ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF အမှတ် ၁၄ တပ်ရင်းရဲ့ အပတ်စဥ် (၆) အခြေခံစစ်သင်တန်းဆင်းပွဲနဲ့ တပ်ရင်း ၄ နှစ်ပြည့် မွေးနေ့အခမ်းအနားကို အောက်တိုဘာ ၁၂ ရက်မှာ ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ရင်းက မနေ့က ထုတ်ပြန်ပါတယ်။ 

KNDF အမှတ် ၁၄ တပ်ရင်းအနေနဲ့ ၂၀၂၁ ခုနှစ် အောက်တိုဘာ ၁၂ ရက်မှာ စတင်တည်ထောင် ဖွဲ့စည်းပြီး စစ်အာဏာသိမ်းမှု ဆန့်ကျင် တော်လှန်ရေးမှာ ပါဝင်လာတာ ၄ နှစ်တိုင်တိုင် ပြည့်ခဲ့ပြီလို့ ဆိုပါတယ်။

အဆိုပါအခမ်းအနားမှာ KNDF ရဲ့ စစ်ချီသီချင်းနဲ့ ချီတက်အလေးပြုခြင်း၊ တပ်ဦးအလံကို အလေးပြုခြင်း၊ ဖက်ဒရယ်ဒီမိုကရေစီတိုက်ပွဲအတွင်း ကျဆုံးခဲ့တဲ့ အာဇာနည်သူရဲကောင်းတွေကို အလေးပြုခြင်း၊ သစ္စာအဓိဋ္ဌာန် သီဆိုခြင်းတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် အပတ်စဥ် (၆) အခြေခံစစ်ပညာသင်တန်းက သင်တန်းသားတွေကို သင်တန်းကာလအတွင်း အမိန့်နာခံမှု အကောင်းဆုံးဆု၊ သင်တန်းသားစံပြဆုတွေ ပေးအပ်ခြင်း၊ သစ္စာရေသောက်ခြင်းတွေ ပြုလုပ်ပြီး အခမ်းအနားရုပ်သိမ်းခဲ့တယ်လို့ ဆိုပါတယ်။

KNDF အမှတ် ၁၄ တပ်ရင်းမှာ ၄ နှစ်တာကာလ တိုက်ပွဲတွေအတွင်း ကျဆုံးအာဇာနည် သူရဲကောင်း ၁၃ ယောက် ရှိခဲ့ပြီး ကိုယ်လက်အင်္ဂါ ဆုံးရှုံးခဲ့ရတဲ့ ရဲဘော် ၄ ယောက် ရှိခဲ့တယ်လို့လည်း သိရပါတယ်။

တပ်ရင်း ၄ နှစ်ပြည့် အခမ်းအနားကို ရှေ့တန်းရောက်ရဲဘော်တွေ မတက်ရောက်နိုင်တာများခဲ့ပေမယ့် ဖိတ်ကြားထားတဲ့ ဧည့်သည်တွေနဲ့ ဒေသခံပြည်သူတွေအပါအဝင် လူ ၅၀၀ ကျော် ပါဝင်တက်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။

0 Shares:
You May Also Like
Read More

သေနတ် ၂ လက်နဲ့ အလင်းဝင်လာတဲ့ စစ်သားကို ငွေကျပ်သိန်း ၁၀၀၊ Redmi Note 13 Pro ဖုန်းတစ်လုံး ဆုချီးမြှင့်

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်က စစ်ကောင်စီရဲ့ ခလရ (၂၅၂) မှာ အတင်းအဓမ္မ တပ်သားသစ် စုဆောင်းခံခဲ့ရတဲ့ စစ်သား ၁ ယောက်ဟာ သေနတ် ၂ လက်နဲ့အတူ အလင်းဝင်လာတယ်လို့ Burma Revolution Rangers က ထုတ်ပြန်ထားပါတယ်။
Read More

အင်းတော်မှာတိုက်ပွဲပြန်ဖြစ်ပြီး တော်လှန်ရေးတပ်တွေ ထိုးစစ်ဆင်နေ

အင်းတော်မြို့မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်း ၃ခုကို တော်လှန်ရေးအင်အားစုတွေက ထိုးစစ်ဆင်တိုက်ခိုက်နေလို့ တိုက်ပွဲတွေပြင်းထန်နေကြောင်း စစ်ရေးသတင်းအရင်းအမြစ်တွေထံက သိရပါတယ်။
Read More

ချောင်းဦးတွင် ဆေးကြောင်ပြီး ထွက်ပြေးလာသည့် စစ်သား ၁ ဦးကို ဖမ်းမိ

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်မှာ ဆေးကြောင်ပြီး ထွက်ပြေးလာတဲ့ စစ်သားတစ်ယောက်ကို ဖမ်းဆီးရမိခဲ့တယ်လို့ တပ်ပေါင်းစုစစ်ကြောင်း တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ပခုက္ကူတွင် အကြမ်းဖက်စစ်တပ် မီးရှို့မှုကြောင့် အိမ်ခြေ ၂၀၀ ကျော်ရှိသည့် ကံရပ်ကြီးကျေးရွာ မီးလောင်ပြာကျ

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်မှာ အကြမ်းဖက်စစ်တပ် အင်အားအများအပြားသုံးပြီး ဝင်ရောက်မီးရှို့ခဲ့တာကြောင့် မြို့နဲ့ ၁၀မိုင်အကွာ ကံရပ်ကြီးကျေးရွာ တစ်ရွာလုံးနီးပါး မီးလောင်ပျက်စီးသွားခဲ့ရတယ်လို့ အညာမြေအရပ်ဖက်လူမှုအဖွဲ့အစည်း-မြိုင် တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

Justice Soldier PDF တပ်ဖွဲ့မှ သင်တန်းသားသစ်များ စိစစ်ခေါ်ယူနေ

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ Justice Soldier PDF တပ်ဖွဲ့က သင်တန်းသားသစ်တွေကို စိစစ်ခေါ်ယူနေတယ်လို့ အဆိုပါတပ်ဖွဲ့က ဒီနေ့မှာ ထုတ်ပြန်ကြေညာထားပါတယ်။
Read More

မင်းလှတွင် စစ်မှုထမ်းကြေးကောက်ခံနေသည့် အုပ်ချုပ်ရေးမှူး ရှင်းလင်းခံရ

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ အလယ်ကုန်းအုပ်စုရဲ့ အုပ်ချုပ်ရေးမှူး စိုးဝင်းဟာ ရွာခံတွေကို စစ်မှုထမ်းကြေး အတင်းအဓမ္မ ကောက်ခံနေတာကြောင့် ပစ်ခတ်ရှင်းလင်းလိုက်တယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၃ က သတင်းထုတ်ပြန်ပါတယ်။