ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF အမှတ် ၁၄ တပ်ရင်းရဲ့ အပတ်စဥ် (၆) အခြေခံစစ်သင်တန်းဆင်းပွဲနဲ့ တပ်ရင်း ၄ နှစ်ပြည့် မွေးနေ့အခမ်းအနားကို အောက်တိုဘာ ၁၂ ရက်မှာ ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ရင်းက မနေ့က ထုတ်ပြန်ပါတယ်။ 

KNDF အမှတ် ၁၄ တပ်ရင်းအနေနဲ့ ၂၀၂၁ ခုနှစ် အောက်တိုဘာ ၁၂ ရက်မှာ စတင်တည်ထောင် ဖွဲ့စည်းပြီး စစ်အာဏာသိမ်းမှု ဆန့်ကျင် တော်လှန်ရေးမှာ ပါဝင်လာတာ ၄ နှစ်တိုင်တိုင် ပြည့်ခဲ့ပြီလို့ ဆိုပါတယ်။

အဆိုပါအခမ်းအနားမှာ KNDF ရဲ့ စစ်ချီသီချင်းနဲ့ ချီတက်အလေးပြုခြင်း၊ တပ်ဦးအလံကို အလေးပြုခြင်း၊ ဖက်ဒရယ်ဒီမိုကရေစီတိုက်ပွဲအတွင်း ကျဆုံးခဲ့တဲ့ အာဇာနည်သူရဲကောင်းတွေကို အလေးပြုခြင်း၊ သစ္စာအဓိဋ္ဌာန် သီဆိုခြင်းတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် အပတ်စဥ် (၆) အခြေခံစစ်ပညာသင်တန်းက သင်တန်းသားတွေကို သင်တန်းကာလအတွင်း အမိန့်နာခံမှု အကောင်းဆုံးဆု၊ သင်တန်းသားစံပြဆုတွေ ပေးအပ်ခြင်း၊ သစ္စာရေသောက်ခြင်းတွေ ပြုလုပ်ပြီး အခမ်းအနားရုပ်သိမ်းခဲ့တယ်လို့ ဆိုပါတယ်။

KNDF အမှတ် ၁၄ တပ်ရင်းမှာ ၄ နှစ်တာကာလ တိုက်ပွဲတွေအတွင်း ကျဆုံးအာဇာနည် သူရဲကောင်း ၁၃ ယောက် ရှိခဲ့ပြီး ကိုယ်လက်အင်္ဂါ ဆုံးရှုံးခဲ့ရတဲ့ ရဲဘော် ၄ ယောက် ရှိခဲ့တယ်လို့လည်း သိရပါတယ်။

တပ်ရင်း ၄ နှစ်ပြည့် အခမ်းအနားကို ရှေ့တန်းရောက်ရဲဘော်တွေ မတက်ရောက်နိုင်တာများခဲ့ပေမယ့် ဖိတ်ကြားထားတဲ့ ဧည့်သည်တွေနဲ့ ဒေသခံပြည်သူတွေအပါအဝင် လူ ၅၀၀ ကျော် ပါဝင်တက်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။

0 Shares:
You May Also Like
Read More

AA နဲ့ ရိုဟင်ဂျာတပ်ဖွဲ့တွေကြား တိုက်ပွဲဖြစ်ပြီး AA က လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိ

အာရက္ခတပ်တော် AA နဲ့ ဘူးသီးတောင်မြို့နယ်၊ မောင်တောမြို့နယ်တို့အတွင်း ရိုဟင်ဂျာတပ်ဖွဲ့တွေဖြစ်တဲ့ ARSA နဲ့ RSO တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး AA က လက်နက်ခဲယမ်းတချို့သိမ်းဆည်းရရှိခဲ့တယ်လို့ အသိပေးထုတ်ပြန်ပါတယ်။
Read More

တနင်္သာရီမြို့မှ မြိတ်မြို့ကို ဒဏ်ရာရစစ်သားများ သယ်ဆောင်လာသော စစ်ကား ၂ စီးကို မိုင်းဆွဲပြီး လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်…

