မွန်ပြည်နယ်၊ ရေးမြို့နယ်အတွင်း ကျေးရွာတွေကို စစ်ကြောင်းထိုးနေတဲ့ စစ်တပ်ကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်ရာ စစ်တပ်ဘက်က ဗိုလ်ကြီး ၁ယောက် အပါအဝင် ၁၂ ယောက် သေဆုံးခဲ့တယ်လို့ မွန်ပြည်တော်လှန်ရေးတပ် (MSRF) ထံက သိရပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၀ ရက် မနက် ၇ နာရီအချိန်မှာ ရေးမြို့နယ် ကနင်က‌မော့ရွာအနီး စစ်ကြောင်းထိုးလာတဲ့ စစ်တပ်ကို တော်လှန်ရေးတပ်ဖွဲ့တွေ ပြောက်ကျားတိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်က တပ်ကြပ်ကြီး ၁ယောက်နဲ့ တပ်သား ၁ ယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

အဲဒီနောက် ညနေ ၄ နာရီအချိန်မှာလည်း အောင်သာယာရွာနဲ့ လိမ္မော်ခြံရွာ ကားလမ်းအနီးမှာ စစ်တပ်နဲ့ ထိတွေ့တိုက်ပွဲ မိနစ် ၂၀ ခန့် ထပ်မံဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်က ၁ ယောက် သေဆုံးကာ ၄ ယောက် ထိခိုက် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

နောက်တရက် အောက်တိုဘာလ ၁၁ ရက် နေ့လယ် ၁၂ နာရီမှာလည်း အောင်သပြေ ဘုန်းကြီးကျောင်းအနီးက ရန်သူစစ်တပ်ကို ဒရုန်းနဲ့ ဗုံးသီး (၂) လုံး ကြဲချတိုက်ခိုက်ခဲ့ပြီး (၄၀) မမ ဗုံးသီး (၂) လုံး ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်က တပ်သား ၁ယောက် သေဆုံးပြီး ၁ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

အလားတူ အောက်တိုဘာလ ၁၂ရက် မနက် ၁၁ နာရီဝန်းကျင်အချိန်မှာလည်း ဘေလမိုင်း‌ကျေးရွာကနေ အေးကမ္ဘာ‌ ကျေးရွာအနီးကို စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်ကြောင်းနဲ့ ထိတွေ့တိုက်ပွဲ (၃၀) မိနစ်ခန့် ဖြစ်ပွားခဲ့ပြီး တိုက်ပွဲအတွင်း စစ်တပ် ဗိုလ်ကြီး ၁ ယောက် အပါအဝင် တပ်သား ၈ယောက် သေဆုံးကာ ၅ ယောက်ထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

အခုလို တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်တို့ကြား ၃ ရက်တာဖြစ်ပွားခဲ့တဲ့ တိုက်ပွဲမှာ စစ်တပ်ဘက်က ဗိုလ်ကြီး ၁ယောက် အပါအဝင် ၁၂ ယောက် သေဆုံးခဲ့တာပဲ ဖြစ်ပါတယ်။

“စကစ ဘက်က သေဆုံးတဲ့စာရင်းကို ကျမတို့ မြေပြင် အတွင်းသတင်းအရင်းအမြစ်ကနေ အတည်ပြုခဲ့တာပါ” လို့ MSRF ရဲ့ ပြောရေးဆိုခွင့်ရှိသူ မိတလဉာဏ်က မောင်းကို ပြောပါတယ်။

အဆိုပါ တိုက်ခိုက်မှုတွေကို မွန်ပြည်တော်လှန်ရေးတပ် (MSRF)၊ ရေးပြည်သူ့ကာကွယ်ရေးတပ် (YPDF)၊ ရာမညမွန်တပ်‌တော် (RMA)၊ KNLA တပ်ရင်း(၂၇) တပ်ခွဲ (၁)၊ ဗျူဟာ (၃၃) ဒေါနချေမှုန်းရေးတပ်ခွဲနဲ့ တပင်ရွှေထီးတပ်တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ကြတယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ရခိုင်ပြည်နယ်တွင် ဩဂုတ်လအတွင်း စစ်အုပ်စုကြောင့် ပြည်သူ (၁၆) ဦး သေဆုံးခဲ့ဟု AAPP ထုတ်ပြန်

