည်ပင်ရုံး လက်ပစ်ဗုံးနဲ့ပစ်ခံရ

ရန်ကုန်တိုင်း၊ တာမွေမြို့နယ်က စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံး လက်ပစ်ဗုံးပစ် တိုက်ခိုက်ခံရပြီး Non CDM ဝန်ထမ်းတွေ ထိခိုက်သွားကြောင်း သိရပါတယ်​။