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့ကနေ မြိတ်မြို့ကို ဒဏ်ရာရစစ်သားတွေ သယ်ဆောင်လာတဲ့ စစ်ကား ၂ စီးကို မိုင်းဆွဲပြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ တနင်္သာရီမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပ.က.ဖ) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

PDF ဆိုပြီး စစ်ကောင်စီတပ်တွေက ရွှေတောင်မြို့နယ်က ဒေသခံ ပြည်သူတစ်ယောက်ကို ဖမ်းဆီး…

ပဲခူးတိုင်း၊ ရွှေတောင်မြို့နယ်၊ ယင်းမှုကုန်းအုပ်စု၊ ယင်းမှုကုန်းရွာ အောင်ချမ်းသာရပ်ကွက်မှာ နေထိုင်တဲ့ ဒေသခံပြည်သူ ၁ ယောက်ကို PDF ဆိုပြီး စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးမှူးဦးဆောင်ကာ စစ်သား ၈ ယောက်က လာရောက်ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။
Read More

စစ်ကိုင်းတိုင်းထဲက ပြည်သူ့အခြေပြုကျေင်းမှာ လေကြောင်းရန် ကာကွယ်ရေး ၊ GBV အသိပညာ‌ပေးခြင်းနဲ့ ဖဲကြိုးဖြူကမ်ပိန်းပြုလုပ်

စစ်ကိုင်းတိုင်းအတွင်းက မြို့နယ် ပြည်သူ့အခြေပြု ကျောင်းတစ်ကျောင်းမှာ လေကြောင်းရန် ကာကွယ်ရေးတွေ၊ Gender – Based Violence အသိပညာ‌ပေး ဟောပြောပွဲနဲ့ ဖဲကြိုးဖြူ ကမ်ပိန်း အခမ်းအနားကို ပြုလုပ်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ အမျိူးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာနက ဒီ‌နေ့ ထုတ်ပြန်ထားပါတယ်။
Read More

ပအိုဝ်းလက်နက်ကိုင်တပ် PNA ပြည်သူ့စစ်က အခြေခံစစ်ပညာသင်တန်းဆင်းပွဲနဲ့အတူ တပ်ဖွဲ့ရဲ့ စစ်အင်အား ပြသ (ဓာတ်ပုံသတင်း)

ပအိုဝ်းအမျိုးသားတပ်မတော် - PNA က အခြေခံစစ်ပညာသင်တန်းဆင်းပွဲအခမ်းအနားကို အင်အား နှစ်သောင်းကျော်နဲ့ ပြုလုပ်ခဲ့တယ်လို့ စက်တင်ဘာလ ၃၀ ရက် ဒီနေ့မှာ ထုတ်ပြန်ထားပါတယ်။ အဲ့ဒီအခြေခံစစ်ပညာသင်တန်းဆင်းပွဲ အခမ်းအနားကို စစ်ကော်မတီ ဒုတိယ ဥက္ကဌ ဖြားပီတာထွန်းနိုင်၊ ဒုတိယ စစ်ဦးစီးချုပ် ဦးခွန်နေဝင်းထွန်းနဲ့ ဖြားဗွာခမ်း၊ သူရိယခမ်း၊ စင်းသင်းကောင်ခယ် စတဲ့ အကြီးအကဲတွေက တက်ရောက် အမှာစကားပြောခဲ့တယ်လို့ သိရပါတယ်။
Read More

သံမဏိစက်ရုံအတွင်း နှစ်သစ်ကူး သောက်စားနေတဲ့ စစ်သားတွေ မိုင်းခွဲတိုက်ခိုက်ခံရပြီး ၂ ယောက် သေ

ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ် ရွာမရပ်ကွက်မှာရှိတဲ့ အကြမ်းဖက်စစ်တပ်လက်အောက်ခံ အမှတ် (၃) သံမဏိစက်ရုံအတွင်း မနေ့က နှစ်သစ်ကူးည မူးယစ်သောက်စားနေတဲ့ စစ်သားတွေကို မိုင်းခွဲတိုက်ခိုက်ခဲ့တယ်လို့ Yangon Army (YA) မြို့ပြပြောက်ကျားအဖွဲ့ထံက သိရပါတယ်။