ရခိုင်ပြည်နယ်မှာ ဩဂုတ်လအတွင်း အကြမ်းဖက်စစ်အုပ်စုကြောင့် အရပ်သားပြည်သူ (၁၆) ယောက် သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဒီနေ့ ညနေပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

ကရင်နီမှာ လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ မရောက်အောင် စစ်ကောင်စီ ကန့်သတ်ထိန်းချုပ်နေ

ကရင်နီဒေသထဲကို လူသားချင်းစာနာထောက်ထားမှုအကူအညီများ မရောက်ရှိအောင် စစ်ကောင်စီက လုပ်ဆောင်နေကြောင်း  ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ IECက ဒီနေ့ အောက်တိုဘာ ၂၈ ရက်မှာ ထုတ်ပြန်ပါတယ်။
Read More

ဘူးသီးတောင်မြို့နယ်မှာ ဝါးခုတ်သွားရင်းပျောက်ဆုံးနေတဲ့ ဒေသခံ၂ ဦးကို ၄ရက်အကြာမှာပဲ အလောင်း ပြန်လည်တွေ့ရှိခဲ့…

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့၊ အမှတ် ၂ ရပ်ကွက်၊ ရွာသစ်ကနေ ပျောက်ဆုံးနေတဲ့ ဒေသခံ ၂ ယောက်ကို ၄ ရက်အကြာမှာ ပြန်တွေရှိခဲ့ပြီး ၂ ယောက်စလုံးမှာ ဦးခေါင်းဖြတ်ပြီး အသတ်ခံထားရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

ဧရာဝတီတိုင်းနဲ့ ထိစပ်နေတဲ့ ဂွမြို့တစ်ခုလုံးကို AA စတင်သိမ်းပိုက်ထိန်းချုပ်

ရခိုင်ပြည်နယ် ဂွမြို့က စစ်ကောင်စီတပ်ရဲ့ နောက်ဆုံးလက်ကျန် တပ်စခန်း နှစ်ခုကို သိမ်းပိုက်လိုက်ကာ ဂွမြို့တစ်ခုလုံးကို သိမ်းပိုက်ထိန်းချုပ်ထားနိုင်ပြီလို့ AA ရဲ့ စစ်ရေးသတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

(၇၆) နှစ်မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့အထိမ်းအမှတ်အဖြစ် Profile Frame ကမ်ပိန်းကို NUG ဝန်ကြီးတွေ ပါဝင်ဆင်နွှဲ (ဓာတ်ပုံသတင်း)

"လူ့အခွင့်အရေးထွန်းကားစေ တရားမျှတလွတ်လပ်မြေ” ခေါင်းစဉ်နဲ့ ပြုလုပ်တဲ့ (၇၆) နှစ်မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့အထိမ်းအမှတ်အဖြစ် Profile Frame ကမ်ပိန်းကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ပြည်ထောင်စုဝန်ကြီးတွေ ပါဝင်ဆင်နွှဲခဲ့တယ်လို့ NUG လူ့အခွင့်အရေးဝန်ကြီးဌာနက ဒီနေ့ ထုတ်ပြန်ထားပါတယ်။
Read More

မီးဖြတ်ခံရတာ ၁လနီးပါးရှိလာပြီဖြစ်တဲ့ ဖားကန့်မြို့…

ကချင်ပြည်နယ်၊ ဖားကန့်မြို့ကို စစ်ကောင်စီက လျှပ်စစ်မီးဖြတ်တောက်ထားတာ ၁လနီးပါးအထိ ကြာမြင့်လာတာကြောင့် နေရေးထိုင်ရေး အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။